ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း မြိတ်မြို့၌ တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့် တွေ့ဆုံခြင်း

ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း မြိတ်မြို့၌ တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့် တွေ့ဆုံခြင်း


Ministry of Transport and Communications/ Naypyitaw / September 22, 2025
image_latest


နေပြည်တော်၊ စက်တင်ဘာ ၂၀

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၌ တာဝန်ထမ်းဆောင်နေသော ဝန်ကြီးဌာနအောက်ရှိ ဌာန/ အဖွဲ့အစည်းများမှ ဝန်ထမ်းများကို ၁၉.၉.၂၀၂၅ ရက်နေ့နံနက်ပိုင်းတွင် မြိတ်လေဆိပ်ခန်းမ၌ တွေ့ဆုံခဲ့သည်။

တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက ဝန်ထမ်းများနှင့် ရင်းနှီးစွာမိတ်ဆက်စကား ပြောကြားခဲ့ပြီး နိုင်ငံတော်တည်ဆောက်ရာတွင် တိုင်းပြည်သာယာဝပြောရေးသည် အဓိကကျပြီး ဝန်ထမ်းများသည်လည်း အဓိကအခန်းကဏ္ဍတစ်ရပ်တွင်ပါဝင်ကြောင်း ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည် ဖြစ်သည့်အတွက် နိုင်ငံဝန်ထမ်းကျင့်ဝတ်တွင်ပါရှိသော သစ္စာအဓိဌာန်(၆)ချက်၊ တာဝန်(၃)ရပ်၊ ကျင့်ဝတ်(၃၀)ပါး တို့နှင့်အညီ နိုင်ငံ့ဝန်ထမ်းပီသစွာဖြင့် ပါတီနိုင်ငံရေးနှင့် ကင်းရှင်းစွာနေထိုင်ရေး၊ မိမိကြောင့် နိုင်ငံပိုင်ပစ္စည်းဥစ္စာ၊ ဘဏ္ဍာငွေ ပျက်စီးဆုံးရုံးခြင်းနှင့် အလွဲသုံးစားပြုခြင်းတို့မဖြစ်စေရန် အလေးထားဆောင်ရွက်ရေး၊ အလုပ်ခွင်တွင် မူးယစ်ဆေးသုံးစွဲခြင်း၊ အရက်သောက်ခြင်း၊ လောင်းကစားခြင်းတို့ကို ရှောင်ကြဉ်ရေး ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်စွာနေထိုင်ရေး၊ ပြည်သူလူထုကို ယဉ်ကျေးစွာပြုမူဆက်ဆံရေး၊ နိုင်ငံတော်အစိုးရ၏ လျှို့ဝှက်ချက်ဥပဒေကိုလိုက်နာရေး၊ နိုင်ငံတော်လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို ဝိုင်းဝန်းစောင့်ရှောက်ရေးနှင့် ပေးအပ်သော တာဝန်ဝတ္တရားများကို ရိုးသားဖြောင့်မတ်စွာဖြင့် ကျေပွန်စွာထမ်းဆောင်သွားကြရေးတို့ကို ပြောကြားခဲ့သည်။ ထို့အပြင် ဝန်ထမ်းများအနေဖြင့် မိသားစုများအပါအဝင် ကျန်မာရေးအထူးဂရုစိုက်ကြရန်၊ ရုံးများနှင့် ဝန်ထမ်းအိမ်ရာများ လုံခြုံရေးနှင့် မီးဘေးလုံခြုံရေး လက်တွေ့ကြသော စီမံချက်များရေးဆွဲပြီး အခါအားလျော်စွာဇာတ်တိုက်လေ့ကျင့်ခြင်းများ ပြုလုပ်သွားကြရေးနှင့် လာမည့်ဒီဇင်ဘာလတွင် လွတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲပထမပိုင်း စတင်ပြုလုပ်တော့မည်ကို ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပြီး ဖြစ်သည့်အတွက် ဆန္ဒမဲပေးရာတွင်လည်း နိုင်ငံတော်အကျိုးကို အမှန်တကယ် စွမ်းဆောင်နိုင်မည့် အမျှော်အမြင်ရှိပြီး အမျိုးသားရေးတာဝန်တစ်ရပ်ဖြစ်သည့် ဒို့တာဝန်အရေး(၃)ပါးကို ထိန်းသိမ်းစောင့်ရှောက်နိုင်မည့်သူကို မိမိတို့သဘောဆန္ဒအလျောက် လွတ်လပ်စွာ ဆန္ဒမဲပေးနိုင်ကြောင်း မှာကြားခဲ့သည်။ ထို့နောက် ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်ခဲ့သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် မြိတ်လေကြောင်းထိန်းမျှော်စင်သို့ သွားရောက်ခဲ့ပြီး လေကြောင်းဆက်သွယ်ရေးစက်များ အ‌ခြေအနေ၊ ပြေးလမ်းထိပ်များသို့ မြင်းကွင်းကောင်းမွန်မှု ရှိမရှိ၊ ပြေးလမ်းမီးများ မျှော်စင်ပေါ်မှ ထိန်းချုပ်ဆောင်ရွက်မှုတို့ကို စစ်ဆေးခဲ့ပြီး ပြေးလမ်း ဝဲ/ယာ သတ်မှတ်ချက်နှင့်အညီ ခြုံ၊မြက်များ ရှင်းလင်းထားရေး၊ လေယာဉ်များ ဆင်း/တက်ရာတွင် ဘေးအန္တရာယ်ကင်းရှင်းမှုရှိစေရေး အလေးထားဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန

 

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၃ ရက် ၊ စက်တင်ဘာ ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Sep 24, 2025

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၂ ရက် ၊ စက်တင်ဘာ ၂၃ ရက်၊ အင်္ဂါနေ့။


Posted on Sep 23, 2025

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁ ရက် ၊ စက်တင်ဘာ ၂၂ ရက်၊ တနင်္လာနေ့။


Posted on Sep 22, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလကွယ်နေ့ ၊ စက်တင်ဘာ ၂၁ ရက်၊ တနင်္ဂနွေနေ့။


Posted on Sep 21, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၄ ရက်၊ စက်တင်ဘာ ၂၀ ရက်၊ စနေနေ့။


Posted on Sep 20, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၃ ရက်၊ စက်တင်ဘာ ၁၉ ရက်၊ သောကြာနေ့။


Posted on Sep 19, 2025
AnnouncementsExplore more >

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဇမ္ဗူသီရိအထူးကုဆေးရုံကြီးမှ အလုပ်လျှောက်လွှာခေါ်ယူခြင်း

Posted on Sep 23, 2025

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဇမ္ဗူသီရိအထူးကုဆေးရုံကြီးမှ အလုပ်လျှောက်လွှာခေါ်ယူခြင်း

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး အတည်ပြုခန့်ထားခြင်း

Posted on Sep 23, 2025

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး အတည်ပြုခန့်ထားခြင်း

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်သည့်ဥပဒေ

Posted on Sep 21, 2025

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်သည့်ဥပဒေ

HOT NEWS
January 4,