နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို သံတမန်များအား ရှင်းလင်းပြောကြား

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို သံတမန်များအား ရှင်းလင်းပြောကြား


Ministry of Information/ Naypyitaw / November 13, 2025
image_latest


ရန်ကုန် နိုဝင်ဘာ ၁၂

နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မြန်မာနိုင်ငံ၏လက်ရှိဖြစ်ပေါ်တိုးတက်မှုအခြေအနေများနှင့်ပတ်သက်၍ ရန်ကုန်မြို့အခြေစိုက် သံတမန်များနှင့်ကုလသမဂ္ဂအဖွဲ့အစည်းမှကိုယ်စားလှယ်များအား ရှင်းလင်းပြောကြားခြင်းအစီအစဉ်ကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှင်းလင်းပြောကြားမှုအစီအစဉ်သို့ ပြည်ထဲရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်ကျော်ကျော်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦး၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့မှ တာဝန်ရှိသူများ၊ ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးများမှသံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ သံတမန်များနှင့် ကုလသမဂ္ဂအဖွဲ့အစည်းမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက မကြာမီကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို လွတ်လပ်၍တရားမျှတပြီး အားလုံးပါဝင်သောရွေးကောက်ပွဲဖြစ်စေရန် ပြင်ဆင်နေမှုများ၊ ရွေးကောက်ပွဲကို အပိုင်းလိုက်ကျင်းပမည့်အစီအစဉ်များ၊ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လို သည့် နိုင်ငံရေးပါတီများ၊ ကိုယ်စားလှယ်လောင်းများအား ကန့်သတ်ထားခြင်း မရှိဘဲ ဥပဒေစည်းမျဉ်းစည်းကမ်းများနှင့်အညီ မှတ်ပုံတင်ခွင့်ပြုခဲ့ခြင်း၊ ပွင့်လင်းမြင်သာသည့် ရွေးကောက်ပွဲ ဖြစ်စေရန်အတွက် ပြည်တွင်းပြည်ပမှ လေ့လာသူအဖွဲ့များ၊ နိုင်ငံတကာမှ သံတမန်များနှင့် အဖွဲ့အစည်းများအား ဖိတ်ကြားထားခြင်း၊ ပြည်တွင်းပြည်ပမှမီဒီယာများအား မှတ်ပုံ တင်ခွင့်ပြုထားခြင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအားလုံးကို ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပါဝင်ရန်နှင့် ထိတွေ့ဆွေးနွေးမှုများမှတစ်ဆင့် နိုင်ငံရေးလုပ်ငန်းစဉ်တွင်ပါဝင်ရန်ဖိတ်ခေါ်မှု အခြေအနေများ၊ နယ်စပ်ဒေသများကိုအခြေပြု၍ဖြစ်ပေါ်နေသည့် နိုင်ငံဖြတ်ကျော်မှုခင်းများ၊ နယ်စပ်အခြေပြုလက်နက်ကိုင်အဖွဲ့များက ကာစီနို၊ အွန်လိုင်းလောင်းကစားစသည်တို့ကို နိုင်ငံတကာရာဇဝတ်ဂိုဏ်းများနှင့်အတူ ကျူးလွန်ဆောင်ရွက်နေမှုများကို တိုက်ဖျက်နေသည့်ကိစ္စများ၊ ၂၀၂၃ ခုနှစ် အောက်တိုဘာလမှစ၍ ၂၀၂၅ ခုနှစ် နိုဝင်ဘာလအထိ နှစ်နှစ်ကျော်ကာလ အတွင်း မြန်မာနယ်စပ်သို့ အိမ်နီးချင်းနိုင်ငံမှတစ်ဆင့် တရားမဝင်ရောက်ရှိနေ သည့် နိုင်ငံပေါင်း ၅၂ နိုင်ငံမှ နိုင်ငံခြားသား ၆၇၉၈၂ ဦးအား အိမ်နီးချင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများထံသို့ ပြန်လည်လွှဲပြောင်းပေးမှုအခြေအနေများ၊ အိမ်နီးချင်း နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ် မြဝတီမြို့ မဲ့ထော်သလေး KK Park နယ်မြေများတွင် အခိုင်အမာအခြေချ၍ အွန်လိုင်းလိမ်လည်မှုများ ကျူးလွန်နေသည့် ဂိုဏ်းများအား တိုက်ဖျက်ချေမှုန်းနေမှု အခြေအနေများ ကို ရှင်းလင်းပြောကြားသည်။

