နယ်စပ်ရေးရာဝန်ကြီးဌာနရှိ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းများ၌ သင်တန်းများဖွင့်လှစ်
နယ်စပ်ရေးရာဝန်ကြီးဌာနရှိ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းများ၌ သင်တန်းများဖွင့်လှစ်
Ministry of Information/ Naypyitaw / October 29, 2024
နေပြည်တော် အောက်တိုဘာ ၂၈
နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနကွပ်ကဲမှုအောက်ရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း ၁၅ ကျောင်းတွင် နယ်စပ်ဒေသအပါအဝင် အလုပ်အကိုင်အခွင့်အလမ်း နည်းပါးသောဒေသများမှ အမျိုးသမီးငယ်များအား အဆင့်မြင့်စက်ချုပ်ပညာရပ်များ သင်ကြားတတ်မြောက်စေခြင်းဖြင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ပြီး မိသားစုအပိုဝင်ငွေရရှိနိုင်စေရေး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် အထည်ချုပ်စက်ရုံများတွင် ဝင်ရောက်လုပ်ကိုင်နိုင်ရေးနှင့် ကိုယ်ပိုင်စက်ချုပ်ဆိုင်များ ဖွင့်လှစ်လုပ်ကိုင်နိုင်စေရေးရည်ရွယ်၍ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း၊ ရိုးရာဂျပ်ခုတ်သင်တန်း၊ အခြေခံလက်ရက်ကန်းသင်တန်းနှင့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းတို့ကို ယနေ့နံနက်ပိုင်းတွင် ဖွင့်လှစ်ခဲ့သည်။
တက်ရောက်ဖွင့်လှစ်
ထိုသို့ ဖွင့်လှစ်ရာ၌ ဘားအံမြို့ အိမ်တွင်းမှုသင်တန်းကျောင်းတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ မုဒုံမြို့အိမ်တွင်းမှုသင်တန်းကျောင်းတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ လပွတ္တာမြို့ အိမ်တွင်းမှုသင်တန်းကျောင်းတွင် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ကျိုင်းတုံမြို့ အိမ်တွင်းမှုသင်တန်းကျောင်းတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်၊ လဟယ်မြို့ အိမ်တွင်းမှုသင်တန်းကျောင်းတွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ မြိုင်ကြီးငူမြို့ အိမ်တွင်းမှုသင်တန်းကျောင်းတွင် ကရင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသူကျော်၊ ဆိုက်ခေါင်အိမ်တွင်းမှု သင်တန်းကျောင်းတွင် ရှမ်းပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်း၊ တာချီလိတ်မြို့ အိမ်တွင်းမှု သင်တန်းကျောင်းတွင် အခြေချစစ်ဗျူဟာအဖွဲ့ ခေတ္တစစ်ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး သန့်လှိုင်ဝင်းတို့ တက်ရောက်ဖွင့်လှစ်ပေးပြီး ကျန်သင်တန်းကျောင်းများ၌ နယ်စပ်ရေးရာဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိဦးစီးဌာနများမှ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများနှင့် ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ဖွင့်လှစ်ပေးသည်။
အဆိုပါ သင်တန်းကျောင်း ၁၅ ကျောင်းတွင် အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်းသူ ၄၂၀၊ ရိုးရာဂျပ်ခုတ်သင်တန်းသူ ငါးဦး၊ အခြေခံလက်ရက် ကန်းသင်တန်းသူ ငါးဦး၊ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းသူ ၄၀ သင်တန်းသူ စုစုပေါင်း ၄၇၀ တက်ရောက်၍ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၈ ရက် မှ ၂၀၂၅ ခုနှစ် မတ် ၂၈ ရက်အထိ ရက်သတ္တ ၂၂ ပတ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး နေထိုင်စားသောက်ရေးနှင့် သင်တန်းသုံးပစ္စည်းများ အခမဲ့ထောက်ပံ့ပေး သွားမည်ဖြစ်သည်။
အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းများတွင် ဘဏ္ဍာနှစ်တစ်နှစ်လျှင် သင်တန်းနှစ်ကြိမ် ဖွင့်လှစ်ပေးလျက်ရှိရာ သင်တန်းသူ စုစုပေါင်း ၉၆၈၄၁ ဦး သင်ကြားလေ့ကျင့်မွေးထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၃ ရက်၊ အောက်တိုဘာ ၃၀ ရက်၊ ဗုဒ္ဓဟူးနေ့။
Posted on Oct 30, 2024
၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၂ ရက်၊ အောက်တိုဘာ ၂၉ ရက်၊ အင်္ဂါနေ့။
Posted on Oct 29, 2024
၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၁ ရက်၊ အောက်တိုဘာ ၂၈ ရက်၊ တနင်္လာနေ့။
Posted on Oct 28, 2024
၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၀ ရက်၊ အောက်တိုဘာ ၂၇ ရက်၊ တနင်္ဂနွေနေ့။
Posted on Oct 27, 2024
၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၉ ရက်၊ အောက်တိုဘာ ၂၆ ရက်၊ စနေနေ့။
Posted on Oct 26, 2024
၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၈ ရက်၊ အောက်တိုဘာ ၂၅ ရက်၊ သောကြာနေ့။
Posted on Oct 25, 2024
ဓာတ်သတ္တု (ရွှေ) ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်းနှင့်စပ်လျဉ်း၍ အသိပေးကြေညာချက်
Posted on Oct 30, 2024အငယ်တန်းစာရေးရာထူး(၃)နေရာအတွက် ရေးဖြေစာမေးပွဲသို့ ဝင်ရောက်ဖြေဆိုခွင့်ရရှိသူများ၏ အမည်နှင့် ခုံအမှတ်စာရင်း ကြေညာခြင်း-
Posted on Oct 8, 2024အခွန်အယူခံခုံအဖွဲ့ရုံးတွင် လစ်လပ်လျက်ရှိသော အငယ်တန်းစာရေး(၃)နေရာအတွက် (၂၂-၁၀-၂၀၂၄) ရက်နေ့တွင် ကျင
ကွန်ပျူတာလုပ်ဆောင်ရေးမှူးရာထူး (၃)နေရာအတွက် ရေးဖြေစာမေးပွဲသို့ ဝင်ရောက်ဖြေဆိုခွင့်ရရှိသူများ၏ အမည်နှင့် ခုံအမှတ်စာရင်း ကြေညာခြင်း
Posted on Oct 8, 2024အခွန်အယူခံခုံအဖွဲ့ရုံးတွင် လစ်လပ်လျက်ရှိသော ကွန်ပျူတာလုပ်ဆောင်ရေးမှူး (၃)နေရာ အတွက် (၂၂-၁၀-၂၀၂၄)