ဒုတိယဝန်ကြီး ဦးဝင်းရှိန် လူငယ်များအလုပ်အကိုင်တိုးတက်ရရှိစေရေး ဟိုတယ်လုပ်ငန်းဆိုင်ရာ အသက်မွေးပညာသင်တန်းများ ဖွင့်လှစ်ပို့ချနေမှု ကြည့်ရှုအားပေး၍ စက်ရုံများကွင်းဆင်းစစ်ဆေး
ဒုတိယဝန်ကြီး ဦးဝင်းရှိန် လူငယ်များအလုပ်အကိုင်တိုးတက်ရရှိစေရေး ဟိုတယ်လုပ်ငန်းဆိုင်ရာ အသက်မွေးပညာသင်တန်းများ ဖွင့်လှစ်ပို့ချနေမှု ကြည့်ရှုအားပေး၍ စက်ရုံများကွင်းဆင်းစစ်ဆေး
Ministry of Information/ Naypyitaw / November 06, 2025
ရန်ကုန် နိုဝင်ဘာ ၅
အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးရှိ အလုပ်သမားရေးရာ တာဝန်ရှိသူများနှင့်အတူ ကမာရွတ်မြို့နယ်ရှိ National Management Academy တွင် ဟိုတယ်လုပ်ငန်းဆိုင်ရာ အသက်မွေးပညာသင်တန်းများ ဖွင့်လှစ်ပို့ချနေမှုများကို ကြည့်ရှုအားပေးသည်။
ဦးစွာ သင်တန်းကျောင်းတာဝန်ခံက National Management Academy မှ အသက်မွေးဝမ်းကျောင်း သင်တန်းများနှင့် ဒီပလိုမာသင်တန်းများအဖြစ် ဖွင့်လှစ်ပို့ချပေးလျက်ရှိရာ ၂၀၂၄ ခုနှစ်မတ်လမှ ၂၀၂၅ ခုနှစ် ဩဂုတ်လအထိ သင်တန်းသား ၁၅၉ ဦး မွေးထုတ်ပေးနိုင်ခဲ့ပြီး သင်တန်းပြီးဆုံးသူများအား ပြည်တွင်း/ပြည်ပရှိ ဟိုတယ်များ၊ လုပ်ငန်းရှင်များ၊ နိုင်ငံတကာတက္ကသိုလ်များနှင့် ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက အလုပ်သမားဝန်ကြီးဌာနသည် လူငယ်လူရွယ်များအလုပ်အကိုင်တိုးတက်ရရှိရေးနှင့် မြန်မာလုပ်သားထု၏ စွမ်းဆောင်ရည်မြင့်မားစေရေးအတွက် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းများဖွင့်လှစ်ပို့ချပေးခြင်း၊ ပုဂ္ဂလိကသင်တန်းကျောင်းများအား ကျွမ်းကျင်မှုသင်တန်းကျောင်းအဖြစ်အသိအမှတ်ပြုပေး၍ ကြီးကြပ်လမ်းညွှန်ခြင်း၊ ပြည်တွင်း၌ အလုပ်အကိုင်အခွင့်အလမ်းပြပွဲများကျင်းပ၍ အလုပ်အကိုင်ရရှိမှုမြှင့်တင်ဆောင်ရွက်ခြင်း၊ သင်တန်းကျောင်းအနေဖြင့် သင်တန်းဆင်းများ၏ အလုပ်အကိုင်တိုးတက်ရရှိစေရေးဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ တိုင်းပြည်နှင့်လူမျိုးအပေါ်သစ္စာရှိသော၊ စိတ်ဓာတ်ကောင်းမွန်၍ စည်းကမ်းလိုက်နာသော၊ စွမ်းဆောင်ရည်ပြည့်ဝသော ပညာတတ်လူငယ်များဖြစ်လာစေရေး အလေးထား သင်ကြားပို့ချဆောင်ရွက်ရန်မှာကြားကာ သင်တန်းဖွင့်လှစ်ပို့ချနေမှုများကို ကြည့်ရှုအားပေးသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် မင်္ဂလာဒုံမြို့နယ် ပျဉ်းမပင်စက်မှုဇုန်ရှိ EO အထည်ချုပ်စက်ရုံ၊ New Green Land အထည်ချုပ်စက်ရုံနှင့် Myanmar