ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ သွားရောက်ကြည့်ရှုစစ်ဆေး
ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ သွားရောက်ကြည့်ရှုစစ်ဆေး
Ministry of Transport and Communications/ Naypyitaw / April 25, 2025

နေပြည်တော် ၊ ဧပြီ ၂၄
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် တာဝန်ရှိသူများနှင့်အတူ ၂၃-၄-၂၀၂၅ ရက်နေ့ ညနေပိုင်းတွင် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာပြီး ယခုကာလတွင် ပြည်တွင်းခရီးသည်များလေဆိပ်သို့ ဆိုက်ရောက်/ထွက်ခွာ အဆင်ပြေမှု ရှိစေရေးအတွက် ယာယီဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် အပြည်ပြည်ဆိုင်ရာလေကြောင်းခရီးစဉ်များ အဆင်ပြေစွာ ပျံသန်းပြေးဆွဲနိုင်ရေးအတွက် ဆောင်ရွက်ပေးနိုင်မှု အခြေအနေများကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် လေဆိပ်တာဝန်ရှိသူများက လက်ရှိကာလတွင် ပြည်တွင်းခရီးစဉ်အတွက် ယာယီအသုံးပြုလျက်ရှိသည့် ခရီးသည်များ သွားလာမှုလွယ်ကူစေရေး စီစဉ်ဆောင်ရွက်ထားမှုအခြေအနေနှင့် မကြာမီပြန်လည်ဖွင့်လှစ်မည့် ပြည်ပခရီးသည်များနှင့်ပတ်သက်၍ လေဆိပ်ဝန်ဆောင်မှုများ ဆောင်ရွက်ပေးရာတွင် ဆိုက်ရောက်ခရီးသည်များနှင့် ထွက်ခွာခရီးသည်များအတွက် လေဆိပ်ဝန်ဆောင်မှုဆောင်ရွက်ပေးမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ပြီး ဒုတိယဝန်ကြီးက လိုက်လံကြည့်ရှု၍ ခရီးသည်များ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချစွာ သွားလာနိုင်ရေးအတွက် လိုအပ်ချက်ရှိသည်များကို မှာကြားခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ငလျင်ဘေးဒဏ်ကြောင့် နေပြည်တော်အပြည်ပြည်ဆိုင်ရာ လေဆိပ်အဆောက်အဦအတွင်း ထိခိုက်ပျက်စီးမှုများနှင့် ပြန်လည်ပြုပြင်ရေး ဆောင်ရွက်မည့် အစီအစဉ်များကို တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လေဆိပ်အား သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အမြန်ဆုံးပြန်လည်ပြုပြင်နိုင်ရေး လေဆိပ်ဝန်ဆောင်မှုများ ယခင်အတိုင်း အပြည့်အဝဆောင်ရွက်ပေးနိုင်ရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန



ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၃/၂၀၂၅)
Posted on Apr 25, 2025ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၃/၂၀၂၅)
ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၂/၂၀၂၅)
Posted on Apr 25, 2025ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၂/၂၀၂၅)
ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၁/၂၀၂၅)
Posted on Apr 25, 2025ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၁/၂၀၂၅)