ဓမ္မဝိဇယသာသနာ့ဗိမာန်တော်ကြီးကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနသို့ လွှဲပြောင်းအပ်နှံပွဲနှင့် ရွှေတိဂုံစေတီတော်အရှေ့ဘက်ရှိ ပိဋကဗျူဟာဆိုင်းဘုတ်ဖွင့်ပွဲ ကျင်းပ

ဓမ္မဝိဇယသာသနာ့ဗိမာန်တော်ကြီးကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနသို့ လွှဲပြောင်းအပ်နှံပွဲနှင့် ရွှေတိဂုံစေတီတော်အရှေ့ဘက်ရှိ ပိဋကဗျူဟာဆိုင်းဘုတ်ဖွင့်ပွဲ ကျင်းပ


Ministry of Information/ Naypyitaw / December 04, 2025
image_latest


ရန်ကုန် ဒီဇင်ဘာ ၃

ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် အင်းယားမြိုင်လမ်းရှိ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ပိုင် အလယ်တောရစံပြစာသင်တိုက်အတွင်း တည်ဆောက်ပြီးစီးခဲ့သည့် ဓမ္မဝိဇယသာသနာ့ဗိမာန်တော်ကြီးအား သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနသို့ လွှဲပြောင်းအပ်နှံပွဲကို ယနေ့မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဓမ္မဝိဇယသာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မြို့ မင်းကျောင်းပထမပြန် စာသင်တိုက် ဦးစီးပဓာနနာယက ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသ အမှူးပြုသည့် ဆရာတော် သံဃာတော်များ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ အပြည်ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်ဒုတိယပါမောက္ခချုပ် (စီမံ)၊ သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ တက်လမ်းကုမ္ပဏီလီမိတက်ဥက္ကဋ္ဌ ဦးရှိန်ဝင်းနှင့် အလှူရှင်များ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာဘဒ္ဒန္တ စန္ဒိမာဘိဝံသထံမှ ဧည့်ပရိသတ်များ က ငါးပါးသီလခံယူဆောက်တည်ကြသည်။

ယင်းနောက် သံဃာတော်အရှင်သူမြတ်များက ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်တော်မူကြပြီး ဒုတိယဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဆရာ တော်ကြီးများထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် ဒုတိယဝန်ကြီး ဦးအေးထွန်းက သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး တက်လမ်း ကုမ္ပဏီလီမိတက်ဥက္ကဋ္ဌက ဓမ္မဝိဇယသာသနာ့ဗိမာန်တော်ကြီး လွှဲပြောင်းလှူဒါန်းမှုဆိုင်ရာများနှင့် စပ်လျဉ်း၍ လျှောက်ထားသည်။

ဆက်လက်၍ တက်လမ်းကုမ္ပဏီလီမိတက်ဥက္ကဋ္ဌက ဓမ္မဝိဇယသာသနာ့ဗိမာန်တော်ကြီး RC လေးထပ်အဆောက်အအုံသစ် လွှဲပြောင်းလက်ခံ မှတ်တမ်းကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ရာ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က လက်ခံရယူပြီး ညွှန်ကြားရေးမှူးချုပ်က တက်လမ်းကုမ္ပဏီလီမိတက်ဥက္ကဋ္ဌထံ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်၍ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ဒုတိယပါမောက္ခချုပ် (စီမံ) ဦးဇော်ဇော်ဦးက ရွှေတိဂုံစေတီ တော်ဂေါပကအဖွဲ့ထံ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်သည်။

ယင်းနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဒုတိယဥက္ကဋ္ဌ ဘဒ္ဒန္တစန္ဒဝံသာလင်္ကာရာဘိဝံသထံမှ ဧည့်ပရိသတ်များက အနုမောဒနာတရား နာကြား၍ ရေစက်သွန်းချ အမျှပေးဝေကြသည်။

ယမန်နေ့နံနက် ၉ နာရီခွဲတွင် ရွှေတိဂုံစေတီတော်အရှေ့ဘက် အာဇာနည်လမ်းရှိ ဦးစံချိန်  ပိဋကတ် တိုက် အဆောက်အအုံရှေ့၌ ပိဋကဗျူဟာရုံးခန်း ဆိုင်းဘုတ်ဖွင့်ပွဲကျင်းပသည်။

အခမ်းအနားကို ဒုတိယဝန်ကြီးဦးအေးထွန်းနှင့် တာဝန်ရှိသူများ၊ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ၊ ပိဋကဗျူဟာအဖွဲ့ မင်္ဂလာဗျူဟာအသင်းချုပ်မှ တာဝန်ရှိသူများနှင့် ဘာသာရေးအသင်းအဖွဲ့များ တက်ရောက်ကြပြီး ပိဋကဗျူဟာဆိုင်းဘုတ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ထို့နောက် ဒုတိယဝန်ကြီး ဦးအေးထွန်းက ခေတ်အဆက်ဆက် ပိဋကဗျူဟာအဖွဲ့ကြီး၏ ဩဝါဒါစရိယဆရာတော်ကြီးများ၏ ဩဝါဒကိုခံယူပြီး နှစ် ၅၀ အတွင်း ရှားပါးပိဋကတ်စာပေများကို ပုံနှိပ်ထုတ်ဝေလာခဲ့ရာ ကျမ်းစာပေ ၃၄ မျိုးကို ပုံနှိပ်ထုတ်ဝေဖြန့်ချိနိုင်ခဲ့ပြီးဖြစ်ကြောင်း ပြောကြား၍ ပိဋကဗျူဟာအဖွဲ့ မင်္ဂလာဗျူဟာအသင်းချုပ်ဥက္ကဋ္ဌ ဦးအမ်းယုမောင်က အသင်း၏သမိုင်းကြောင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်နေ့ ၊ ဒီဇင်ဘာ ၄ ရက်၊ ကြာသပတေးနေ့။


Posted on Dec 04, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၄ ရက် ၊ ဒီဇင်ဘာ ၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Dec 03, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၃ ရက် ၊ ဒီဇင်ဘာ ၂ ရက်၊ အင်္ဂါနေ့။


Posted on Dec 02, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၂ ရက် ၊ ဒီဇင်ဘာ ၁ ရက်၊ တနင်္လာနေ့။


Posted on Dec 01, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၁ ရက် ၊ နိုဝင်ဘာ၃၀ ရက်၊ တနင်္ဂနွေနေ့။


Posted on Nov 30, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၀ ရက် ၊ နိုဝင်ဘာ ၂၉ ရက်၊ စနေနေ့။


Posted on Nov 29, 2025
HOT NEWS
January 4,