ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း ၂၀၂၆ ခုနှစ်၊ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား ကျင်းပရေးအတွက် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဆပ်ကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း ၂၀၂၆ ခုနှစ်၊ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား ကျင်းပရေးအတွက် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဆပ်ကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်


Ministry of Transport and Communications/ Naypyitaw / January 28, 2026
image_latest


နေပြည်တော်၊ ဇန်နဝါရီ

၂၀၂ ခုနှစ် (၇) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကျင်းပရေးအတွက် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဆပ်ကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီလ ၂၇ ရက်နေ့ မွန်းလွဲပိုင်းက ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၅) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဆပ်ကော်မတီ ဥက္ကဋ္ဌ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းက ဆပ်ကော်မတီ၏ ပထမအကြိမ်လုပ်ငန်းညှိနှိုင်း အစည်းအဝေး ဆုံးဖြတ်ချက်များ ဆောင်ရွက်ပြီးစီးခဲ့မှုများအား ရှင်းလင်းတင်ပြချက်အပေါ် မပြီးပြတ်သေးသည့် ကိစ္စရပ်များအား ဆက်လက်ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ ပြည်ထောင်စုနေ့ အခမ်းအနားသည် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ဖော်ဆောင်သည့် နိုင်ငံတော်အဆင့် အခမ်းအနား ဖြစ်သည့်အတွက် ဆပ်ကော်မတီဝင်များအားလုံး လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာတွင် အလေးအနက်ထား ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ အခမ်းအနားသို့ တက်ရောက်မည့် တိုင်းဒေသကြီး/ပြည်နယ် ကိုယ်စားပြု ယဉ်ကျေးမှုအဖွဲ့များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ နေပြည်တော်သို့ ရောက်ရှိချိန်မှစ၍ အခမ်းအနားပြီးဆုံးပြီး ပြန်လည်ထွက်ခွာသည့် အချိန်အထိ သတ်မှတ်နေရာသို့ အချိန်မီ လုံခြုံစိတ်ချစွာ သွားလာနိုင်ရေးနှင့် ဆက်သွယ်ရေးကိစ္စရပ်များ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် ဆက်စပ်ဆပ်ကော်မတီများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် အခက်အခဲများနှင့် ကြုံတွေ့ရပါက အချိန်နှင့် တစ်ပြေးညီတင်ပြရန်လိုကြောင်း၊ အဖွဲ့ခေါင်းဆောင်များ၊ ကြီးကြပ်သူများနှင့် ယာဉ်မောင်းများအနေဖြင့် လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာတွင် လုံခြုံရေးအသိ၊ သတိဖြင့် ဆောင်ရွက်သွားရန်၊ ဝတ်စားဆင်ယင်မှုများ သတ်မှတ်ချက်နှင့် အညီဖြစ်စေရန်နှင့် အချင်းချင်းဆက်သွယ်မှု မြန်ဆန်စေရေး ကြိုတင်စီမံဆောင်ရွက်ထားရန် လိုအပ်မည်ဖြစ်ကြောင်း၊ ကြီးကြပ်သူများ တည်းခိုသည့်နေရာနှင့် ယာဉ်များရပ်နားထားသည့် နေရာတို့တွင် မီးဘေးအန္တရာယ်ကင်းဝေးစေရေး စနစ်တကျစီမံဆောင်ရွက်ထားရမည်ဖြစ်ကြောင်း၊ ဗဟိုကော်မတီနှင့် စီမံခန့်ခွဲမှုကော်မတီတို့၏ ညွှန်ကြားချက်များကို ကော်မတီဝင်များအားလုံးပူးပေါင်းပြီး အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာကြသည့် တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက် ၊ ဧပြီ ၅ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Apr 05, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၃ ရက် ၊ ဧပြီ ၄ ရက်၊ စ​နေနေ့။


Posted on Apr 04, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။


Posted on Apr 03, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း