ဒုတိယဝန်ကြီး ဦးအေးကျော် ပဲခူးတိုင်းဒေသကြီး (အရှေ့) နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှု ကြည့်ရှုစစ်ဆေး

ဒုတိယဝန်ကြီး ဦးအေးကျော် ပဲခူးတိုင်းဒေသကြီး (အရှေ့) နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှု ကြည့်ရှုစစ်ဆေး


Ministry of Information/ Naypyitaw / July 10, 2025
image_latest


နေပြည်တော် ဇူလိုင် ၉

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် ဇူလိုင် ၇ ရက် မွန်းလွဲပိုင်းတွင် ပဲခူးတိုင်းဒေသကြီး (အရှေ့) ရှိ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပဲခူးတိုင်းဒေသကြီး (အရှေ့) တိုင်းဒေသကြီးလျှပ်စစ် အင်ဂျင်နီယာရုံးသို့ရောက်ရှိပြီး အစည်းအဝေးခန်းမ၌ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ဒုတိယဝန်ကြီးက လျှပ်စစ်ဓာတ်အားသုံးစွဲမှုပမာဏအပေါ် ဓာတ်အားခစိစစ်ကောက်ခံနိုင်ရေး၊ ဓာတ်အားခကြွေးကျန်များ စဉ်ဆက်မပြတ် ကောက်ခံနိုင်ရေး၊ မီတာများတပ်ဆင်ရာတွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ စီမံချက်ဖြင့် လျင်မြန်စွာတပ်ဆင်နိုင်ရေး ဆောင်ရွက်ပေးရေး၊ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ ထိန်းသိမ်းပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအတွက် Safety Tools Equipment များ စနစ်တကျအသုံးပြု၍ လုပ်ဆောင်ရေးမှာကြားပြီး ပဲခူးမြို့နယ်လျှပ်စစ် အင်ဂျင်နီယာရုံးတွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းနှင့် ရွှေစွမ်းအင်ကုမ္ပဏီတို့မှ ဓာတ်အားခများ စနစ်တကျကောက်ခံနိုင်ရန် လယ်ဂျာများ စာရင်းသွင်းဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ဇူလိုင် ၈ ရက် နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးသည် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပို ရေးရှင်းရုံးချုပ် အစည်းအဝေးခန်းမ၌ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ရန်ကုန်မြို့သည် စီးပွားရေးမြို့နှင့် စက်မှုဇုန်လုပ်ငန်းများများစွာရှိနေပြီး လူနေထူထပ်သည့် မြို့ဖြစ်သည့်အတွက် ဓာတ်အားဖြန့်ဖြူးပေးနေမှုများ ဆောင်ရွက်ရာတွင် ဗို့အားပြည့်ဝတည်ငြိမ်စွာဖြင့် ဖြန့်ဖြူးပေးနိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန်လိုအပ်ပါကြောင်း၊ တရားမဝင်ဓာတ်အားသုံးစွဲမှုများကို အဖွဲ့များဖြင့် ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးမှုများကို လျှပ်စစ်ပုံစံများ အထောက်အထားပြု ဆောင်ရွက်သွားရန်၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ဝန်ကြီးဌာန၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားရန် မှာကြားသည်။

ထို့နောက် ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း ရုံးချုပ်တွင် SCADA System ဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း AMI Meter များရှိ System Data များထံမှ လက်ခံရရှိသော ဓာတ်အားသုံးစွဲနေမှုများကို စနစ်တကျထိန်းချုပ်ကြပ်မတ်နေမှု၊ AMI Control Center တွင် တရားမဝင်ဓာတ်အားသုံးစွဲနေမှုများ စစ်ဆေးဖော်ထုတ်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ဗိုလ်တထောင် မြို့နယ်လျှပ်စစ်မန်နေဂျာရုံးအတွင်းရှိ ရုံးလုပ်ငန်းဆောင်ရွက်နေမှုများ၊ 11/6.6 ကေဗွီ သော်မဆင် Indoor ဓာတ်အားခွဲရုံ မှ ဓာတ်အားဖြန့်ဖြူးပေးနေမှုအခြေအနေများနှင့် ဓာတ်အားခယူနစ်များ လယ်ဂျာများရေးသွင်းမှုများကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၇ ရက်၊ ဇူလိုင် ၁၆ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jul 16, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၆ ရက်၊ ဇူလိုင် ၁၅ ရက်၊ အင်္ဂါနေ့။


Posted on Jul 14, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၅ ရက်၊ ဇူလိုင် ၁၄ ရက်၊ တနင်္လာနေ့။


Posted on Jul 13, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၄ ရက်၊ ဇူလိုင် ၁၃ ရက်၊ တနင်္ဂနွေနေ့။


Posted on Jul 13, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၃ ရက်၊ ဇူလိုင် ၁၂ ရက်၊ စနေနေ့။


Posted on Jul 12, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၂ ရက်၊ ဇူလိုင် ၁၁ ရက်၊ သောကြာနေ့။


Posted on Jul 11, 2025
AnnouncementsExplore more >

ငါးမွေးမြူရေးကန်များ ရေကြီးနစ်မြုပ်မှုမှ ကြိုတင်ကာကွယ်ရေးသတိပေးနှိုးဆော်ချက်

Posted on Jul 13, 2025

နိုင်ငံတော်စားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်ပတင်ပို့ခြင်းဖြင့် နိုင်ငံခြားဝင်ငွေရရှိရေးအတွက် နိုင်ငံအနှံ့အပြားတွင် ငါးမွေးမြူရေးကန်များဖြင့် မွေးမြူဆောင်ရွက်လျက်ရှိရာ မိုးအလွန်အကျွံရွာသွန်းခြင်းနှင့် မြစ်ရေကြီး ခြင်းများကြောင့် ငါးမွေးမြူရေးကန်များ ရေကြီးနစ်မြုပ်ခြင်းမှ ကြိုတင်ကာကွယ်ရန်နှင့် ဆုံးရှုံးမှုလျော့နည်းစေရေးအတွက် အောက်ဖော်ပြပါအချက်များကို ငါးပုစွန်မွေးမြူရေးကန်များ၌ လိုက်နာဆောင်ရွက်ကြပါရန်သတိပေးနှိုးဆော်အပ်ပါသည် -

ပြည်တွင်း/ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့် ထုခွဲရောင်းချရေးကော်မတီ

Posted on Jul 10, 2025

ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနအတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ၊  ငွေလုံးငွေရင်း အသုံးစရိတ်ဖြင့် ရုံးသုံး/လုပ်ငန်းသုံး စက်ကိရိယာပစ္စည်းများဝယ်ယူရန် ပြည်တွင်း/ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့်ထုခွဲရောင်းချရေးကော်မတီမှ (၁၀-၇-၂၀၂၅)ရက်နေ့၊ မွန်းလွဲ(၁၃:၀၀)နာရီ အချိန်တွင် စိစစ်ခဲ့သည့်ဈေးနှုန်းများအနက် အနည်းဆုံးပေးသွင်းသည့် အောက်ပါကုမ္ပဏီများမှ ယှဉ်တွဲပါ ဈေးနှုန်း၊ အရေအတွက်တို့ဖြင့် တင်ဒါအောင်မြင်ကြောင်းကို ပြန်ကြားရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေးအမှတ်စဉ် (၉/၂၀၂၅)၏ အတည်ပြုချက်အရ ကြေညာအပ်ပါသည် -