ဒုတိယဝန်ကြီး ဦးရဲတင့် မန္တလေးမြို့ရှိ ပြန်ကြားရေးဝန်ကြီးဌာနအောက်မှ အရာထမ်း၊ အမှုထမ်းများအားတွေ့ဆုံ

ဒုတိယဝန်ကြီး ဦးရဲတင့် မန္တလေးမြို့ရှိ ပြန်ကြားရေးဝန်ကြီးဌာနအောက်မှ အရာထမ်း၊ အမှုထမ်းများအားတွေ့ဆုံ


Ministry of Information/ Naypyitaw / June 11, 2025
image_latest


နေပြည်တော် ဇွန် ၁၀

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယမန်နေ့မွန်းလွဲပိုင်းက မန္တလေးမြို့ရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ပုံနှိပ်စက်ရုံသို့ရောက်ရှိပြီး ငလျင်ဒဏ်ကြောင့် အဆောက်အအုံထိခိုက်မှုများအား ပြင်ဆင်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ထို့နောက် မဟာအောင်မြေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးနှင့် စာကြည့်တိုက်သို့ ရောက်ရှိပြီး ငလျင်ဒဏ်ကြောင့် အုတ်နံရံပြိုကျပျက်စီးမှုနှင့် အဆောက်အအုံထိခိုက်မှုအား ကြည့်ရှုစစ်ဆေးကာ ခွင့်ပြုငွေချထားပေးပြီးဖြစ်၍ လုပ်ထုံးလုပ်နည်းနှင့်အညီ တင်ဒါခေါ်ယူအမြန်ပြုပြင်ရန် မှာကြားသည်။

ယင်းနောက် မန္တလေးတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ မန္တလေးမြို့ရှိ ပြန်ကြားရေးဝန်ကြီးဌာနအောက်မှ အရာထမ်း၊ အမှုထမ်းများအားတွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာများနှင့် ဝန်ထမ်းရေးရာ များမှာကြားကာ စားသောက်ဖွယ်ရာများနှင့် ဂုဏ်ပြုထောက်ပံ့ငွေများ ပေးအပ်သည်။

ယနေ့ နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးသည် မန္တလေးမြို့ရှိ နန်းမြို့အမှတ်(၁၈) အခြေခံပညာအထက် တန်းကျောင်း၌ ဆရာ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ အားတွေ့ဆုံ၍ ပညာကြိုးစားသင်ယူရေး၊ စာတတ်မြောက်ရုံသာမက ဘက်စုံထူးချွန်သူများ၊ ဗလငါးတန် ပြည့်ဝသူများ၊ နိုင်ငံတော်က အားထားရသည့် လူငယ်များ၊ အနာဂတ် ခေါင်းဆောင်ကောင်းများဖြစ်အောင် ပြုစုပျိုးထောင်ရေး၊ အသိပညာတိုးတက်ပြည့်ဝရေးအတွက် စာပေလေ့လာဖတ်ရှုရေး၊ အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းကဆိုသည့်အတိုင်း စည်းကမ်းကောင်းပြီး ဥပဒေကိုလေးစား လိုက်နာတတ်သည့် နိုင်ငံ့သားကောင်းများဖြစ်အောင် ကြိုးစားကြရေး၊ မူးယစ်ဆေးဝါး၊ ဆေးလိပ်၊ ကွမ်းယာ၊ အရက်စသည်တို့ကို ငယ်စဉ်ကတည်းက ရှောင်ရှားပြီး ကျန်းမာကြံ့ခိုင်အောင် ကြိုးစားရေး၊ မိဘဆရာများ၏ ကျေးဇူးကို သိရှိနားလည်ပြီး နိုင်ငံတော်အပေါ် သစ္စာစောင့်သိတတ်သည့် ယဉ်ကျေးလိမ္မာ လူတော်လူကောင်းများ ဖြစ်စေရေး ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ အမှတ်(၁၈) အခြေခံပညာအထက်တန်းကျောင်းမှ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများအား တွေ့ဆုံ အားပေးသည်။ ထို့နောက် ကျောင်း စာကြည့်တိုက်အတွက် စာအုပ်စာစောင်များ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ပေးအပ်သော အားကစားပစ္စည်းများအား ပေးအပ်လှူဒါန်းပြီး ကျောင်းစာကြည့်တိုက်နှင့် စာသင်ကြားနေမှုများကို ကြည့်ရှုအားပေးသည်။

