ဒုတိယဝန်ကြီး ဦးရဲတင့် ဂွေးချိုကျေးရွာ အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်း၌ ကျောင်းသား ကျောင်းသူများ ပညာသင်ကြားနေမှုများကြည့်ရှုအားပေး

ဒုတိယဝန်ကြီး ဦးရဲတင့် ဂွေးချိုကျေးရွာ အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်း၌ ကျောင်းသား ကျောင်းသူများ ပညာသင်ကြားနေမှုများကြည့်ရှုအားပေး


Ministry of Information/ Naypyitaw / December 02, 2025
image_latest


နေပြည်တော် ဒီဇင်ဘာ ၁

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယနေ့နံနက်ပိုင်းက ချောက်မြို့နယ် ဂွေးချိုကျေးရွာ အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းသို့ ရောက်ရှိပြီး ကျောင်းသား ကျောင်းသူများ ပညာသင်ကြားနေမှုများကို လိုက်လံကြည့်ရှုအားပေးသည်။

ထို့နောက် ကျောင်းခန်းမ၌ ခရိုင်ပညာရေးမှူးနှင့် တာဝန်ရှိသူများ၊ ချောက်မြို့ စက်မှုလက်မှုသိပ္ပံကျောင်းအုပ်ကြီး၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ ဆရာမများ၊ ရပ်မိရပ်ဖများ၊ ကျောင်းသား မိဘများ၊ ကျောင်းသား ကျောင်းသူများနှင့်တွေ့ဆုံ၍ လူငယ်ရေးရာကိစ္စများ ရှင်းလင်းဆွေးနွေးသည်။

ဒုတိယဝန်ကြီးက လူငယ်ဘဝ၌ ပညာကိုအဓိကသင်ယူကြရန်ဖြစ်ကြောင်း၊ အတတ်ပညာသာမက ဗဟုသုတပြည့်စုံပြီး မှန်ကန်စွာတွေးခေါ်စဉ်းစားတတ်သည့် ဗလငါးတန်နှင့် ပြည့်ဝသော လူငယ်များဖြစ်အောင် ကြိုးစားကြစေလိုကြောင်း၊ ပညာကို ဆုံးခန်းတိုင်သင်ယူနိုင်ရေးနှင့် ဖွင့်လှစ်ပေးထားသည့် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးဘာသာရပ်များကို ကျွမ်းကျင်တတ်မြောက်အောင် ကြိုးစားကြရန်လိုကြောင်း၊ ထူးချွန်စွာအောင်မြင်ကြပြီး သက်ဆိုင်ရာဘာသာရပ်အလိုက် သိပ္ပံများ၊ တက္ကသိုလ်များသို့ ကူးပြောင်းတက်လှမ်း သင်ကြားနိုင်ကြမည် ဆိုပါက ဒေသအတွက်နှင့် နိုင်ငံအတွက် အကျိုးပြုမည့် လူငယ်အတတ်ပညာရှင်များဖြစ်လာပြီး ဒေသဂုဏ်ကို မြင့်မားစေနိုင်ကြောင်း။

နိုင်ငံတော်က “နိုင်ငံတော် ဖွံ့ဖြိုးဖို့ ပညာရေးကိုအားပေး စို့” ဆိုသည့် ရည်မှန်းချက်နှင့်အညီ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာထူးချွန်ထက်မြက်သော၊ ဗလငါးတန်ပြည့်ဝသော လူငယ်များပေါ်ထွန်းလာစေရေး မိဘများနှင့် ဆရာ ဆရာမများက ဝိုင်းဝန်းပြုစုပျိုးထောင်ပေးကြစေလိုကြောင်း၊ လူငယ်များ အသိပညာဗဟုသုတပြည့်ဝရေး စာပေလေ့လာဖတ်ရှုမှုကို အားပေးကြရန်နှင့် ကျောင်းစာကြည့်တိုက် ရှင်သန်ဖွံ့ဖြိုးနေစေရန် ဆောင်ရွက်ပေးကြစေလိုကြောင်း၊ ထို့ပြင် ပြည်သူလူထု၏ လိုလားချက်နှင့်အညီ စစ်မှန်စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီစနစ်ဖော်ဆောင်နိုင်ရေး မကြာမီကျင်းပမည့် ရွေး‌ကောက်ပွဲအောင်မြင်အောင် ဝိုင်းဝန်းဆောင်ရွက်ပေးကြစေလိုကြောင်း၊ အဖျက်အမှောင့် သမားများကို ဝိုင်းဝန်းဖော်ထုတ်ပြီး ရွေး‌ကောက်ပွဲတွင် မဲပေးခွင့်ရှိသူတိုင်း မဲပေးနိုင်ရေး၊ မိမိဒေသနှင့် နိုင်ငံ့အကျိုးကို အမှန်တကယ်စွမ်းဆောင်ပေးနိုင်မည့်သူများကို ရွေးချယ်မဲပေးသင့်ကြ ကြောင်း မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးက ကျောင်းစာကြည့်တိုက်အတွက် ပြန်ကြားရေးဝန်ကြီးဌာနမှ လှူဒါန်းသည့် စာအုပ်စာစောင်များ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ လှူဒါန်းသည့် အားကစားပစ္စည်းများကို ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူသည်။

ရင်းရင်းနှီးနှီးနှုတ်ဆက်

ထို့နောက် ခရိုင်ပညာရေးမှူးက ကျေးဇူးတင်စကားပြောကြားပြီး ဒုတိယဝန်ကြီးက ဆရာ ဆရာမများ၊ ရပ်မိရပ်ဖများနှင့် ကျောင်းသားကျောင်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်၍ လိုအပ်သည်များမှာကြားသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ကျောက်ပန်းတောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသို့ရောက်ရှိပြီး စာကြည့်တိုက်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆောင်ရွက်ရန် ပြင်ဆင်ထားမှုများကို ကြည့်ရှုစစ်ဆေးကာ ဝန်ထမ်းများအား လုပ်ငန်းတာဝန်များ အရှိန်အဟုန်မပြတ်ဆောင်ရွက်ရေး၊ ရွေးကောက်ပွဲအောင်မြင်ရေးအတွက် ပေးအပ်လာသည့်တာဝန်များကို ကျေပွန်စွာထမ်းဆောင်ရေးတို့ကိုမှာကြားသည်။ 

မြို့နယ်(ပြန်/ဆက်)

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Posted on Mar 28, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။