ဓာတုပစ္စည်း စီမံခန့်ခွဲမှုသင်တန်းနှင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုသင်တန်းဖွင့်လှစ်
ဓာတုပစ္စည်း စီမံခန့်ခွဲမှုသင်တန်းနှင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုသင်တန်းဖွင့်လှစ်
Ministry of Information/ Naypyitaw / May 29, 2026
နေပြည်တော် မေ ၂၈
ဓာတုပစ္စည်းစီမံခန့်ခွဲမှုသင်တန်းနှင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ဓာတုပစ္စည်းစီမံခန့်ခွဲရေးဗဟိုဌာန၌ကျင်းပရာ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် Virtual စနစ်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက သင်တန်းမှပို့ချသွားမည့် သင်ခန်းစာများသည် လက်ရှိဓာတုပစ္စည်း နှင့်စပ်လျဉ်း၍ လုပ်ငန်းဆောင်ရွက်နေသည့် လုပ်ငန်းရှင်များနှင့် အလုပ်သမားများအတွက် အသိပညာနှင့်ဗဟုသုတများပိုမိုရရှိပြီး ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်များကို ကောင်းစွာကာကွယ်နိုင်မည်ဖြစ်ကြောင်း၊ သင်တန်း တက်ရောက်လာကြသူများအနေဖြင့် သင်ကြားပို့ချမည့် အကြောင်းအရာများကို စိတ်ပါဝင်စားစွာ လေ့လာသင်ယူဆွေးနွေးပြီး မိမိတို့၏လုပ်ငန်းတာဝန်များတွင် လက်တွေ့အသုံးချဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် စက်မှုဝန်ကြီးဌာန စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်၊ သင်တန်း၌ ဆွေးနွေးပို့ချမည့် အကြောင်းအရာများကို ရှင်းလင်းတင်ပြသည်။
ယခုသင်တန်းသို့ သင်တန်းသား သင်တန်းသူ ၆၅ ဦးတက်ရောက်ပြီး သင်တန်းကို နှစ်ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြော်ငြာစာအမှတ် (၂/၂၀၂၆) ဖြင့်ခေါ်ယူသည့် ကြော်ငြာပါရာထူး တွင် တာဝန်ထမ်းဆောင်ခြင်းနှင့်စပ်လျဉ်း၍ သီးခြားစည်းကမ်းချက်များရှိသည့် ဌာနများ၏...
Posted on May 29, 2026ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြော်ငြာစာအမှတ် (၂/၂၀၂၆) ဖြင့်ခေါ်ယူသည့် ကြော်ငြာပါရာထူး တွင် တာဝန်ထမ်းဆောင်ခြင်းနှင့်စပ်လျဉ်း၍ သီးခြားစည်းကမ်းချက်များရှိသည့် ဌာနများ၏ ဆက်သွယ်ရန်ဖုန်းနံပါတ်များ
ပို့ဆောင်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် နေပြည်တော်စည်ပင်သာယာရေး ကော်မတီတို့တွင် လစ်လပ်လျက်ရှိသော ရာထူးများအတွက် ကြော်ငြာခေါ်ယူခြင်း (ကြော်ငြာစာ အမှတ်၊ ၂/၂၀၂၆)
Posted on May 29, 2026ပို့ဆောင်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် နေပြည်တော်စည်ပင်သာယာရေး ကော်မတီတို့တွင် လစ်လပ်လျက်ရှိသော ရာထူးများအတွက် ကြော်ငြာခေါ်ယူခြင်း (ကြော်ငြာစာ အမှတ်၊ ၂/၂၀၂၆)
ယာဉ်အို/ယာဉ်ဟောင်းများ ပယ်ဖျက်ရေး နှင့် အစားထိုး လျှပ်စစ်သုံးယာဉ်များ တင်သွင်းရေး အသိပေး ကြေညာချက်
Posted on May 29, 2026ယာဉ်အို/ယာဉ်ဟောင်းများ ပယ်ဖျက်ရေး နှင့် အစားထိုး လျှပ်စစ်သုံးယာဉ်များ တင်သွင်းရေး အသိပေး ကြေညာချက်
