နည်းပညာတက္ကသိုလ်(ရတနာပုံဆိုက်ဘာစီးတီး)၌ AI သုတေသနများနှင့် E-Library Web Portal Page ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ ကြည့်ရှုစစ်ဆေး
နည်းပညာတက္ကသိုလ်(ရတနာပုံဆိုက်ဘာစီးတီး)၌ AI သုတေသနများနှင့် E-Library Web Portal Page ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ ကြည့်ရှုစစ်ဆေး
Ministry of Information/ Naypyitaw / November 16, 2025
နေပြည်တော် နိုဝင်ဘာ ၁၅
လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ သုတေသနဖွံ့ဖြိုးရေးနှင့်နည်းပညာပြန့်ပွားရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် နိုဝင်ဘာ ၁၂ ရက် နံနက်ပိုင်းက ပြင်ဦးလွင်မြို့ရှိ နည်းပညာမြှင့်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန မော်တော်ယာဉ်နည်းပညာသုတေသနဌာန၌ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး နိုင်ငံ့ EV ကဏ္ဍဖွံ့ဖြိုးရေးဆိုင်ရာ သုတေသနနှင့် နည်းပညာပြန့်ပွားရေး၊ နည်းပညာစွမ်းရည်မြင့်မား ရေး ဆောင်ရွက်ရန် ပြောကြားသည်။
ထို့နောက် အွန်လိုင်းထိန်းချုပ် EV ဆိုလာအားသွင်းစနစ် ပုံစံငယ်နှင့် လက်တွေ့အားသွင်းနေမှု၊ EV အစိတ်အပိုင်းများ ခွဲခြားပြီး အသေးစိတ်သုံးသပ်လေ့လာနေမှု၊ EV ဘက်ထရီစီမံခန့်ခွဲမှုစနစ်နှင့် ဘက်ထရီဆဲလ်များ ထိန်းညှိခြင်းစနစ်ဆိုင်ရာ သုတေသနလုပ်ငန်းများမှ ရလဒ်များကို ကြည့်ရှုစစ်ဆေးပြီး EV သုံးစွဲသည့် ပြည်သူများ ဘေးအန္တရာယ်ကင်းစွာ အသုံးပြုနိုင်ရေးအတွက် အသိပညာပြန့်ပွားရေး ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန်၊ သုတေသနရလဒ်များမှ EV လုပ်ငန်းရှင်များထံ နည်းပညာများ ဖြန့်ဝေပေးနိုင်သည်အထိ ဆောင်ရွက်ရန် မှာကြားသည်။
ယင်းနောက် အစိုးရစက်မှုလက်မှုသိပ္ပံ (ပြင်ဦးလွင်) ၌ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ဒေသအကျိုးပြု နည်းပညာသင်တန်းများ အရည်အသွေးပြည့်မီစွာ စဉ်ဆက်မပြတ် ဖွင့်လှစ်နိုင်ရေးမှာကြားပြီး သုတ၊ ရသ စာအုပ်များကို ပေးအပ်သည်။
ဆက်လက်၍ နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာစီးတီး) ပင်မဆောင်၌ သတင်းအချက်အလက်သိပ္ပံဌာန၊ အီလက်ထရောနစ်အင်ဂျင်နီယာမဟာဌာန၊ တိကျစက်ပစ္စည်းထုတ်လုပ် မှု အင်ဂျင်နီယာမဟာဌာန၊ အဆင့်မြင့်ဒြပ်ပစ္စည်းအင်ဂျင်နီယာမဟာဌာနတို့က ခင်းကျင်းပြသ ထားသော သုတေသနပရောဂျက်များကို ကြည့်ရှုအားပေးပြီး Smart City ၊ Eco-Tourism နှင့် MSME များ၊ စိုက်ပျိုးမွေးမြူရေး ကုန်ကြမ်းအခြေပြု စက်မှုကုန်ထုတ်လုပ်ငန်း များ အပါအဝင် ပြင်ဦးလွင်မြို့ ဒေသအကျိုးပြုစီမံကိန်းများနှင့် ကိုက်ညီသော နည်းပညာသုတေသနလုပ်ငန်းများ အလေးထားဆောင်ရွက်ရန်၊ AI အပါအဝင် နည်းပညာအရွေ့နှင့်အတူ လိုက်ပါနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် မှာကြားပြီး သုတေသနထူးချွန်ဆု များ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် ဒုတိယဝန်ကြီးသည် တစ်ကမ္ဘာလုံးဆိုင်ရာ သုတေသနနှင့် ပညာရေးအတွက် ကဏ္ဍအစုံလင်ဆုံး အသုံးအများ ဆုံးဖြစ်သော အွန်လိုင်း Database ကြီး ငါးခုဖြစ်သည့် ProQuest Dissertations & Theses Global၊ ProQuest Central ၊ World Library eBooks Collection၊ OECD iLibrary နှင့် Asian Literature Collection တို့ကို တက္ကသိုလ် Website မှတစ်ဆင့် ဝင်ရောက်၍ Campus Network အတွင်း အသုံးပြုဖတ်ရှုနိုင်အောင် E-Library Web Portal Page ဖြင့် စီစဉ်ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး တန်ဖိုးထားသုံးစွဲကြရန်၊ နိုင်ငံ့အကျိုးစီးပွားဖြစ်ထွန်းစေသည့် သုတေသနလုပ်ငန်းများဖြင့် ရှင်သန်သက်ဝင်နေသော တက္ကသိုလ်ဖြစ်စေရေး ရည်မှန်းဆောင်ရွက်ရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၂ ရက်၊ နိုဝင်ဘာ ၁၆ ရက်၊ တနင်္ဂနွေနေ့။
Posted on Nov 16, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၁ ရက်၊ နိုဝင်ဘာ ၁၅ ရက်၊ စနေနေ့။
Posted on Nov 15, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်၊ နိုဝင်ဘာ ၁၄ ရက်၊ သောကြာနေ့။
Posted on Nov 14, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၉ ရက်၊ နိုဝင်ဘာ ၁၃ ရက်၊ ကြာသပတေးနေ့။
Posted on Nov 13, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊ နိုဝင်ဘာ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့။
Posted on Nov 12, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊ နိုဝင်ဘာ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့။
Posted on Nov 12, 2025
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) ၂၀၂၅ -၂၀၂၆ ပညာသင်နှစ်၊ ပထမနှစ်ဝင်ခွင့် ရရှိသူများစာရင်း
Posted on Nov 13, 2025သမဝါယမကောလိပ်(ဖောင်ကြီး)နှင့်သမဝါယမကောလိပ်(မန္တလေး) ပထမနှစ်ဝင်ခွင့်ရရှိသူများစာရင်း
Posted on Nov 13, 2025သမဝါယမကောလိပ် (မန္တလေး၊ ဖောင်ကြီး)တို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပထမနှစ် (ပထမနှစ်ဝက်)သင်တန်းနှင့် ဒုတိယနှစ် (ပထမနှစ်ဝက်)သင်တန်းများကို (၁၇-၁၁-၂၀၂၅)ရက်နေ့မှ စတင်၍ ကျောင်းအပ်လက်ခံပြီး (၂၄-၁၁-၂၀၂၅)ရက်နေ့၌ စတင်ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။