ပူးပေါင်းဆောင်ရွက်မှုလိုအပ်

ထို့ပြင် မြန်မာနိုင်ငံသို့ တရားမဝင် ဝင်ရောက်သူများ၏ ၉၉ ဒသမ ၅ ရာခိုင်နှုန်းမှာ အိမ်နီးချင်းနိုင်ငံများမှတစ်ဆင့် ကုန်းလမ်းမှဝင်ရောက်လာခြင်း၊ ယင်းရာဇဝတ်ဂိုဏ်းများ၊ လက်နက်ကိုင် အဖွဲ့အစည်းများသည် အင်တာနက်၊ လျှပ်စစ်မီး၊ ငွေကြေးလွှဲပြောင်းမှုများကို အိမ်နီးချင်းနိုင်ငံများမှ အခြေခံအဆောက်အအုံများကို အသုံးပြုဆောင်ရွက်ကြောင်း တွေ့ရှိရသဖြင့် အဆိုပါနယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများကိုတိုက်ဖျက်နိုင်ရေးအတွက် အိမ်နီးချင်းနိုင်ငံများ၏ အပြည့် အဝ ပူးပေါင်းဆောင်ရွက်မှုလိုအပ်ကြောင်း၊ မြန်မာနိုင်ငံ၏ ပကတိမြေပြင် အခြေအနေများကို သံတမန်များအနေဖြင့် သက်ဆိုင်ရာအစိုးရများထံ မှန်ကန်စွာတင်ပြရန် တိုက်တွန်းပြောကြားသည်။

လက်တွေ့စမ်းသပ်အသုံးပြု

ဆက်လက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူများက အီလက်ထရောနစ်မဲပေးစက်အသုံးပြု၍ မဲပေးပုံနည်းစနစ်အကြောင်း ရှင်းလင်းသရုပ်ပြရာ တက်ရောက်လာသည့် သံတမန်များက Electronic Voting Machine ကို လက်တွေ့စမ်းသပ်အသုံးပြုခြင်း၊ သိရှိလိုသည်များအား မေးမြန်းဆွေးနွေးခြင်းတို့ ဆောင်ရွက်ကြသည်။

အိမ်နီးချင်းနိုင်ငံများက ဝိုင်းဝန်းထိန်းချုပ်ပေး

ထို့နောက် ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများ၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရာတွင် မြန်မာနိုင်ငံ၌မထုတ်လုပ်နိုင်သည့် ဓာတုအခြေပြု မူးယစ်ဆေးဝါးများ နယ်စပ်နိုင်ငံများမှတစ်ဆင့် မြန်မာနိုင်ငံသို့ ဝင်ရောက်နေမှုများထိန်းချုပ်နိုင်ရေး၊ EAOs များ အဓိကပါဝင်နေပြီး မြန်မာနိုင်ငံ၏ ပြည်တွင်းနိုင်ငံရေးတည်ငြိမ်မှုနှင့် တိုက်ရိုက်သက်ဆိုင်နေခြင်းတို့ကြောင့် အလေးထားဆောင်ရွက်နေကြောင်း၊ ယင်းကို အိမ်နီးချင်းနိုင်ငံများက ဝိုင်းဝန်းထိန်းချုပ်ပေးရန်နှင့် အလေးထားစောင့်ကြည့်အရေးယူ ဆောင်ရွက်ပေးရန် မေတ္တာရပ်ခံလိုကြောင်းပြောကြားပြီး အွန်လိုင်းလောင်းကစား ဂိုဏ်းများ တိုက်ဖျက်ရာ၌ ထိန်းသိမ်း၍ ပြန်လည်ပို့ဆောင်ခဲ့ရသူအချို့၏ ဖြေကြားချက်များ ကို ဗီဒီယိုဖြင့် ပြသရှင်းလင်းသည်။

ထို့အတူ KK Park ရှိ အဆောက်အအုံ စုစုပေါင်း ၆၂၅ လုံးအနက် ပထမအဆင့် တွင် ၁၄၈ လုံး ဖြိုချဖျက်ဆီးနေမှု၊ ဒုတိယအဆင့်တွင် ၆၂ လုံး၊ တတိယအဆင့်တွင် ၄၂၅ လုံး ဆက်လက်ဖြိုချသွားမည့်အခြေအနေများကို ပြောကြားခဲ့ပြီး ရောက်ရှိနိုင်ငံ၊ မူရင်းနိုင်ငံနှင့် တစ်ဆင့်ခံနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှု အရေးကြီးကြောင်း ဆွေးနွေးခဲ့သည်။

ယင်းနောက် တက်ရောက်လာသည့်သံတမန်များက သိရှိလိုသည်များကို မေးမြန်းခဲ့ပြီးတာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Posted on Mar 28, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၀ ရက် ၊ မတ် ၂၇ ရက်၊ သောကြာနေ့။


Posted on Mar 27, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။