ဒုတိယဝန်ကြီး ဦးအောင်မြိုင် မန္တလေး - လားရှိုးလမ်းပိုင်းရှိ ဘူတာ၊ တံတားနှင့် စက်ရုံများကြည့်ရှုစစ်ဆေး
ဒုတိယဝန်ကြီး ဦးအောင်မြိုင် မန္တလေး - လားရှိုးလမ်းပိုင်းရှိ ဘူတာ၊ တံတားနှင့် စက်ရုံများကြည့်ရှုစစ်ဆေး
Ministry of Information/ Naypyitaw / May 11, 2026
နေပြည်တော် မေ ၁၀
ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည် ယမန်နေ့က သီပေါမြို့နယ် ဘော်ကြိုဘူတာအနီးရှိ အလျားပေ ၂၈၀ ရှိ ကျင်သီတံတား ပြန်လည်ပြုပြင်ပြီးစီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ သောင်းကျန်းသူများဖျက်ဆီးခဲ့သည့် သီပေါမြို့ရှိ ကွန်ကရစ်ဇလီဖားစက်ရုံပျက်စီးသွားသည့်အခြေအနေနှင့် ပြန်လည်တည်ဆောက်မည့်အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး သီပေါဘူတာနှင့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ကျောက်မဲဘူတာ၊ မိုးလေဝသနှင့်ဇလဒေဗညွှန်ကြားမှုဦးစီးဌာန၊ ခရိုင်မိုးလေဝသရုံး၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ခရိုင်ရုံးကျောက်မဲ) တို့ကို သွားရောက်စစ်ဆေး၍ ကျောက်မဲခရိုင်ရုံး၌ ဝန်ကြီးဌာနအောက်ရှိ ဌာနဆိုင်ရာဝန်ထမ်းများကိုတွေ့ဆုံကာ စားသောက်ဖွယ်ရာများပေးအပ်သည်။
ယင်းနောက် နောင်ပိန်ဘူတာအနီး ရထားလမ်းကူးနေရာမှ RGC ရထားဖြင့် လိုက်ပါစီးနင်းပြီး ရထားလမ်းကြံ့ခိုင်မှုအခြေအနေနှင့် နောင်ချိုမြို့နယ်ရှိ ရှေးဟောင်းသမိုင်းဝင် ဂုတ်ထိပ်တံတားကြံ့ခိုင်မှု၊ ဂုတ်ထိပ်ဘူတာကို သန့်ရှင်းသပ်ရပ်စွာဆောင်ရွက်ထားရှိမှုနှင့် ရှေးဟောင်းမှတ်တမ်းဓာတ်ပုံများ စနစ်တကျထားရှိမှုတို့ကို ကြည့်ရှုခဲ့ကြောင်း သိရသည်။
သတင်းစဉ်
NOTICE TO FILE INCOME TAX RETURN, ANNUAL SALARY STATEMENT AND ANNUAL COMMERCIAL TAX RETURN
Posted on May 12, 2026အခွန်အယူခံခုံအဖွဲ့က (၁၉-၅-၂၀၂၆)ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုများစာရင်း
Posted on May 12, 2026အခွန်အယူခံခုံအဖွဲ့က (၁၉-၅-၂၀၂၆)ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုများစာရင်း
ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်း ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၀-၄-၂၀၂၆)
Posted on May 11, 2026ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်း ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၀-၄-၂၀၂၆)
