ဒုတိယဝန်ကြီး ဦးသိုက်စိုး (၁၄) ကြိမ်မြောက် အာဆီယံကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာဝန်ကြီးအဆင့် အစည်းအဝေးသို့ တက်ရောက်

ဒုတိယဝန်ကြီး ဦးသိုက်စိုး (၁၄) ကြိမ်မြောက် အာဆီယံကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာဝန်ကြီးအဆင့် အစည်းအဝေးသို့ တက်ရောက်


Ministry of Information/ Naypyitaw / December 15, 2025
image_latest


နေပြည်တော် ဒီဇင်ဘာ ၁၄

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Amamtara Siam Bangkok Hotel ၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၉ ရက်မှ ၁၂ ရက်အထိ ကျင်းပလျက်ရှိသည့် (၁၄)ကြိမ်မြောက် အာဆီယံကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာဝန်ကြီးအဆင့် အစည်းအဝေးနှင့်ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ရန် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသိုက်စိုး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဒီဇင်ဘာ ၁၁ ရက် ဒေသစံချိန်တော် မွန်းလွဲ ၂ နာရီ မိနစ် ၄၀ တွင် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းဖြင့် ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ ရောက်ရှိခဲ့သည်။

ဒုတိယဝန်ကြီး ဦးသိုက်စိုး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ညပိုင်းတွင် Amamtara Siam Bangkok Hotel ၌ ကျင်းပပြုလုပ်သော (၇) ကြိမ်မြောက် အာဆီယံကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ ခေါင်းဆောင်မှု အရည်အချင်းဆုပေးပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။

အခမ်းအနားသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများ၊ INGOs၊ NGOs နှင့် Private Sector များမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးလုပ်ငန်းစဉ်များတွင် စွမ်းစွမ်းတမံအောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင် ခဲ့သော INGOs၊ NGOs နှင့် Private Sector များအား ဆုချီးမြှင့်ခဲ့ရာ မြန်မာနိုင်ငံအနေဖြင့် Organization for Building Better Society (BBS) နှင့် Pro Engineering Co.,Ltd. တို့က (၇) ကြိမ်မြောက် အာဆီယံကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ ခေါင်းဆောင်မှုအရည်အချင်းဆုကို လက်ခံရရှိကြသည်။

ဒီဇင်ဘာ ၁၂ ရက်တွင် (၁၄) ကြိမ်မြောက် အာဆီယံကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာဝန်ကြီးအဆင့် အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ရာ ဒုတိယဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့ပြီး ဒုတိယဝန်ကြီးက မိမိတို့မြန်မာနိုင်ငံအနေဖြင့် မြန်မာ့ဘက်စုံရေရှည်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနှင့် ကိုက်ညီသည့် အားလုံးပူးပေါင်းပါဝင်သော ကျေးလက်ဒေသဖွံ့ဖြိုးရေးမဟာဗျူဟာသည် ကျေးလက်လူထုအား စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းဖြင့် တီထွင်ဆန်းသစ်မှုများဆောင်ရွက်နိုင်ရန် လမ်းညွှန်ပေးကာ အားလုံးပူးပေါင်းပါဝင်သည့် ကျေးလက်ဒေသ အသွင်ကူးပြောင်းရေးအတွက် စီးပွားရေးပြောင်းလဲမှုများကို ဖြစ်ပေါ်စေကြောင်း၊ မိမိတို့ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနသည် ပြည်သူ့စွမ်းအား၊ ဒေသခံများ၏ စွမ်းဆောင်ရည်နှင့် အသိပညာ၊ တီထွင်ဆန်းသစ်မှုတို့၏ ပေါင်းစည်းမှုရလဒ်စွမ်းအားကို လက်ကိုင်ပြု၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်သွားရန် အစီအစဉ်ချမှတ်ထားပြီးဖြစ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များမှာ ဒေသခံပြည်သူများ၏ ပါဝင်ခွင့်၊ ဆုံးဖြတ်ခွင့်နှင့် ဦးဆောင်ခွင့်များကို အလေးထားဆောင်ရွက်ရန်၊ ကျေးရွာလူထုအား ၎င်းတို့ကိုယ်တိုင်အရေးပါသော အခြေခံအဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်းများကို ဖော်ထုတ်သတ်မှတ်ရန်၊ ဦးစားပေးရွေးချယ်သတ်မှတ်ရန်နှင့် စီမံခန့်ခွဲနိုင်ရန်အခွင့်အလမ်းများ ပံ့ပိုးပေးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံသည် အားလုံးပူးပေါင်းပါဝင် အားထုတ်မှုများအပေါ် မိမိတို့၏ ခိုင်မာသောကတိကဝတ်များကို ထပ်လောင်းအတည်ပြုကြောင်း၊ မည်သူတစ်ဦးတစ်ယောက်မျှ နောက်ကျကျန်ခဲ့မှုမရှိစေရေး အာဆီယံအသိုက် အဝန်း၏ ကတိကဝတ်ကို အကောင်အထည်ဖော်နိုင်ရန်အတွက် မိမိတို့အားလုံး စုပေါင်းစိတ်ဓာတ်ဖြင့် ရှေ့ဆက်ချီတက်ကြပါစို့ဟု အမှာစကားပြောကြားခဲ့သည်။

ထို့နောက် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများက အမှာစကားပြောကြားခဲ့ကြပြီး အစည်းအဝေးတက်ရောက်လာကြသည့် အဖွဲ့ဝင်နိုင်ငံအသီးသီးမှ ကိုယ်စားလှယ်များက (၂၂)ကြိမ်မြောက် အာဆီယံကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးမှတင်ပြသည့် အစီရင်ခံစာများနှင့် ဆုံးဖြတ်ချက်များအပေါ် မှတ်တမ်းတင်ခြင်း၊ အတည်ပြုခြင်းနှင့် လမ်းညွှန်မှာကြားခြင်းတို့ ဆောင်ရွက်ခဲ့ပြီး အစည်းအဝေး အောင်မြင်စွာပြီးစီးခဲ့သည်။

မွန်းလွဲပိုင်းတွင် တက်ရောက်လာကြသည့် ကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံ အယုဒ္ဓယမြို့ရှိ The Sustainable and Crafts Institute သို့ သွားရောက်ခဲ့ပြီး သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သော ပစ္စည်းများကိုအသုံးပြု၍ ရိုးရာလက်မှုပညာကို ခေတ်မီဆန်းသစ်မှုနှင့် ပေါင်းစပ်ထိန်းသိမ်းထားမှု၊ လက်မှုပညာရှင်အသိုင်းအဝန်းများ၏ စီးပွားရေးဆိုင်ရာရပ်တည်နိုင်မှုကိုမြှင့်တင်ပေးမှု၊ ယဉ်ကျေးမှုအမွေအနှစ်များ ရေရှည်တည်တံ့စေရန် ထိန်းသိမ်းထားရှိမှုတို့ကို လေ့လာကြည့်ရှုခဲ့ကြသည်။

ဒီဇင်ဘာ ၁၃ ရက် ညနေပိုင်းတွင် ဒုတိယဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် လေကြောင်းခရီးဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Posted on Mar 28, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။