ဒုတိယဝန်ကြီး ဦးသန့်စင်လွင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ (၂၇)ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ တက်ရောက်

ဒုတိယဝန်ကြီး ဦးသန့်စင်လွင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ (၂၇)ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ တက်ရောက်


Ministry of Information/ Naypyitaw / November 30, 2025
image_latest


နေပြည်တော် နိုဝင်ဘာ ၂၉

ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ နိုဝင်ဘာ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် ကျင်းပသည့် (၂၇)ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ (ဂျီအမ်အက်စ်) ဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ မြန်မာနိုင်ငံဆိုင်ရာ ဂျီအမ်အက်စ်ဝန်ကြီးဖြစ်သူ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တက်ရောက်ပါရန် ထိုင်းနိုင်ငံအမျိုးသားစီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးမှုကောင်စီမှ ဒုတိယဝန်ကြီးချုပ် Mr. Ekniti Nitithanprapas ၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုဝန်ကြီးကိုယ်စား ဒုတိယဝန်ကြီး ဦးသန့်စင်လွင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။

အမြင်ချင်းဖလှယ်

နိုဝင်ဘာ ၂၇ ရက် မွန်းလွဲပိုင်းတွင် ကျင်းပသည့် ဂျီအမ်အက်စ် စီးပွားရေးဖိုရမ် အဆင့်မြင့်မူဝါဒဆွေးနွေးပွဲ၌ ဂျီအမ်အက်စ်အစီအစဉ်၏ ဦးစားပေးကဏ္ဍအလိုက် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် စိန်ခေါ်မှုများ၊ အဟန့်အတားများကို ပူးပေါင်းဖြေရှင်းနိုင်မည့် နည်းလမ်းများ၊ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍတို့အကြား ထိရောက်စွာပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများနှင့်စပ်လျဉ်း၍ တက်ရောက်လာသည့် ဂျီအမ်အက်စ်ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အဖွဲ့ဝင်နိုင်ငံများရှိ ဂျီအမ်အက်စ်စီးပွားရေးကောင်စီအသီးသီးမှ ကိုယ်စားလှယ်များအကြား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ နိုဝင်ဘာ ၂၈ ရက် နံနက်ပိုင်းတွင် ကျင်းပသည့် ဝန်ကြီးများအဆင့် အလွတ်သဘောအစည်းအဝေး၌ မဟာမဲခေါင်ဒေသခွဲ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ်များတွင် ပုဂ္ဂလိကကဏ္ဍနှင့် ဒေသန္တရအစိုးရများ၏ပါဝင်မှု ပိုမိုအားကောင်းစေရေးကိစ္စရပ်များအပေါ် ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများအကြား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

အမှာစကားပြောကြား

(၂၇)ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲဝန်ကြီးများမျက်နှာစုံညီ အစည်းအဝေးကို “GMS ဒေသခွဲတွင် ဒေသန္တရအစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ ပေါင်းစည်းပါဝင်ခြင်းဖြင့် အားလုံးပါဝင်သည့် တိုးတက်မှု၊ ဟန်ချက်ညီသော ဖွံ့ဖြိုးမှုနှင့် သာယာဝပြောမှုရရှိစေရန် ဖော်ဆောင်ရေး ဟူသည့် ခေါင်းစဉ်ဖြင့် ကျင်းပရာ ဖွင့်ပွဲအခမ်းအနားတွင် ဂျီအမ်အက်စ်အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များနှင့် အာရှဖွံ့ဖြိုးရေးဘဏ် ဒုတိယဥက္ကဋ္ဌတို့က အမှာစကားများ ပြောကြားခဲ့ကြသည်။

ဝန်ကြီးများမျက်နှာစုံညီ အစည်းအဝေးတွင် အဆင့်မြင့်အရာရှိများအစည်းအဝေး၊ ဖွံ့ဖြိုးမှု မိတ်ဖက်များအစည်းအဝေး၊ စီးပွားရေးကောင်စီအစည်းအဝေးနှင့် ဒေသန္တရအစိုးရများ ဖိုရမ်ရလဒ်များအပေါ် တက်ရောက်လာသည့် ဂျီအမ်အက်စ်ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများက အကြံပြုဆွေးနွေးခဲ့ကြသည်။

