ဒုတိယဝန်ကြီး ဦးအောင်မြိုင် သာစည်-ရွှေညောင်-တောင်ကြီး ရထားလမ်းပိုင်း၊ တောင်ကြီး-ထီသိမ်-ပေါမူ ရထားလမ်းပိုင်းနှင့် ပင်းပက် - နောင်ကားလမ်းခွဲ ရထားလမ်းပိုင်း အခြေအနေများအား ကြည့်ရှုစစ်ဆေး

ဒုတိယဝန်ကြီး ဦးအောင်မြိုင် သာစည်-ရွှေညောင်-တောင်ကြီး ရထားလမ်းပိုင်း၊ တောင်ကြီး-ထီသိမ်-ပေါမူ ရထားလမ်းပိုင်းနှင့် ပင်းပက် - နောင်ကားလမ်းခွဲ ရထားလမ်းပိုင်း အခြေအနေများအား ကြည့်ရှုစစ်ဆေး


Ministry of Transport and Communications/ Naypyitaw / December 25, 2025
image_latest


နေပြည်တော် ၊ ဒီဇင်ဘာ  ၂၅

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည် ၂၀၂၅ ခုနှစ် ၊ ဒီဇင်ဘာလ (၂၂) ရက်နေ့မှ (၂၄) ရက်နေ့ထိ မြန်မာ့မီးရထားမှ အထွေထွေမန်နေဂျာများ ၊ တိုင်းတာဝန်ခံ အရာရှိများနှင့်အတူ သာစည် - ရွှေညောင် - တောင်ကြီး ရထားလမ်းပိုင်းရှိ သာစည်၊ လှိုင်းတက်၊ ဘုရားငါးဆူ၊ ယင်းမာပင်၊ ကလော ၊ ကမ်းနားနှင့် ဟဲဟိုးဘူတာများ အခြေအနေ၊ ကလော - ဆင်တောင် - မြင်းဒိုက် ဘူတာကြားရှိ ရထားလမ်းပိုင်းနှင့် ကမ်းပါးနီဥမင် အဝင်/ အထွက်နေရာများ၊ တောင်ကြီး - ထီသိမ် - ပေါမူ ရထားလမ်းပိုင်းရှိ Great Wall ဖို့မြေတာဘောင်နေရာနှင့် ကျောက်စီရေဆင်းမြောင်း ဆောင်ရွက်ထားမှုအခြေအနေ၊ ပင်းပက် - နောင်ကားလမ်းခွဲ ရထားလမ်းပိုင်းနှင့် ရထားလမ်းတံတားများ၏အခြေအနေ၊ ရွှေညောင်ဘူတာနှင့် ကွန်ကရစ်ဇလီဖားစက်ရုံ(ရွှေညောင်)တို့၏ အခြေအနေတို့အား စစ်ဆေးသည်။

