ဒုတိယဝန်ကြီး ဦးအေးကျော် မန္တလေးခရိုင်အတွင်းရှိ ၂၃၀ ကေဗွီ မြောက်ပြင်ပင်မဓာတ်အားခွဲရုံနှင့် ၁၃၂ ကေဗွီ တံခွန်တိုင်ပင်မဓာတ်အားခွဲရုံများ၏ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနေမှု ကြည့်ရှုစစ်ဆေး

ဒုတိယဝန်ကြီး ဦးအေးကျော် မန္တလေးခရိုင်အတွင်းရှိ ၂၃၀ ကေဗွီ မြောက်ပြင်ပင်မဓာတ်အားခွဲရုံနှင့် ၁၃၂ ကေဗွီ တံခွန်တိုင်ပင်မဓာတ်အားခွဲရုံများ၏ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနေမှု ကြည့်ရှုစစ်ဆေး


Ministry of Information/ Naypyitaw / August 13, 2025
image_latest


နေပြည်တော် ဩဂုတ် ၁၂

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် ဩဂုတ် ၁၀ ရက် နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး မန္တလေးခရိုင်အတွင်းရှိ ၂၃၀ ကေဗွီ မြောက်ပြင်ပင်မဓာတ်အားခွဲရုံနှင့် ၁၃၂ ကေဗွီ တံခွန်တိုင်ပင်မဓာတ်အားခွဲရုံများ၏ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ဒုတိယဝန်ကြီး ဦးအေးကျော်သည် မန္တလေးတိုင်းဒေသကြီး မန္တလေးခရိုင်အတွင်းရှိ ၂၃၀ ကေဗွီ မြောက်ပြင်ပင်မဓာတ်အားခွဲရုံသို့ ရောက်ရှိပြီး ဓာတ်အားခွဲရုံအစည်းအဝေးခန်းမတွင် တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ထရန်စဖော်မာဝန်အားများကို အမြဲစစ်ဆေး၍ မှတ်တမ်းထားရှိရန်၊ ဓာတ်အားလွှတ် ပစ္စည်းများအား ပုံမှန်စစ်ဆေးပြီး ထိန်းသိမ်းပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်သွားကြရန်၊ ဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်း ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်း များဆောင်ရွက်ရာတွင် အန္တရာယ်ကင်းရှင်းစွာဖြင့် ဆောင်ရွက်သွားနိုင်ရေး အထူးသတိပြုဆောင်ရွက်သွားကြရန်နှင့် စီမံကိန်းလက်ကျန်ပစ္စည်းများကိုလည်း စနစ်တကျထိန်းသိမ်းထားရှိရန်မှာကြားကာ ဓာတ်အားခွဲရုံ Protecion Room နှင့် Switch Yard အတွင်း ဓာတ်အားထိန်းချုပ်ပို့လွှတ်ဖြန့်ဖြူးနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ၁၃၂ ကေဗွီ တံခွန်တိုင်ပင်မဓာတ်အားခွဲရုံသို့ရောက်ရှိကာ ဓာတ်အားထိန်းချုပ်ခန်းနှင့် ဓာတ်အားခွဲရုံ Switch Yard အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး Regional Control Center သို့ ရောက်ရှိရာ တာဝန်ရှိသူများက မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုများအပေါ် ပြန်လည်ပြင်ဆင်ပြီးစီးနေမှုအခြေအနေများကို လိုက်လံရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေး အလေးထားဆောင်ရွက်သွားကြရန် မှာကြားသည်။

မွန်းလွဲပိုင်းတွင် ကျောက်ဆည်ခရိုင် လျှပ်စစ်မန်နေဂျာရုံးသို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ဒုတိယဝန်ကြီးက မီတာဖတ်ရှုမှုများ မှန်မှန်ကန်ကန်ဖတ်ရှုမှတ်တမ်းတင်သွားနိုင်ရေး တာဝန်ရှိသူများက အထူးအလေးအနက်ထားဆောင်ရွက်သွားကြရန်၊ မီတာများအား Analog စနစ်မှ AMI စနစ်သို့ ပြောင်းလဲတပ်ဆင်ရာတွင် အမှားအယွင်းများ မဖြစ်ပေါ်စေရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားကြရန်၊ မီတာဖတ်ရှုမှု၊ မီတာတပ်ဆင်မှုနှင့် မီတာစစ်ဆေး မှုများတွင် Cross Check ၊ Spot Check ၊ Counter Check များဖြင့် အမြဲမပြတ် စစ်ဆေးစောင့်ကြည့်ပြီး မီတာအသစ်တပ်ဆင်ခြင်း စီမံချက်များဖြင့် စနစ်တကျ မြန်မြန်ဆန်ဆန် တပ်ဆင်ဆောင်ရွက်သွားနိုင်ရေးတို့ကို မှာကြားပြီး ဝန်ထမ်းများ၏  တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၆ ရက် ၊ သြဂုတ် ၁၄ ရက်၊ ကြာသပတေးနေ့။


Posted on Aug 14, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၅ ရက် ၊ သြဂုတ် ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Aug 13, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၄ ရက် ၊ သြဂုတ် ၁၂ ရက်၊ အင်္ဂါနေ့။


Posted on Aug 12, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၃ ရက် ၊ သြဂုတ် ၁၁ ရက်၊ တနင်္လာနေ့။


Posted on Aug 10, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၂ ရက် ၊ သြဂုတ် ၁၀ ရက်၊ တနင်္ဂနွေနေ့။


Posted on Aug 10, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁ ရက် ၊ သြဂုတ် ၉ ရက်၊ စနေနေ့။


Posted on Aug 09, 2025
AnnouncementsExplore more >

မြန်မာနိုင်ငံပြန်တမ်း

Posted on Aug 13, 2025

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည် နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန်းထွေးကို သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ဝတ္တရားများကို စတင်ဆောင်ရွက်သည့်နေ့မှစ၍ ပြောင်းရွှေ့ခန့်ထားလိုက်သည်။

နေပြည်တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု) မှအသိပေးကြေညာခြင်း

Posted on Aug 12, 2025

နေပြည်တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု) မှအသိပေးကြေညာခြင်း

သတင်းထုတ်ပြန်ချက်

Posted on Aug 9, 2025

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ယာယီသမ္မတ ဦးမြင့်ဆွေသည် ၇-၈-၂၀၂၅ ရက်နေ့တွင် ကွယ်လွန်ခဲ့သည့်အတွက် ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်ကို ရန်ကုန်မြို့၊ စကားဝါလမ်းရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ၈-၈-၂၀၂၅ ရက်နေ့မှစတင်၍ ဖွင့်လှစ်ထားရာ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးများနှင့် သံရုံးအကြီးအကဲများက ဝမ်းနည်းကြောင်း လာရောက်လက်မှတ်ရေးထိုးခဲ့ကြသည်။