ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင် အကောက်ခွန်ဦးစီးဌာန လုပ်ငန်းခွင်သင်တန်းဖွင့်ပွဲ တက်ရောက်
ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင် အကောက်ခွန်ဦးစီးဌာန လုပ်ငန်းခွင်သင်တန်းဖွင့်ပွဲ တက်ရောက်
Ministry of Information/ Naypyitaw / May 05, 2026
ရန်ကုန် မေ ၄
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်သည် ယနေ့နံနက်ပိုင်းတွင် ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့်အတူ ဗိုလ်တထောင်မြို့နယ် မဟာဗန္ဓုလလမ်းနှင့် ၄၉ လမ်းရှိ အကောက်ခွန်ဦးစီးဌာန လေ့ကျင့်ရေးဌာနစု (သင်တန်းကျောင်း)၌ ဖွင့်လှစ်သည့် ဌာနကူးပြောင်းဝန်ထမ်းများ၊ ပြင်ပမှခေါ်ယူခဲ့သည့် အကောက်ခွန်မှူး၊ အလုပ်သင် ဒုတိယအကောက်ခွန်မှူးများ လုပ်ငန်းခွင်သင်တန်းဖွင့်ပွဲသို့ တက်ရောက်သည်။
ဦးစွာ ဒုတိယဝန်ကြီးက သင်တန်းသားများအနေဖြင့် ဝန်ထမ်း စည်းမျဉ်း စည်းကမ်း၊ ကျင့်ဝတ်များကို သိရှိလိုက်နာ ရန်လိုအပ်ကြောင်း၊ ပို့ချပေးမည့် သင်ခန်းစာများကို အလေးအနက်ထား သင်ယူလေ့လာမှတ်သားပြီး လက်တွေ့လုပ်ငန်းခွင်တွင် ထိရောက်စွာ အသုံးချနိုင်ရန်လိုကြောင်း၊ ဌာန၏လုပ်ငန်းများ အောင်မြင်စေရန် အထောက်အကူပြု တာဝန်ယူနိုင်သည့် ဝန်ထမ်းများဖြစ်အောင် ကြိုးစားရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် သင်တန်းခန်းမများ၊ သင်ရိုးညွှန်းတမ်းပြင်ဆင်ဆောင်ရွက် ထားရှိမှုများကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များမှာကြားသည်။
အကောက်ခွန်ဦးစီးဌာန လုပ်ငန်းခွင်သင်တန်းတွင် သင်တန်းသား ၆၇ ဦး တက်ရောက်၍ သင်တန်းကာလမှာ ရက်သတ္တရှစ်ပတ် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်းများခွင့်ပြုပေးမှုအခြေအနေ
Posted on May 5, 2026ပြန်ကြားရေးဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရ၏ သဘောတူညီချက်ဖြင့် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများကို အမိန့်ကြော်ငြာစာအမှတ် (၄၈/၂၀၁၄)ဖြင့် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီးနောက် လုပ်ငန်းအသိအမှတ်ပြုလက်မှတ် လျှောက်ထားလာပါက ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများနှင့်အညီစိစစ်၍ လုပ်ငန်းအသိအမှတ်ပြုလက်မှတ်များကို ခွင့်ပြုပေးလျက်ရှိပါသည်။
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ် (၅ /၂၀၂၆)
Posted on May 1, 2026၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့ တွင် ကျရောက်သည့် ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့် လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏မေတ္တာနှင့် စေတနာကို နားလည်စေရန် ရှေးရှုသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်တည်ဆောက်ရေးတွင် ပါဝင်နိုင်စေ ရန်အတွက်လည်းကောင်း၊ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ဆက်ဆံရေးကို ရှေးရှု၍လည်းကောင်း၊ နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ် (၅၀/၂၀၂၆) ပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့်အမိန့်ဖြင့် အကျဉ်းသား/ သူတို့ ကျခံရန် ကျန်ရှိသောပြစ်ဒဏ်၏ ခြောက်ပုံတစ်ပုံကို လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့ပြီး အမိန့်အမှတ် (၅၁/၂၀၂၆) ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ဖြင့် အကျဉ်းသား/သူ ၁၅၀၈ ဦးကို စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန် ကျန်ရှိသောပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့သည့်အပြင် အမိန့်အမှတ် (၅၂/ ၂၀၂၆) ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ဖြင့် နိုင်ငံခြားသား အကျဉ်းသား/သူ ၁၁ ဦးကို စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ်ပေးခဲ့ပါသည်။
Myanmar National Human Rights Commission Statement No. (5/2026)
Posted on Apr 30, 2026
