နမ့်စန်မြို့နယ် အခြေခံပညာကျောင်းပေါင်းစုံ အသက် (၁၈) နှစ်အောက် အမျိုးသား/အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
နမ့်စန်မြို့နယ် အခြေခံပညာကျောင်းပေါင်းစုံ အသက် (၁၈) နှစ်အောက် အမျိုးသား/အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
Ministry of Information/ Naypyitaw / July 27, 2025

နေပြည်တော် ဇူလိုင် ၂၆
ရှမ်းပြည်နယ် (တောင်ပိုင်း) နမ့်စန်မြို့နယ် အခြေခံပညာကျောင်းပေါင်းစုံ အသက် (၁၈) နှစ်အောက် အမျိုးသား/အမျိုးသမီး ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နမ့်စန်မြို့နယ် ကျောက်တိုင်အားကစားကွင်း၌ ကျင်းပရာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများ၊ ပြိုင်ပွဲဝင်အသင်းများ၊ ဒိုင်အဖွဲ့ဝင်များ၊ ဒေသခံတိုင်းရင်းသားနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။
ကြည့်ရှုအားပေး
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက အခြေခံပညာကျောင်းပေါင်းစုံ အသက် (၁၈) နှစ်အောက် အမျိုးသား/ အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် အမျိုးသားဗိုလ်လုပွဲစဉ်အဖြစ် အခြေခံပညာအထက်တန်းကျောင်း (နမ့်စန်) အသင်းနှင့် ပန်းပျိုးရတနာမြေ ကိုယ်ပိုင်အထက်တန်းကျောင်းအသင်းတို့၏ ယှဉ်ပြိုင်နေမှုကိုကြည့်ရှုအားပေးကြသည်။ ထို့နောက် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ တိုင်းမှူးနှင့် တာဝန်ရှိသူများက တစ်ဦးချင်းအကောင်းဆုံးဆုရရှိကြသူများ၊ အသင်းလိုက်ဆုများနှင့် ဒိုင်းဆုရရှိသော အခြေခံပညာအထက်တန်းကျောင်း (နမ့်စန်) (အမျိုးသား) အသင်းနှင့် အခြေခံပညာအထက်တန်းကျောင်းခွဲ (လွိုင်ငင်းကြီး) (အမျိုးသမီး) အသင်းတို့အား ဒိုင်းဆု၊ ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါအခြေခံပညာကျောင်းပေါင်းစုံ အသက် (၁၈) နှစ်အောက် အမျိုးသား/ အမျိုးသမီးဘောလုံးပြိုင်ပွဲကို အမျိုးသားအသင်းတွင် ပြိုင်ပွဲဝင်အသင်း ၁၆ သင်းနှင့် အမျိုးသမီးအသင်းတွင် ပြိုင်ပွဲဝင်အသင်းခြောက်သင်းတို့ဖြင့် ဇူလိုင် ၁၁ ရက်မှ ယနေ့အထိ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
တင်ဒါအောင်မြင်ကြောင်း ကြေညာခြင်း
Posted on Aug 2, 2025နေပြည်တော် (တပ်ကုန်း) တွင် RCC (၈) ခန်းတွဲ (၃)ထပ် အမှုထမ်းအိမ်ရာ (၁)လုံး တည်ဆောက်ခြင်းအတွက် (၂၉ - ၇ - ၂၀၂၅) ရက်နေ့တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်တွင်း/ ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့်ထုခွဲရောင်းချရေးကော်မတီမှ ဈေးနှုန်းစိစစ်ခဲ့ရာ ဖော်ပြပါကုမ္ပဏီမှ ယှဉ်တွဲပါဈေးနှုန်းဖြင့် တင်ဒါအောင်မြင်ကြောင်း ကြေညာအပ်ပါသည် -
တင်ဒါအောင်မြင်ကြောင်း ကြေညာခြင်း
Posted on Aug 2, 2025မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ စက်ပစ္စည်းများဝယ်ယူရေးအတွက် (၂၉ - ၇ - ၂၀၂၅) ရက်နေ့တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်တွင်း/ ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့်ထုခွဲရောင်းချရေးကော်မတီမှ ဈေးနှုန်းစိစစ်ခဲ့ရာ ဖော်ပြပါကုမ္ပဏီမှ ယှဉ်တွဲပါဈေးနှုန်းဖြင့် တင်ဒါအောင်မြင်ကြောင်း ကြေညာအပ်ပါသည် -
Myanmar National Human Rights Commission Statement No. (9/ 2025)
Posted on Aug 2, 2025