အဆိုပါ ခရီးစဉ်အတွင်း ဒုတိယဝန်ကြီးသည် သာစည် - ရွှေညောင် - တောင်ကြီး ရထားလမ်းပိုင်းရှိ သာစည်ဘူတာ အသစ်ပြန်လည် တည်ဆောက်မည့်နေရာအား ကြည့်ရှုစစ်ဆေးပြီး သာစည်ဘူတာသည် ဘူတာကြီးဖြစ်သည့်အတွက် အသစ်ပြန်လည် တည်ဆောက်ရာ၌ သတ်မှတ် ပလက်ဖောင်းအကျယ်ရရှိအောင် ဆောင်ရွက်ရန်၊ ခရီးသွားပြည်သူများ အဆင်ပြေစေရန်နှင့် ယာဉ်ရပ်နားရန်နေရာများ စနစ်တကျထည့်သွင်းတည်ဆောက်သွားရန်၊ ဆက်လက်၍ လှိုင်းတက်၊ ဘုရားငါးဆူ၊ ယင်းမာပင်၊ ကလော ၊ ကမ်းနားနှင့် ဟဲဟိုးဘူတာနှင့် ယာဒ်ဝင်းများအား စစ်ဆေးခဲ့ပြီး  ဘူတာများ သန့်ရှင်းသပ်ရပ်မှုရှိစေရေး ပုံမှန်ရှင်းလင်းဆောင်ရွက်ရန်၊ ဘူတာရှိပျက်စီးမှုများအား ဦးစားပေးအလိုက် ပြန်လည်ပြုပြင် ဆောင်ရွက်သွားရန်နှင့် ကလောဘူတာသည် ခရီးသွားပြည်သူများ လာရောက်လည်ပတ်မှု များပြားသဖြင့် ဘူတာအဆောက်အဦအား ရှေးမူမပျက် ပြန်လည်တည်ဆောက်မည့် အခြေအနေအား စနစ်တကျ ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ကလော - မြင်းဒိုက် - ဆင်တောငဘူတာကြား ရထားလမ်းပိုင်းရှိ မြေထိန်းနံရံများ ပြန်လည်ပြုပြင်ထားရှိမှုအခြေအနေ၊ ကမ်းပါနီဥမင် အဝင်/အထွက်နေရာများ၌ ဆောင်ရွက်နေသည့် မြေထိန်းနံရံများအား ခိုင်ခန့်မှုရှိစေရေး အပေါ်မြေကြီးများ ပြိုမကျအောင် စနစ်တကျသေသေချာချာ ဆောင်ရွက်ရန်နှင့် ရထားလမ်းဘေးရေမြောင်း (Side Drains)များ စနစ်တကျ ဆောင်ရွက်သွားရန်တို့ကို ဆွေးနွေးမှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် တောင်ကြီး - ထီသိမ် - ပေါမူ ရထားလမ်းပိုင်းအား RGC ရထားဖြင့် လိုက်ပါစီးနင်း၍ Great Wall ဖို့မြေတာဘောင်သစ် ဆောင်ရွက်ထားမှု ၊ ကျောက်စီရေဆင်းမြောင်း ဆောင်ရွက်ထားရှိမှု ၊ Gabion Basket ကျောက်စီမြေထိန်းနံရံနှင့် ရေမြောင်းများ၏ အခြေအနေများ၊ ထီသိမ်အဝိုင်းပတ် ရထားလမ်းတာဘောင် ပြုပြင်ထိန်းသိမ်းခြင်းဆောင်ရွက်ထားမှု အခြေအနေများနှင့် ထီသိမ်အဝိုင်းပတ်တံတား (ဘဝသံသရာ) တို့၏ အခြေအနေအားစစ်ဆေးခဲ့ပြီး ထီသိမ်အဝိုင်းပတ် တာဘောင်စောင်းနှင့် Great Wall ဖို့မြေတာဘောင်စောင်းနေရာများတွင် စိုက်ပျိုးထားသည့် ဗာတီဗာမြက်များအား ရှင်သန်အောင်ဂရုစိုက်ရန်၊ တာဘောင်စောင်းတွင် ရေဖမ်းမြောင်းများ၊ ရေဆင်းမြောင်းများ ထည့်သွင်းဆောင်ရွက်ရန်နှင့် ရုံးပိတ်ရက်များတွင် တောင်ကြီး - ထီသိမ် - ပေါမူ - တောင်ကြီး ရှုခင်းကြည့် ရထားခရီးစဉ်များ ပုံမှန်ပြန်လည်ပြေးဆွဲ နေပြီဖြစ်သဖြင့် ကွေ့ဒီဂရီ ၊ Alignment နှင့် Super Elevations များ မှန်ကန်မှုရှိစေရေး ပုံမှန်စစ်ဆေး ပြုပြင်ခြင်းများ စနစ်တကျဆောင်ရွက် သွားရန်တို့ကို ဆွေးနွေးမှာကြားသည်။

ထို့ပြင် ဒုတိယဝန်ကြီးသည် တောင်ကြီး - နောင်ကားလမ်းခွဲ - ပင်းပက် ရထားလမ်းပိုင်းအား RGC ရထားဖြင့် လိုက်ပါစီးနင်း၍ စစ်ဆေးခဲ့ပြီး အဆိုပါရထားလမ်းပိုင်းရှိ တံတားနှင့် တာဘောင်များ ထိန်းသိမ်းမှုအခြေအနေ၊ လမ်းပိုင်းအတွင်းရှိ တံတားနှင့်     Box Culvert များ ရေရှည်ခိုင်ခန့်မှုရှိစေရေး စနစ်တကျစစ်ဆေး၍ ထိန်းသိမ်းဆောင်ရွက်ရန်နှင့် ရေမြောင်းများ (Side Drains) စနစ်တကျ ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ရွှေညောင်ဘူတာနှင့် ရွှေညောင်ကွန်ကရစ်ဇလီဖားစက်ရုံတို့ကို သွားရောက်စစ်ဆေးခဲ့ပြီး ရွှေညောင် ကွန်ကရစ်ဇလီဖားစက်ရုံ၌ ကွန်ကရစ်ဇလီဖားနှင့် သံလမ်းထိန်းကလစ်များ စနစ်တကျထုတ်လုပ်နိုင်ရေး၊ စက်ရုံရှိစက်ပစ္စည်းများ ပျက်စီး၊ ပျောက်ဆုံးမှု မရှိစေရေး ဂရုစိုက်ထိန်းသိမ်းရန် ဆွေးနွေးမှာကြားခဲ့သည်။

ဒုတိယဝန်ကြီးသည် ခရီးစဉ်အတွင်း ရန်ကုန် - မန္တလေး ရထားလမ်းပိုင်း၊ စမုံ - သပြေတောင်း ဘူတာကြားရှိ တံတားအမှတ် - ၆၉၁ စမုံတံတားသစ် တည်ဆောက်ရေးစီမံကိန်း နေရာသို့ သွားရောက်စစ်ဆေးခဲ့ပြီး သတ်မှတ်ကာလအတွင်း သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ စနစ်တကျ ပြီးစီးအောင် ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Posted on Mar 28, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။