ဒုတိယဝန်ကြီး ဦးမြင့်စိုး မန္တလေးတိုင်းဒေသကြီးအတွင်း ငလျင်ဒဏ်သင့်ရုံးများအား လိုက်လံကြည့်ရှုစစ်ဆေး

ဒုတိယဝန်ကြီး ဦးမြင့်စိုး မန္တလေးတိုင်းဒေသကြီးအတွင်း ငလျင်ဒဏ်သင့်ရုံးများအား လိုက်လံကြည့်ရှုစစ်ဆေး


Ministry of Information/ Naypyitaw / April 29, 2025
image_latest


နေပြည်တော် ဧပြီ ၂၈

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ မန္တလေးငလျင်ကြီး လှုပ်ခတ်မှုကြောင့် ထိခိုက်မှုရှိခဲ့သော မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့ရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးရုံးသို့ ယနေ့နံနက် ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးကာ မိမိဝန်ကြီးဌာန၏ တိုင်း၊ ခရိုင်၊ မြို့နယ်အင်ဂျင်နီယာများပါဝင်သော အကြိုစစ်ဆေးရေးလုပ်ငန်းအဖွဲ့ ဖွဲ့စည်း၍ ရုံးအဆောက်အအုံများ၏ Horizontal Alignment ၊ Vertical Alignment ၊ Structural Member အချို့နှင့် Non-Structure များ ကြံ့ခိုင်မှုအခြေအနေ တိုင်းတာစစ်ဆေးမှုများကို အမြန်ဆောင်ရွက်ပေးရန်၊ အတက်အဆင်းလှေကား နိမ့်ကျနေမှုကို စစ်ဆေးပြုပြင်ရန်၊ မျက်နှာကြက်များ ပြန်လည်တပ်ဆင်ပေးသွားရန်နှင့် ရေထွက်နည်းသွားသော ရုံးပိုင်စက်ရေတွင်းအား တွင်းဆေးတွင်းမှုတ် ပြန်လည်ပြုလုပ်ပေးရန် မှာကြားသည်။

ထို့နောက် ဦးစီးဌာနလေးခုမှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ငလျင်ဒဏ်သင့်ဒေသများမှ ပြည်သူများအတွက် နိုင်ငံတော်က ပံ့ပိုးကူညီဆောင်ရွက်ပေးမှုများ၊ ဝန်ထမ်းများအတွက် မိမိတို့ဝန်ကြီးဌာန၏ ပံ့ပိုးဆောင်ရွက်ပေးမှုများကို ရှင်းလင်းပြောကြားကာ ရုံးဖွင့်လှစ်မှု၊ ဝန်ထမ်းမိသားစုများနေထိုင်မှုတို့နှင့်စပ်လျဉ်း၍ အခက်အခဲရှိ၊ မရှိ မေးမြန်းပြီး အားပေးစကားများ ပြောကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူးရုံးသို့ သွားရောက်၍ သန့်စင်ခန်းနှင့်တွဲလျက် အုတ်နံရံပျက်စီးနေမှုကို အမြန်ပြုပြင်ဆောင်ရွက်ပေးရေး၊ အကြိုစစ်ဆေးမှုများ ပြုလုပ်ပြီးပါက လတ်တလောပြင်ဆင်ရမည့်လုပ်ငန်းများအား ဦးစားပေး ပြင်ဆင်ဆောင်ရွက်သွားရေး မှာကြားသည်။

တိုက်တွန်းမှာကြား

ထို့နောက် ဒုတိယဝန်ကြီးသည် ရမည်းသင်းမြို့နယ် သမဝါယမဦးစီးဌာနရုံးနှင့် မြို့နယ်သမဝါယမအသင်းစုရုံးသို့ သွားရောက်ကြည့်ရှုစစ်ဆေး၍ ပြိုကျသွားသော ခြံစည်းရိုး ၄၈ ပေနှင့် ထိခိုက်မှုရှိသွားသော အဆောက်အအုံနံရံများ ပြန်လည်ပြုပြင်ရေး မှာကြားပြီး ငလျင်ဒဏ်သင့်ဒေသများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေသကဲ့သို့ များမကြာမီ စိုက်ပျိုးရာသီ ရောက်လာမည်ဖြစ်၍ စိုက်ပျိုးရေးသမဝါယမအသင်းများအနေဖြင့် မိုးစပါး၊ မိုးဝါ၊ ဆီထွက်သီးနှံမိုးမြေပဲတို့ကို ပန်းတိုင်အထွက်နှုန်း ရရှိအောင် တာဝန်ရှိသူများက ကြပ်မတ် ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားသည်။