ထို့နောက် အောင်မြေသာစံ မြို့နယ်မြို့နယ်ရုံးနှင့် စာပေဗိမာန်စာကြည့်တိုက်၊ စာအုပ်အရောင်းဆိုင်တို့ကို ကြည့်ရှုစစ်ဆေးပြီး ငလျင်ဒဏ်ကြောင့် ထိခိုက်မှုများပြုပြင်ရေးနှင့် အန္တရာယ်မဖြစ်စေရေး ဂရုစိုက်ရန်တို့ကို မှာကြား သည်။

ယင်းနောက် ပြည်ကြီးတံခွန်မြို့နယ်ရှိ မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးသို့ ရောက်ရှိပြီး ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုအား ကြည့်ရှုစစ်ဆေးကာ အမြန်ပြန်လည်ပြုပြင်နိုင်ရေးနှင့် မပြုပြင်မီကာလ အန္တရာယ်မဖြစ်အောင် လုပ်ဆောင်ရေးတို့ကိုမှာကြားပြီး ဝန်ထမ်းများအား စားသောက်ဖွယ်ရာများ လက်ဆောင်ပေးအပ်ခဲ့သည်။

သတင်းစဉ် 

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၃ ရက်၊ ဇွန် ၁၃ ရက်၊ သောကြာနေ့။


Posted on Jun 13, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၂ ရက်၊ ဇွန် ၁၂ ရက်၊ ကြာသပတေးနေ့။


Posted on Jun 11, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁ ရက်၊ ဇွန် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jun 11, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်နေ့ ၊ ဇွန် ၁၀ ရက်၊ အင်္ဂါနေ့။


Posted on Jun 10, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၄ ရက်၊ ဇွန် ၉ ရက်၊ တနင်္လာနေ့။


Posted on Jun 08, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၃ ရက်၊ ဇွန် ၈ ရက်၊ တနင်္ဂနွေနေ့။


Posted on Jun 08, 2025
AnnouncementsExplore more >

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ ခန့်ထားခြင်း

Posted on Jun 13, 2025

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ ခန့်ထားခြင်း

သတင်းထုတ်ပြန်ချက်

Posted on Jun 12, 2025

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၁၂-၆-၂၀၂၅ ရက်တွင် အိန္ဒိယသမ္မတနိုင်ငံ အမီဒါဘတ်မြို့အနီး၌ အိန္ဒိယလေကြောင်း AI-171 ပျက်ကျခဲ့မှုကြောင့် လူပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရမှုများအတွက် ဝမ်းနည်းကြောင်းသဝဏ်လွှာကို ယနေ့တွင် အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ် ရှရီ နာရန်ဒရာ မိုဒီ ထံသို့ပေးပို့သည်။

သတင်းထုတ်ပြန်ချက်

Posted on Jun 12, 2025

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၁၂-၆-၂၀၂၅ ရက်တွင် အိန္ဒိယသမ္မတနိုင်ငံ အမီဒါဘတ်မြို့အနီး၌ အိန္ဒိယလေကြောင်း AI-171 ပျက်ကျခဲ့မှုကြောင့် လူပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရမှုများအတွက် ဝမ်းနည်းကြောင်းသဝဏ်လွှာကို ယနေ့တွင် အိန္ဒိယသမ္မတနိုင်ငံ သမ္မတ ရှရီမတီ ဒရောပါဒီ မာမူ ထံသို့ ပေးပို့သည်။

HOT NEWS
January 4,