C.P Livestock Co., Ltd. အစာစပ်စက်ရုံတို့ကို သွားရောက်၍ စက်ရုံရှိတာဝန်ခံများ၊ အလုပ်သမားအဖွဲ့အစည်းဝင်များ၊ အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ(WCC)အဖွဲ့ဝင်များ၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာတာဝန်ခံများနှင့်တွေ့ဆုံ၍ လုပ်ငန်းခွင်အခြေအနေများရှင်းလင်းတင်ပြမှုအပေါ် ဒုတိယဝန်ကြီးက လိုအပ်သည်များမှာကြား၍ စက်ရုံအတွင်း လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၂ ရက်၊ နိုဝင်ဘာ ၆ ရက်၊ ကြာသပတေးနေ့။
Posted on Nov 06, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်၊ နိုဝင်ဘာ ၅ ရက်၊ ဗုဒ္ဓဟူးနေ့။
Posted on Nov 05, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၄ ရက် ၊ နိုဝင်ဘာ ၃ ရက်၊ တနင်္လာနေ့။
Posted on Nov 03, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၃ ရက် ၊ နိုဝင်ဘာ ၂ ရက်၊ တနင်္ဂနွေနေ့။
Posted on Nov 02, 2025
ကြော်ငြာစာအမှတ် (၂/၂၀၂၅)ပါ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်စီမံရေးရာဦးစီးဌာန၊ ဌာနစုမှူး(၂)/ တတိယအတွင်းဝန် (အမျိုးသား/အမျိုးသမီး) ရာထူး (၃၀) နေရာအတွက် စိတ်အခြေအနေနှင့်...
Posted on Nov 1, 2025ကြော်ငြာစာအမှတ် (၂/၂၀၂၅)ပါ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်စီမံရေးရာဦးစီးဌာန၊ ဌာနစုမှူး(၂)/ တတိယအတွင်းဝန် (အမျိုးသား/အမျိုးသမီး) ရာထူး (၃၀) နေရာအတွက် စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးမှုခံယူမည့်သူများသတင်းပို့ရန်အတွက် အကြောင်းကြားစာနှင့် ရေးသွင်းရမည့်ပုံစံများကြေညာခြင်း
ကြော်ငြာစာအမှတ် (၁/၂၀၂၅)ပါ လစ်လပ်ရာထူး (၆၀၉) နေရာအတွက် စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးမှုခံယူမည့်သူများသတင်းပို့ရန်အတွက် အကြောင်းကြားစာနှင့် ရေးသွင်းရမည့်ပုံစံများကြေညာခြင်း
Posted on Nov 1, 2025ကြော်ငြာစာအမှတ် (၁/၂၀၂၅)ပါ လစ်လပ်ရာထူး (၆၀၉) နေရာအတွက် စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးမှုခံယူမည့်သူများသတင်းပို့ရန်အတွက် အကြောင်းကြားစာနှင့် ရေးသွင်းရမည့်ပုံစံများကြေညာခြင်း
ကြော်ငြာစာအမှတ် (၂/၂၀၂၅)အတွက်စိတ်အခြေအနေနှင့်လူတွေ့စစ်ဆေးမှုခံယူမည့်သူများအမည်စာရင်းကြေညာခြင်း
Posted on Nov 1, 2025ကြော်ငြာစာအမှတ် (၂/၂၀၂၅)အတွက်စိတ်အခြေအနေနှင့်လူတွေ့စစ်ဆေးမှုခံယူမည့်သူများအမည်စာရင်းကြေညာခြင်း
