ဒုတိယဝန်ကြီး ဦးဝင်းရှိန် အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြု လက်မှတ်ပေးအပ်ပွဲအခမ်းအနား တက်ရောက်၍ စက်ရုံများ ကြည့်ရှုစစ်ဆေး
ဒုတိယဝန်ကြီး ဦးဝင်းရှိန် အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြု လက်မှတ်ပေးအပ်ပွဲအခမ်းအနား တက်ရောက်၍ စက်ရုံများ ကြည့်ရှုစစ်ဆေး
Ministry of Information/ Naypyitaw / March 21, 2026
ရန်ကုန် မတ် ၂၀
မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှုစံသတ်မှတ် ပြဋ္ဌာန်းရေးအဖွဲ့(NSSA) ၏ အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကင်းမြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း၌ကျင်းပရာ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီးက NSSA သည် ၂၀၁၄ ခုနှစ်မှ ၂၀၂၆ ခုနှစ် မတ်လအတွင်း အလုပ်အကိုင်အမျိုးအစား ၇၁ မျိုးအတွက် ကျွမ်းကျင်မှုစံအဆင့်အလိုက် ၁၀၄ မျိုးကို အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့ပြီး ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးဌာန ၃၀၅ ခု၊ စစ်ဆေးအကဲဖြတ်သူ ၉၂၁ ဦး၊ စစ်ဆေးရေးမှူး ၁၃၅ ဦး၊ အလုပ်အကိုင် ၄၂ မျိုးတွင် ဖြေဆိုသူ ၃၄၂၇၆ ဦး ဖြေဆိုခဲ့မှုအနက် ၃၁၇၃၃ ဦးကို ကျွမ်းကျင် လုပ်သားများအဖြစ် အသိအမှတ်ပြုနိုင်ခဲ့ပြီးဖြစ် ကြောင်း၊ ယနေ့ အခမ်းအနားတွင် ပြည်ထောင်စု နယ်မြေ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မှ အလုပ်အကိုင်ခုနစ်မျိုးအတွက် ကျွမ်းကျင်လုပ်သား ၃၀၀ ကို အမျိုးသား အဆင့်အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိ အမှတ်ပြုလက်မှတ်များ ပေးအပ်မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့် မြန်မာနိုင်ငံအင်ဂျင် နီယာအသင်းချုပ် ကိုယ်စားလှယ်များက အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်များကို ပေးအပ်ချီးမြှင့်သည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများသည် လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ် အနော်ရထာစက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံများကို သွားရောက်စစ်ဆေးပြီး အလုပ်သမားအဖွဲ့အစည်းဝင်များ၊ အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ(WCC) အဖွဲ့ဝင်များ၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ တာဝန်ခံများ၏ လုပ်ငန်းခွင်အခြေအနေရှင်းလင်းတင်ပြမှုအပေါ် ဒုတိယဝန်ကြီးက လိုအပ်သည်များမှာကြား၍ စက်ရုံအတွင်း လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
သတင်းစဉ်
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) မဟာဘွဲ့သင်တန်းသားများအတွက် လျှောက်လွှာခေါ်ယူခြင်း
Posted on Apr 3, 2026လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း
Posted on Mar 24, 2026၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
Posted on Mar 27, 2026
