နဝမအကြိမ်မြောက် မြန်မာ-အိန္ဒိယ ကုန်သွယ်ရေး ပူးတွဲကော်မတီအစည်းအဝေးကျင်းပ

နဝမအကြိမ်မြောက် မြန်မာ-အိန္ဒိယ ကုန်သွယ်ရေး ပူးတွဲကော်မတီအစည်းအဝေးကျင်းပ


Ministry of Information/ Naypyitaw / January 22, 2026
image_latest


နေပြည်တော် ဇန်နဝါရီ ၂၁

မြန်မာနိုင်ငံကအိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပသည့် နဝမအကြိမ်မြောက် မြန်မာ-အိန္ဒိယ ကုန်သွယ်ရေးပူးတွဲကော်မတီအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ Park Royal Hotel ၌ ကျင်းပသည်။

အစည်းအဝေးတွင် သဘာပတိအဖြစ် ဆောင်ရွက်သည့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းက အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား ကုန်သွယ်ရေးပူးတွဲကော်မတီ တည်ထောင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာအရ ကုန်သွယ်ရေး ပူးတွဲကော်မတီအစည်းအဝေးများကို ၂၀၀၃ ခုနှစ်မှ စတင်၍ နှစ်နိုင်ငံအိမ်ရှင်အဖြစ် အလှည့်ကျကျင်းပခဲ့ကြောင်း၊ အစည်းအဝေးများသည် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရာတွင် အရေးပါသည့် မှတ်တိုင်ဖြစ်ကြောင်း၊ မိမိတို့ နှစ်နိုင်ငံအကြား ကုန်သွယ်မှုပမာဏပိုမိုမြှင့်တင်နိုင်ရေး လွယ်ကူချောမွေ့စေမည့် နည်းလမ်းများ၊ အခြေခံအဆောက်အအုံများ တိုးတက်ကောင်းမွန်စေရေးနှင့် စိုက်ပျိုးရေး၊ ပို့ဆောင်ရေး၊ စွမ်းအင်၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၊ ကျန်းမာရေးအစရှိသည့် အဓိကကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးမြှင့်နိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းသွားမည်ဖြစ်ကြောင်း၊ ယနေ့ကျင်းပသည့် အစည်းအဝေးသည် နှစ်နိုင်ငံအကြား လက်ရှိပူးပေါင်း ဆောင်ရွက်နေမှုများကို ပိုမိုခိုင်မာစေမည်ဖြစ်ပြီး နှစ်ဖက်စီးပွားရေးလုပ်ငန်းရှင်များ ရင်ဆိုင်ကြုံတွေ့နေရသည့် ကုန်သွယ်မှုဆိုင်ရာ စိန်ခေါ်မှုများကို လျှော့ချကျော်လွှားနိုင်မည့် နည်းလမ်းကောင်းများကို ဖော်ထုတ်ပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

ယမန်နေ့က ကျင်းပခဲ့သော Preliminary Mee-ting တွင် နှစ်နိုင်ငံသက်ဆိုင်ရာဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ အသေးစိတ်ဆွေးနွေးထားသည့် အစည်းအဝေးမှတ်တမ်းကို မြန်မာနိုင်ငံဘက်က စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် အိန္ဒိယနိုင်ငံဘက်မှ ကူးသန်းရောင်းဝယ် ရေးနှင့်စက်မှုဝန်ကြီးဌာန ကူးသန်းရောင်းဝယ်ရေးဦးစီးဌာနမှ Additional Secretary H.E. Shri Nitin Kumar Yadav တို့က အတည်ပြုလက်မှတ်ရေးထိုးကြပြီး အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံဘက်မှ တက်ရောက်လာသည့် ကိုယ်စားလှယ်များကို နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံသည်။

အဆိုပါ နဝမအကြိမ်မြောက် မြန်မာ-အိန္ဒိယ ကုန်သွယ်ရေးပူးတွဲကော်မတီအစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Sh. Abhay Thakur ၊ အိန္ဒိယသမ္မတနိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၊ ကူးသန်းရောင်းဝယ်ရေးဦးစီးဌာနမှ Additional Secretary Shri Nitin Kumar Yadav ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် တာဝန်ရှိသူများ စုစုပေါင်းကိုယ်စားလှယ် ၅၆ ဦး တက်ရောက်ကြပြီး ဒသမ အကြိမ်မြောက် မြန်မာ-အိန္ဒိယကုန်သွယ်ရေး ပူးတွဲကော်မတီအစည်းအဝေးကို အိန္ဒိယနိုင်ငံနယူးဒေလီမြို့၌ ကျင်းပရန် သဘောတူညီခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။


Posted on Apr 03, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။