ဒုတိယဝန်ကြီး ဦးအေးကျော် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ နယူးဒေလီမြို့၌ ဆဋ္ဌမအကြိမ်မြောက် လျှပ်စစ်ကဏ္ဍပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ပူးတွဲဦးဆောင်ကော်မတီ အစည်းအဝေးတက်ရောက်
ဒုတိယဝန်ကြီး ဦးအေးကျော် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ နယူးဒေလီမြို့၌ ဆဋ္ဌမအကြိမ်မြောက် လျှပ်စစ်ကဏ္ဍပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ပူးတွဲဦးဆောင်ကော်မတီ အစည်းအဝေးတက်ရောက်
Ministry of Information/ Naypyitaw / July 15, 2025

နေပြည်တော် ဇူလိုင် ၁၄
လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယသမ္မတနိုင်ငံ နယူးဒေလီမြို့၌ ဇူလိုင်၁၀ ရက်မှ ၁၁ ရက်အထိ ကျင်းပခဲ့သည့် ဆဋ္ဌမအကြိမ်မြောက် မြန်မာ-အိန္ဒိယ လျှပ်စစ်ကဏ္ဍပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ပူးတွဲဦးဆောင်ကော်မတီအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။ ဒုတိယဝန်ကြီး ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင် ၉ ရက် မွန်းလွဲပိုင်းတွင် အိန္ဒိယသမ္မတနိုင်ငံအစိုးရ၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် အိမ်ရာနှင့် မြို့ပြရေးရာဝန်ကြီး၊ ပြည် ထောင်စုအစိုးရအဖွဲ့ဝင် H.E. Shri Manohar Lal ၏ ဖိတ်ကြားချက်အရ နှစ်နိုင်ငံလျှပ်စစ်ကဏ္ဍ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များကို တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ကိုယ်စားလှယ်အဖွဲ့သည် မြန်မာ-အိန္ဒိယ လျှပ်စစ်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သတ္တမအကြိမ်မြောက် ပူးတွဲလုပ်ငန်းအဖွဲ့အစည်းအဝေးနှင့် ဆဋ္ဌမအကြိမ်မြောက် ပူးတွဲ ဦးဆောင် ကော်မတီအစည်းအဝေး တို့သို့ တက်ရောက်ခြင်း၊ မြန်မာ-အိန္ဒိယ နယ်စပ်ဖြတ်ကျော်ဗို့အားမြင့် ဓာတ်အားလိုင်း စီမံကိန်းဆိုင်ရာ စီမံကိန်းအသေးစိတ် အစီရင်ခံစာပြုစုခြင်း သဘောတူညီချက် (Agreement for prepara-tion of Detailed Project Report- DPR) လက်မှတ်ရေးထိုး ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
ထို့ပြင် အဆိုပါခရီးစဉ်အတွင်း ဒုတိယဝန်ကြီး ဦးဆောင်သောအဖွဲ့သည် ဇူလိုင် ၁၀ ရက်တွင် နယူးဒေလီရှိ Power Grid Cooperation National Control Center ကိုလည်းကောင်း၊ ဇူလိုင် ၁၁ ရက်တွင် နွိုက်ဒါရှိ National Thermal Power Cooperation ၏ Technical Research and Training Center နှင့် Solar Hybrid Farm ကို လည်းကောင်း၊ ဇူလိုင် ၁၂ ရက်တွင် အာဂရာရှိ Power Grid Coope-ration ၏ ၈၀၀ ကေဗွီ၊ High Voltage Direct Current (HVDC) ဓာတ်အားခွဲရုံကိုလည်းကောင်း သွားရောက်လေ့လာခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
ငါးမွေးမြူရေးကန်များ ရေကြီးနစ်မြုပ်မှုမှ ကြိုတင်ကာကွယ်ရေးသတိပေးနှိုးဆော်ချက်
Posted on Jul 13, 2025နိုင်ငံတော်စားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်ပတင်ပို့ခြင်းဖြင့် နိုင်ငံခြားဝင်ငွေရရှိရေးအတွက် နိုင်ငံအနှံ့အပြားတွင် ငါးမွေးမြူရေးကန်များဖြင့် မွေးမြူဆောင်ရွက်လျက်ရှိရာ မိုးအလွန်အကျွံရွာသွန်းခြင်းနှင့် မြစ်ရေကြီး ခြင်းများကြောင့် ငါးမွေးမြူရေးကန်များ ရေကြီးနစ်မြုပ်ခြင်းမှ ကြိုတင်ကာကွယ်ရန်နှင့် ဆုံးရှုံးမှုလျော့နည်းစေရေးအတွက် အောက်ဖော်ပြပါအချက်များကို ငါးပုစွန်မွေးမြူရေးကန်များ၌ လိုက်နာဆောင်ရွက်ကြပါရန်သတိပေးနှိုးဆော်အပ်ပါသည် -
အသိပေးကြေညာခြင်း
Posted on Jul 11, 2025ပြည်တွင်း/ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့် ထုခွဲရောင်းချရေးကော်မတီ
Posted on Jul 10, 2025ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနအတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ၊ ငွေလုံးငွေရင်း အသုံးစရိတ်ဖြင့် ရုံးသုံး/လုပ်ငန်းသုံး စက်ကိရိယာပစ္စည်းများဝယ်ယူရန် ပြည်တွင်း/ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့်ထုခွဲရောင်းချရေးကော်မတီမှ (၁၀-၇-၂၀၂၅)ရက်နေ့၊ မွန်းလွဲ(၁၃:၀၀)နာရီ အချိန်တွင် စိစစ်ခဲ့သည့်ဈေးနှုန်းများအနက် အနည်းဆုံးပေးသွင်းသည့် အောက်ပါကုမ္ပဏီများမှ ယှဉ်တွဲပါ ဈေးနှုန်း၊ အရေအတွက်တို့ဖြင့် တင်ဒါအောင်မြင်ကြောင်းကို ပြန်ကြားရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေးအမှတ်စဉ် (၉/၂၀၂၅)၏ အတည်ပြုချက်အရ ကြေညာအပ်ပါသည် -