ဒုတိယဝန်ကြီး ဦးမြင့်စိုး မတ်လ၂၈ရက်နေ့က လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့မှုများအပေါ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
ဒုတိယဝန်ကြီး ဦးမြင့်စိုး မတ်လ၂၈ရက်နေ့က လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့မှုများအပေါ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Ministry of Cooperatives and Rural Development/ Naypyitaw / April 08, 2025

နေပြည်တော် ဧပြီ ၇
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူ များလိုက်ပါလျက် ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ ခေတ်အေးကျေးရွာအုပ်စု၊ ခေတ်အေးကျေးရွာနှင့် မရင်းကြီးကျေးရွာတို့မှ မတ်လ၂၈ရက်နေ့က လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ပြည်သူများအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနပိုင် ရွေ့လျားရေသန့်စင်ကားဖြင့် အထိုင်ချပြီး သောက်သုံးရေဖြန့်ဝေပေးနေမှုအား လည်းကောင်း၊ ကျေးရွာအတွင်းရှိ စာသင်ကျောင်းနှင့် လူနေအိမ်များ၏ ထိခိုက်ပျက်စီးမှုများအားလည်းကောင်း ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ဒက္ခိဏသီရိမြို့နယ်၊ ကျွန်းတက်ပဲ့အုပ်စု၊ ညောင်ကုန်း ကျေးရွာသို့ သွားရောက်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနပိုင် ရွေ့လျားရေသန့်စင် ကားဖြင့် အထိုင်ချပြီး သောက်သုံးရေဖြန့်ဝေပေးနေမှုအား ကြည့်ရှုစစ်ဆေးကာ ကျေးရွာသူကျေးရွာသားများနှင့် တွေ့ဆုံအားပေးစကား ပြောကြားခဲ့သည်။
ထိုမှတဆင့် ဒုတိယဝန်ကြီးသည် ဇမ္ဗူသီရိမြို့နယ်၊ တိုက်အမှတ် (၆၀၅) နှင့် (၂၀၁) သို့ သွား ရောက်၍ ဝန်ကြီးဌာနရှိ အင်ဂျင်နီယာများက ငလျင်ဒဏ်သင့် အဆောက်အဦးများအား ကနဦး ဆန်းစစ်ချက်အနေဖြင့် Horizontal Alignment ၊ Vertical Alignment ၊ Structural Member အချို့နှင့် Non-Structure များ၏ ကြံခိုင်မှုအခြေအနေတိုင်းတာ စစ်ဆေးဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့သည်။
ယင်းသို့ အကြိုစစ်ဆေးခြင်းလုပ်ငန်းများကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အင်ဂျင်နီယာများနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန အင်ဂျင်နီယာများက အဖွဲ့နှစ်ဖွဲ့ခွဲ၍ ဆောင် ရွက်လျက်ရှိရာ ဧပြီလ(၄)ရက်နေ့မှ ယနေ့အထိ ရုံးအမှတ်(၁၆)၊ ရုံးအမှတ်(၃၆-B)၊ ရုံးအမှတ်(၁၁-B)အပါအဝင် ရုံးဆောက်အဦ ရှစ်လုံးကိုလည်းကောင်း၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာန ဝန်ထမ်းများနေထိုင်လျက်ရှိသည့် ဝန်ထမ်းအိမ်ယာ (၆၅)လုံးအနက် (၁၄)လုံးကို လည်းကောင်း အကြိုစစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ထားပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။


မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ် (၅ /၂၀၂၅)
Posted on Apr 17, 2025ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်
Posted on Apr 17, 2025ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၃၀ / ၂၀၂၅ ၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက် (၂ဝ၂၅ ခုနှစ်၊ ဧပြီလ ၁၇ ရက်) ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်
ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်
Posted on Apr 17, 2025ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၃၂ / ၂၀၂၅ ၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက် (၂ဝ၂၅ ခုနှစ်၊ ဧပြီလ ၁၇ ရက်) ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်