နည်းပညာတက္ကသိုလ်(ရတနာပုံဆိုက်ဘာစီးတီး)၌ AI သုတေသနများနှင့် E-Library Web Portal Page ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ ကြည့်ရှုစစ်ဆေး

နည်းပညာတက္ကသိုလ်(ရတနာပုံဆိုက်ဘာစီးတီး)၌ AI သုတေသနများနှင့် E-Library Web Portal Page ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ ကြည့်ရှုစစ်ဆေး


Ministry of Information/ Naypyitaw / November 16, 2025
image_latest


နေပြည်တော် နိုဝင်ဘာ ၁၅

လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ သုတေသနဖွံ့ဖြိုးရေးနှင့်နည်းပညာပြန့်ပွားရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် နိုဝင်ဘာ ၁၂ ရက် နံနက်ပိုင်းက ပြင်ဦးလွင်မြို့ရှိ နည်းပညာမြှင့်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန မော်တော်ယာဉ်နည်းပညာသုတေသနဌာန၌ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး နိုင်ငံ့ EV ကဏ္ဍဖွံ့ဖြိုးရေးဆိုင်ရာ သုတေသနနှင့် နည်းပညာပြန့်ပွားရေး၊ နည်းပညာစွမ်းရည်မြင့်မား ရေး ဆောင်ရွက်ရန် ပြောကြားသည်။

ထို့နောက် အွန်လိုင်းထိန်းချုပ် EV ဆိုလာအားသွင်းစနစ် ပုံစံငယ်နှင့် လက်တွေ့အားသွင်းနေမှု၊ EV အစိတ်အပိုင်းများ ခွဲခြားပြီး အသေးစိတ်သုံးသပ်လေ့လာနေမှု၊ EV ဘက်ထရီစီမံခန့်ခွဲမှုစနစ်နှင့် ဘက်ထရီဆဲလ်များ ထိန်းညှိခြင်းစနစ်ဆိုင်ရာ သုတေသနလုပ်ငန်းများမှ ရလဒ်များကို ကြည့်ရှုစစ်ဆေးပြီး EV သုံးစွဲသည့် ပြည်သူများ ဘေးအန္တရာယ်ကင်းစွာ အသုံးပြုနိုင်ရေးအတွက် အသိပညာပြန့်ပွားရေး ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန်၊ သုတေသနရလဒ်များမှ EV လုပ်ငန်းရှင်များထံ နည်းပညာများ ဖြန့်ဝေပေးနိုင်သည်အထိ ဆောင်ရွက်ရန် မှာကြားသည်။

ယင်းနောက် အစိုးရစက်မှုလက်မှုသိပ္ပံ (ပြင်ဦးလွင်) ၌ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ဒေသအကျိုးပြု နည်းပညာသင်တန်းများ အရည်အသွေးပြည့်မီစွာ စဉ်ဆက်မပြတ် ဖွင့်လှစ်နိုင်ရေးမှာကြားပြီး သုတ၊ ရသ စာအုပ်များကို ပေးအပ်သည်။

ဆက်လက်၍ နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာစီးတီး) ပင်မဆောင်၌ သတင်းအချက်အလက်သိပ္ပံဌာန၊ အီလက်ထရောနစ်အင်ဂျင်နီယာမဟာဌာန၊ တိကျစက်ပစ္စည်းထုတ်လုပ် မှု အင်ဂျင်နီယာမဟာဌာန၊ အဆင့်မြင့်ဒြပ်ပစ္စည်းအင်ဂျင်နီယာမဟာဌာနတို့က ခင်းကျင်းပြသ ထားသော သုတေသနပရောဂျက်များကို ကြည့်ရှုအားပေးပြီး Smart City ၊ Eco-Tourism နှင့် MSME များ၊ စိုက်ပျိုးမွေးမြူရေး ကုန်ကြမ်းအခြေပြု စက်မှုကုန်ထုတ်လုပ်ငန်း များ အပါအဝင် ပြင်ဦးလွင်မြို့ ဒေသအကျိုးပြုစီမံကိန်းများနှင့် ကိုက်ညီသော နည်းပညာသုတေသနလုပ်ငန်းများ အလေးထားဆောင်ရွက်ရန်၊ AI အပါအဝင် နည်းပညာအရွေ့နှင့်အတူ လိုက်ပါနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် မှာကြားပြီး သုတေသနထူးချွန်ဆု များ ပေးအပ်ချီးမြှင့်သည်။

ထို့နောက် ဒုတိယဝန်ကြီးသည် တစ်ကမ္ဘာလုံးဆိုင်ရာ သုတေသနနှင့် ပညာရေးအတွက် ကဏ္ဍအစုံလင်ဆုံး အသုံးအများ ဆုံးဖြစ်သော အွန်လိုင်း Database ကြီး ငါးခုဖြစ်သည့် ProQuest Dissertations & Theses Global၊ ProQuest Central ၊ World Library eBooks Collection၊ OECD iLibrary နှင့် Asian Literature Collection တို့ကို တက္ကသိုလ် Website မှတစ်ဆင့် ဝင်‌ရောက်၍ Campus Network အတွင်း အသုံးပြုဖတ်ရှုနိုင်အောင် E-Library Web Portal Page ဖြင့် စီစဉ်ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး တန်ဖိုးထားသုံးစွဲကြရန်၊ နိုင်ငံ့အကျိုးစီးပွားဖြစ်ထွန်းစေသည့် သုတေသနလုပ်ငန်းများဖြင့် ရှင်သန်သက်ဝင်နေသော တက္ကသိုလ်ဖြစ်စေရေး ရည်မှန်းဆောင်ရွက်ရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Posted on Mar 28, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၀ ရက် ၊ မတ် ၂၇ ရက်၊ သောကြာနေ့။


Posted on Mar 27, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။