(၂၇)ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲဝန်ကြီးများ မျက်နှာစုံညီအစည်းအဝေးကို အိမ်ရှင်နိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး မစ္စတာ သီဟဿက် ဖူးအန်းကက်တေးကောက သဘာပတိအဖြစ်ဆောင်ရွက်ပြီး အာရှဖွံ့ဖြိုးရေးဘဏ်၊ အရှေ့အာရှ၊ အရှေ့တောင်အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဒုတိယဥက္ကဋ္ဌ မစ္စတာ စခေါ့တ်မောရစ်က တွဲဖက်သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ (၂၇) ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ဝန်ကြီးများမျက်နှာစုံညီအစည်းအဝေးသို့ ကမ္ဘောဒီးယားနိုင်ငံ ဂျီအမ်အက်စ်ဝန်ကြီးက အွန်လိုင်းစနစ်ဖြင့် ပါဝင်တက်ရောက်ပြီး အခြားအဖွဲ့ဝင်နိုင်ငံများဖြစ်ကြသည့် တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ နိုင်ငံညှိနှိုင်းရေးမှူးများ၊ အဆင့်မြင့်အရာရှိများ၊ အာရှဖွံ့ဖြိုးရေးဘဏ်မှ ကိုယ်စားလှယ်များ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများနှင့် ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ်တို့ တက်ရောက်ခဲ့ကြသည်။

ဒုတိယဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၂၉ ရက် နံနက်ပိုင်းတွင် လေကြောင်းခရီးဖြင့် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိသည်။

(၂၇) ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲဝန်ကြီးများ အစည်းအဝေး၏ ဆက်စပ်အစည်းအဝေးများအဖြစ် နိုဝင်ဘာ ၂၆ ရက်တွင် အဆင့်မြင့်အရာရှိများ အစည်းအဝေးနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်များအစည်းအဝေး၊ နိုဝင်ဘာ ၂၇ ရက်၌ ဒေသန္တရအစိုးရများဖိုရမ်နှင့် ဂျီအမ်အက်စ်စီးပွားရေးဖိုရမ်သို့ ဂျီအမ်အက်စ်နိုင်ငံဆိုင်ရာ ညှိနှိုင်းရေးမှူးဖြစ်သူ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်သည်။

မဟာမဲခေါင်ဒေသခွဲ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ် (Greater Mekong Subregion – GMS Economic Cooperation Program) ကို ၁၉၉၂ ခုနှစ်မှ စတင်ခဲ့ခြင်းဖြစ်ရာ ဆယ်စုနှစ်သုံးခုကျော် အောင်မြင်စွာရပ်တည်လျက်ရှိသည့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ဖြစ်ပြီး မြန်မာနိုင်ငံမှ အဖွဲ့ဝင်အဖြစ် တက်ကြွစွာပူးပေါင်းဆောင်ရွက်လျက်ရှိရာ ဂျီအမ်အက်စ်အစီအစဉ်အရ ဝန်ကြီးအဆင့်အစည်းအဝေးများကို တစ်နှစ်လျှင်တစ်ကြိမ် အဖွဲ့ဝင်ခြောက်နိုင်ငံမှ အက္ခရာစဉ်အလိုက် အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပလျက်ရှိသည်။ မြန်မာနိုင်ငံအနေဖြင့် (၂၆) ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ဝန်ကြီးများအစည်းအဝေးကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် အိမ်ရှင်အဖြစ် နေပြည်တော်၌ လက်ခံကျင်းပခဲ့သည်။ ယခုနှစ်အစည်းအဝေးတွင် ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဂျီအမ်အက်စ်မဟာဗျူဟာ၊ ဒေသတွင်းရင်းနှီးမြှုပ်နှံမှုမူဘောင် (၂၀၂၆-၂၀၂၈) တို့ကို အတည်ပြုခဲ့ပြီး (၂၇) ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲဝန်ကြီးများ အစည်းအဝေး၏ ပူးတွဲကြေညာချက်ကို ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Posted on Mar 28, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။