ကြည့်ရှုအားပေး

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ မိတ္ထီလာမြို့ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းသို့ သွားရောက်ပြီး ရုံးအဆောက်အအုံ၊ ဝန်ထမ်း အိမ်ရာများ၊ သင်တန်းသား သင်တန်းသူ အိပ်ဆောင်များ လိုက်လံကြည့်ရှုစစ်ဆေး၍ ဆောင်ရွက်ပေးရမည့်လုပ်ငန်းများအား ညှိနှိုင်းမှာကြားသည်။ ယင်းနောက် ဝန်ထမ်းများအား တွေ့ဆုံမှာကြားပြီး ချည်မျှင်နှင့် အထည်အလိပ်ကျွမ်းကျင်သူ တစ်နှစ်သင်တန်း၊ လက်ရက်ကန်း ခြောက်လသင်တန်း တက်ရောက် နေကြသော သင်တန်းသား သင်တန်းသူများ၏ စက်ရက်ကန်းနှင့် လက်ရက်ကန်း လက်တွေ့သင်ယူနေမှုများ၊ ပန်းပုံရိုက်ပညာ (Eco printing) သင်ယူနေမှု အခြေအနေများကို ကြည့်ရှု အားပေးသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ကျောက်ဆည်မြို့ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ယာယီခရိုင်ရုံးသို့ သွားရောက်၍ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုရှိ၊ မရှိကို ကြည့်ရှု စစ်ဆေးပြီး ဝန်ထမ်းများနှင့် တွေ့ဆုံကာ လိုအပ်သည်များ ဆောင်ရွက်ပေးသည်။ ဆက်လက်ပြီး သမဝါယမဦးစီးဌာန၏ ယာယီရုံး ဖွင့်လှစ်ထားသောနေရာသို့လည်းကောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ ယာယီရုံးတည်ဆောက်ဖွင့်လှစ်မည့်နေရာသို့လည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ရုံးသို့ သွားရောက်ပြီး ရုံးအဆောက်အအုံနှင့် ဝန်ထမ်းအိမ်ရာများ ထိခိုက်မှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။ ဆက်လက်ပြီး ဝန်ကြီးဌာနအောက် ဦးစီးဌာနလေးခုမှ ဝန်ထမ်းများနှင့် တွေ့ဆုံအားပေးစကား ပြောကြား သည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီး သည် မန္တလေးမြို့သို့ သွားရောက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဦးစီးမှူးရုံး၏ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လတ်တလောပြန်လည်ပြုပြင်ရမည့်လုပ်ငန်းများ၊ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများကို ညှိနှိုင်းမှာကြားသည်။ ယင်းနောက် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန တိုင်းဦးစီးမှူးရုံးသို့ သွားရောက်၍ ထိခိုက်ပျက်စီးမှု ရှိ၊ မရှိ ကြည့်ရှုစစ်ဆေးကာ ဦးစီးဌာနဝန်ထမ်းများနှင့် တွေ့ဆုံအားပေးစကားပြောကြားသည်။

ပေးအပ်လှူဒါန်း

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီး သည် သမဝါယမကောလိပ် (မန္တလေး) သို့ သွားရောက်ပြီး ပင်မဆောင်ထိခိုက်ပျက်စီးမှုအခြေအနေ၊ နှစ်ခန်းတွဲ ဝန်ထမ်းအိမ်ရာများ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုကို လိုက်လံကြည့်ရှုစစ်ဆေးသည်။ ယင်းနောက် သမဝါယမကောလိပ်စာကြည့်တိုက်တွင် ဆရာ ဆရာမများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံအားပေးစကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီး၏ ခရီးစဉ်လမ်းညွှန်ချက်အရ Life Straw သောက်ရေသန့် စက်နှစ်လုံးအား ကျောင်းသား ကျောင်းသူများ အသုံးပြုရန်အတွက် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၃ ရက်၊ ဧပြီ ၂၉ရက်၊ အင်္ဂါနေ့။


Posted on Apr 29, 2025

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၂ ရက်၊ ဧပြီ ၂၈ ရက်၊ တနင်္လာနေ့။


Posted on Apr 28, 2025

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁ ရက်၊ ဧပြီ ၂၇ ရက်၊ တနင်္ဂနွေနေ့။


Posted on Apr 27, 2025

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလကွယ်နေ့၊ ဧပြီ ၂၆ ရက်၊ စနေနေ့။


Posted on Apr 26, 2025

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလပြည့်ကျော် ၁၃ ရက်၊ ဧပြီ ၂၅ ရက်၊ သောကြာနေ့။


Posted on Apr 25, 2025

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလပြည့်ကျော် ၁၂ ရက်၊ ဧပြီ ၂၄ ရက်၊ ကြာသပတေးနေ့။


Posted on Apr 24, 2025
AnnouncementsExplore more >

စိတ်အခြေအနေနှင့်လူတွေ့စစ်ဆေးခြင်းဖြေဆိုရန်ကိစ္

Posted on Apr 29, 2025

စိတ်အခြေအနေနှင့်လူတွေ့စစ်ဆေးခြင်းဖြေဆိုရန်ကိစ္

စိတ်အခြေအနေနှင့်လူတွေ့စစ်ဆေးမှုခံယူမည့်သူများအမည်စာရင်းကြေညာခြင်း

Posted on Apr 29, 2025

စိတ်အခြေအနေနှင့်လူတွေ့စစ်ဆေးမှုခံယူမည့်သူများအမည်စာရင်းကြေညာခြင်း

အိတ်ဖွင့်တင်ဒါ ခေါ်ယူခြင်း

Posted on Apr 28, 2025

အိတ်ဖွင့်တင်ဒါ ခေါ်ယူခြင်း

HOT NEWS
January 4,