ဒုတိယဝန်ကြီး ဦးအောင်မြိုင် နေပြည်တော် - မန္တလေး ရထားလမ်းပိုင်း ပြုပြင်ဆောင်ရွက်နေမှုနှင့် ဂုတ်ထိပ်တံတားပြုပြင်နေမှု ကြည့်ရှုစစ်ဆေး
ဒုတိယဝန်ကြီး ဦးအောင်မြိုင် နေပြည်တော် - မန္တလေး ရထားလမ်းပိုင်း ပြုပြင်ဆောင်ရွက်နေမှုနှင့် ဂုတ်ထိပ်တံတားပြုပြင်နေမှု ကြည့်ရှုစစ်ဆေး
Ministry of Information/ Naypyitaw / October 25, 2025
နေပြည်တော် အောက်တိုဘာ ၂၄
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည်အောက်တိုဘာ ၂၂ ရက်မှ ၂၄ ရက်အထိ မြန်မာ့မီးရထားမှအထွေထွေမန်နေဂျာများ၊ တိုင်းတာဝန်ခံအရာရှိများနှင့်အတူ နေပြည်တော်-သာစည် -သဲတော-မန္တလေး ရထားလမ်းပိုင်းတွင် မိုင်နှုန်းမြှင့်တင်ပြေးဆွဲနိုင်ရေး ရထားလမ်းပြုပြင်ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ဒုတိယဝန်ကြီးသည် နေပြည်တော်-သာစည် - သဲတော- မန္တလေးရထားလမ်းပိုင်း၌ မိုင်နှုန်း မြှင့်တင်ပြေးဆွဲနိုင်ရေး ပြုပြင်ဆောင်ရွက်နေမှုအခြေအနေများကို RBE ရထားဖြင့် လိုက်ပါစီးနင်း၍ စစ်ဆေးပြီး Run Off Frame များ စနစ်တကျတပ်ဆင်သွားရန်၊ ကွေ့ဒီဂရီ ၊ Alignment နှင့် Super Elevations များ မှန်ကန်မှုရှိစေရေးစနစ်တကျ စစ်ဆေးဆောင်ရွက်သွားရန်၊ ရထားလမ်းတာပေါင် ကျဉ်းသောနေရာများတွင် သတ်မှတ်အကျယ်ရရှိအောင် စနစ်တကျဆောင်ရွက်ရန်၊ ရထားလမ်းပိုင်းအတွင်း သတ်မှတ်စံချိန်စံနှုန်းအတိုင်း လမ်းခင်းကျောက်များ စနစ်တကျဖြည့်သွင်းပြီး Hand Tamp Machine အပြင် Automatic Leveling ၊ Lining & Tamping Machine (ALLTM) စက်ဖြင့် ကျောက်ပါကင်ရိုက်ခြင်းလုပ်ငန်းကို သေချာစွာဆောင်ရွက်ရန်၊ လမ်းပိုင်းအတွင်း အသစ်ပြန်လည် တည်ဆောက်ရမည့် တံတားအမှတ် ၆၇၇ ၊ ၆၉၁ ၊ ၇၃၉ နှင့် ၇၇၁ တို့အတွက် Soil Test စနစ်တကျဆောင်ရွက်ပြီးတည် ဆောက်ရေးလုပ်ငန်းများ အချိန်မီပြီးစီးအောင် ကြပ်မတ်ဆောင်ရွက်ရန်နှင့် ပြင်းထန်သော မြေငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော ဘူတာများနေရာ၌ ဘူတာအသစ်များအမြန် အစားထိုးတည်ဆောက် သွားရန်တို့ကို ဆွေးနွေးမှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ပြင်ဦးလွင်၊ နောင်ချို၊ ဂုတ်ထိပ် ဘူတာများနှင့် ဂုတ်ထိပ်တံတား သံပေါင်ပျက်စီးမှု ပြန်လည်ပြုပြင်နေမှုအခြေအနေ၊ နောင်ပိန်နှင့် ကျောက်မဲဘူတာများသို့သွား ရောက်စစ်ဆေးပြီး ဘူတာနှင့်ယာ့ဒ်ဝင်းများအတွင်း သန့်ရှင်း သပ်ရပ်မှုရှိစေရေး မြက်၊ ချုံနွယ်များ ရှင်းလင်းသွားရန်၊ ရထားပြန်လည်ပြေးဆွဲနိုင်ရေး လမ်းပိုင်း ကြံ့ခိုင်မှု အခြေအနေတို့ကို ပုံမှန်စစ်ဆေးသွားရန်ဆွေးနွေးမှာကြားကာ ဂုတ်ထိပ်တံတား သံပေါင်သစ် ပြန်လည်တပ်ဆင်မှုအခြေအနေနှင့်စပ်လျဉ်း၍ သမိုင်းအမွေအနှစ် တံတားဖြစ်သဖြင့် မူလလက်ရာဒီဇိုင်းအတိုင်းဖြစ်အောင် စနစ်တကျ ဂရုစိုက်၍ ဆောင်ရွက်သွားရန်ဆွေးနွေးမှာကြားသည်။
