ဒုတိယဝန်ကြီး ဦးသွင်အောင် ဝါကြိတ်စက်ရုံ(တောင်တွင်းကြီး)နှင့် အမှတ်(၁)အထည်စက်ရုံ(ရွှေတောင်) ကြည့်ရှုစစ်ဆေး
ဒုတိယဝန်ကြီး ဦးသွင်အောင် ဝါကြိတ်စက်ရုံ(တောင်တွင်းကြီး)နှင့် အမှတ်(၁)အထည်စက်ရုံ(ရွှေတောင်) ကြည့်ရှုစစ်ဆေး
Ministry of Information/ Naypyitaw / June 08, 2026
နေပြည်တော် ဇွန် ၇
စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသွင်အောင်သည် ယနေ့နံနက်ပိုင်းတွင် အမှတ်(၁)အထည်စက်ရုံ (ရွှေတောင်) ဧည့်ရိပ်သာခန်းမ၌ စက်ရုံမှူး၊ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး စိုက်ပျိုးမွေးမြူရေးအခြေပြု အထည်အလိပ်စက်မှုလုပ်ငန်းများ (Agro-base Textile Industries) ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးပြီး စက်ရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ယမန်နေ့ကလည်း ဒုတိယဝန်ကြီးသည် ဝါကြိတ်စက်ရုံ(တောင်တွင်းကြီး)နှင့် ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့ရှိ အမှတ်(၁)အထည်စက်ရုံ (ရွှေတောင်)တို့မှ စက်ရုံမှူးများ၊ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာခန်းမများ၌ သီးခြားစီတွေ့ဆုံပြီး စက်ရုံအလိုက် လိုက်နာဆောင်ရွက်ရန်လိုအပ်သည့် လုပ်ငန်းပိုင်းဆိုင်ရာများကို ဆွေးနွေးပြောကြားကာ စက်ရုံအတွင်း စက်များတပ်ဆင်ထားရှိမှု၊ လုပ်ငန်းများလည်ပတ်ဆောင်ရွက်နေမှု၊ စက်ရုံမှထွက်ရှိလာသည့် ရေဆိုးများကို ဗေဒါကန်များတည်ဆောက်၍ စနစ်တကျစွန့်ပစ်နေမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
ပုံနှိပ်ခြင်း လုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း (သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီ လုပ်ငန်း ခွင့်ပြုထားရှိမှု နှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၅-၂၀၂၆)
Posted on Jun 8, 2026ပုံနှိပ်ခြင်း လုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း (သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီ လုပ်ငန်း ခွင့်ပြုထားရှိမှု နှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၅-၂၀၂၆)
အဂတိလိုက်စားမှု ကင်းရှင်းစေရေး " 1111 "ကို ဖြေကြားပေးရန် ပြည်သူသို့ အသိပေးနှိုးဆော်ခြင်း
Posted on Jun 8, 2026အဂတိလိုက်စားမှု ကင်းရှင်းစေရေး " 1111 "ကို ဖြေကြားပေးရန် ပြည်သူသို့ အသိပေးနှိုးဆော်ခြင်း
ချင်းပြည်နယ် တရားလွှတ်တော် တရားသူကြီး ခန့်အပ် တာဝန်ပေးခြင်း
Posted on Jun 4, 2026ချင်းပြည်နယ် တရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန် ပေးခြင်း
