ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ သွားရောက်ကြည့်ရှုစစ်ဆေး
ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ သွားရောက်ကြည့်ရှုစစ်ဆေး
Ministry of Information/ Naypyitaw / April 25, 2025

နေပြည်တော် ဧပြီ ၂၄
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ညနေပိုင်းက နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိပြီး ယခုကာလတွင် ပြည်တွင်းခရီးသည်များ လေဆိပ်သို့ဆိုက်ရောက်/ထွက်ခွာ အဆင်ပြေမှုရှိစေရေး ယာယီဆောင်ရွက်ထားရှိမှုနှင့် အပြည်ပြည်ဆိုင်ရာ လေကြောင်းခရီးစဉ်များ အဆင်ပြေစွာ ပျံသန်းပြေးဆွဲနိုင်ရေးအတွက် ဆောင်ရွက်ပေးနိုင်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် လေဆိပ်တာဝန်ရှိသူများက လက်ရှိကာလတွင် ပြည်တွင်းခရီးစဉ်အတွက် ယာယီအသုံးပြုလျက်ရှိသည့် ခရီးသည်များ သွားလာမှုလွယ်ကူစေရေး စီစဉ်ဆောင်ရွက် ထားမှုအခြေအနေနှင့် မကြာမီ ပြန်လည်ဖွင့်လှစ်မည့် ပြည်ပခရီးစဉ်များနှင့်ပတ်သက်၍ ဆိုက်ရောက်ခရီးသည်များနှင့် ထွက်ခွာခရီးသည်များအတွက် လေဆိပ်ဝန်ဆောင်မှုဆောင်ရွက်ပေးမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ခရီးသည်များ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချစွာသွားလာနိုင်ရေးအတွက် လိုအပ် ချက်ရှိသည်များကို မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးအား ငလျင်ဘေးဒဏ်ကြောင့် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ် အဆောက်အအုံအတွင်း ထိခိုက်ပျက်စီးမှုများနှင့် ပြန်လည်ပြုပြင်ရေး ဆောင်ရွက်မည့်အစီအစဉ်များကို တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လေဆိပ်အားသတ်မှတ်စံချိန် စံညွှန်းများနှင့်အညီ အမြန်ဆုံး ပြန်လည်ပြုပြင်နိုင်ရေး လေဆိပ်ဝန်ဆောင်မှုများ ယခင်အတိုင်း အပြည့်အဝဆောင်ရွက်ပေးနိုင်ရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်းသိရသည်။
သတင်းစဉ်
ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၃/၂၀၂၅)
Posted on Apr 25, 2025ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၃/၂၀၂၅)
ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၂/၂၀၂၅)
Posted on Apr 25, 2025ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၂/၂၀၂၅)
ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၁/၂၀၂၅)
Posted on Apr 25, 2025ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၁/၂၀၂၅)