ယင်းနောက် ကျောက်မဲမြို့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးတွင် ကျောက်မဲခရိုင်မှ ဝန်ကြီးဌာနအောက် ဌာန/အဖွဲ့အစည်းများရှိ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ အားပေးစကား ပြောကြားကာထောက်ပံ့ငွေများပေးအပ်ပြီး ဌာန/အဖွဲ့အစည်းများအလိုက် မိမိတို့၏လုပ်ငန်း တာဝန်များကို ကြိုးစားဆောင်ရွက်သွားကြရန်ဆွေးနွေးမှာကြားသည်။
ထို့ပြင် ဒုတိယဝန်ကြီးသည် လူစီးတွဲနှင့် ကုန်တွဲစက်ရုံ (မြစ်ငယ်) သို့သွားရောက် စစ်ဆေးကာ လူစီးတွဲနှင့်ကုန်တွဲများ အချိန်မီ ပြုပြင်ပြီးစီးရေး၊ ဝန်ထမ်းများ အရည်အသွေးနှင့် ကျွမ်းကျင်မှု တိုးတက်စေရေး၊ စက်ရုံရှိ စက်ကိရိယာပစ္စည်းများရေရှည်ကြံ့ခိုင် ကောင်းမွန်စေရေး၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေး စနစ်တကျစီမံဆောင်ရွက် သွားရန်တို့ကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၈ ရက် ၊ အောက်တိုဘာ ၂၈ ရက်၊ အင်္ဂါနေ့။
Posted on Oct 28, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၇ ရက် ၊ အောက်တိုဘာ ၂၇ ရက်၊ တနင်္လာနေ့။
Posted on Oct 27, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၆ ရက် ၊ အောက်တိုဘာ ၂၆ ရက်၊ တနင်္ဂနွေနေ့။
Posted on Oct 26, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၄ရက် ၊ အောက်တိုဘာ ၂၄ ရက်၊ သောကြာနေ့။
Posted on Oct 24, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၃ရက် ၊ အောက်တိုဘာ ၂၃ ရက်၊ ကြာသပတေးနေ့။
Posted on Oct 23, 2025
အငယ်တန်းစာရေးနှင့် ဒု-လ/ထကွန်ပျူတာလုပ်ဆောင်ရေးမှူးရာထူးနေရာများအတွက် ရေးဖြေအောင်မြင်သူများစာရင်း ထုန်ပြန်ကြေညာခြင်း-
Posted on Sep 19, 2025အငယ်တန်းစာရေးနှင့် ဒု-လ/ထကွန်ပျူတာလုပ်ဆောင်ရေးမှူးရာထူးနေရာများအတွက် ရေးဖြေအောင်မြင်သူများစာရင်း ထုန်ပြန်ကြေညာခြင်း-
တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေများ ပြင်ဆင်ထုတ်ပြန်
Posted on Oct 27, 2025တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေများ ပြင်ဆင်ထုတ်ပြန်
