ဒုတိယဝန်ကြီး ဦးအောင်မြိုင် ဝန်ထမ်းများနှင့် မိသားစုဝင်များ နေထိုင်လျက်ရှိသည့် ယာယီဝန်ထမ်းအိမ်ရာများ ကြည့်ရှုစစ်ဆေး
ဒုတိယဝန်ကြီး ဦးအောင်မြိုင် ဝန်ထမ်းများနှင့် မိသားစုဝင်များ နေထိုင်လျက်ရှိသည့် ယာယီဝန်ထမ်းအိမ်ရာများ ကြည့်ရှုစစ်ဆေး
Ministry of Information/ Naypyitaw / January 14, 2026
နေပြည်တော် ဇန်နဝါရီ ၁၃
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည် အမြဲတမ်းအတွင်းဝန်၊ ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဌာနလက်အောက်ဌာနများမှ ငလျင်ဘေးသင့် ဝန်ထမ်းများနှင့် မိသားစုဝင်များ ယာယီအခြေပြုနေထိုင်လျက်ရှိသည့် ယာယီဝန်ထမ်းအိမ်ရာများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် ၅၊ ရုံးအမှတ် ၂၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ရွာတော်)၊ နေပြည်တော် ဘူတာကြီးနယ်မြေရှိ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ မြန်မာ့မီးရထား၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ ဇမ္ဗူသီရိမြို့နယ်ရှိ မြန်မာ့စာတိုက်လုပ်ငန်း၊ ဒက္ခိဏသီရိမြို့နယ်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့်ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ ငလျင်ဘေးသင့်ဝန်ထမ်းများ ယာယီနေထိုင်လျက်ရှိသည့် အိမ်ရာများသို့သွားရောက်၍ သောက်ရေသုံးရေရရှိရေးဆောင်ရွက်ထားရှိမှု၊ လျှပ်စစ်မီးသွယ်တန်းထားရှိမှု၊ ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်ထားရှိမှု၊ သီးပင်စားပင်များ စိုက်ပျိုးထားရှိမှုနှင့် သန့်ရှင်းသပ်ရပ်မှုရှိစေရေး ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက အိမ်ရာများလုံခြုံရေးဆောင်ရွက်ပေးရန်၊ Container House တစ်လုံးနှင့်တစ်လုံးအကြား အပူဒဏ်သက်သာစေရန်အတွက် အမိုးအဖီများ စနစ်တကျခိုင်ခံ့စွာပုံစံတူ ပြုလုပ်ပေးရန်မှာကြားပြီး ဝန်ထမ်းများနှင့် မိသားစုဝင်များ၏ တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း
Posted on Mar 24, 2026၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
Posted on Mar 27, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
Posted on Mar 25, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
