နိုင်ငံတည်ဆောက်မည့် လူငယ်များပျိုးထောင်

နိုင်ငံတည်ဆောက်မည့် လူငယ်များပျိုးထောင်


Ministry of Information/ Naypyitaw / April 26, 2024
image_latest


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်အတွက် ဦးတည်ချက်(၉)ရပ် ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ လူမှုရေးဦးတည်ချက်၌ တစ်နိုင်ငံလုံး အသိပညာ၊ အတတ်ပညာ မြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှု အထောက်အကူပြုပညာရှင်များ ထွန်းကားလာစေရေးအတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရေးကို ချမှတ်ဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသောလူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးအချက်ကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ လက်ရှိအချိန်ကာလသည် နွေရာသီကျောင်းပိတ်ရက်ကာလဖြစ်၍ ကျောင်းသား ကျောင်းသူ၊ လူငယ်လူရွယ်များအနေဖြင့် ကျောင်းပိတ်ရက်ကာလကို အကျိုးရှိရှိအသုံးချနိုင်ရေးအတွက် မိဘအုပ်ထိန်းသူများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက တိုးတက်ရာတိုးတက်ကြောင်း အစီအစဉ်များကို ဆောင်ရွက်ပေးကြရမည်ဖြစ်သည်။

နိုင်ငံတော်အနေဖြင့် ၂၀၂၃-၂၀၂၄ ခုနှစ် ပညာသင်နှစ်အတွက် နယ်မြေဒေသအလိုက် ရွေးချယ်ထားသည့် ဘက်စုံထူးချွန်ထက်မြက်သော လူရည်ချွန်ကျောင်းသား ကျောင်းသူ ၅၅၄ ဦးကို နေပြည်တော်အပါအဝင် ပုဂံ၊ တောင်ကြီး၊ ငွေဆောင်နှင့် ချောင်းသာလူရည်ချွန်စခန်းအသီးသီးသို့ လေ့လာရေးစီစဉ်ပေးလျက်ရှိသည်။ မျိုးဆက်သစ်လူငယ်မောင်မယ်များ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အသိပညာများ ဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ရက်များကို အကျိုးရှိစေရန်၊ မိမိဝါသနာပါသည့်ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန်နှင့် နိုင်ငံတော်အတွက် ရေကြောင်းပညာ၊ လေကြောင်းပညာကျွမ်းကျင်သော အနာဂတ်မျိုးဆက်သစ် လူငယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ၂၀၂၄ ခုနှစ် ရေကြောင်းနှင့် လေကြောင်း လူငယ်အခြေခံသင်တန်းများနှင့် တန်းမြင့်သင်တန်းများကို သက်ဆိုင်ရာမြို့နယ် အသီးသီး၌ လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။

လူငယ်လူရွယ်များသည် တိုင်းပြည်၏အနာဂတ်အတွက် ခေါင်းဆောင်ကောင်းများဖြစ်ပြီး နိုင်ငံတော်၏တာဝန်များကို ပခုံးပြောင်းတာဝန်ထမ်းဆောင်ကြမည့် သူများဖြစ်သည်။ ထို့ကြောင့် လူငယ်လူရွယ်များ၏အကျင့်စာရိတ္တများ ကောင်းမွန် စေရေး၊ တိုင်းချစ်ပြည်ချစ်စိတ်ဓာတ်များရရှိပြီး တိုင်းပြည်၏ဂုဏ်ကို မြှင့်တင်လိုစိတ်၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လာအောင် ပါဝင်ကြိုးပမ်းထမ်းဆောင်လိုစိတ်၊ အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားတိုးတက်လိုသောစိတ်ဓာတ်များ ဖြစ်ပေါ်လာစေရေး အတွက် စနစ်တကျပျိုးထောင်မွေးမြူပေးလျက်ရှိသည်။ လူငယ်လူရွယ်များကို ဤသို့မြှင့်တင်ဆောင်ရွက်ပေးနေခြင်းသည် အစိုးရတစ်ရပ်အတွက် ဆောင်ရွက်နေခြင်းမဟုတ်ဘဲ လူငယ်လူရွယ်များအနာဂတ်နှင့် တိုင်းပြည်၏အနာဂတ် ပိုမိုကောင်းမွန်ဖြစ်ထွန်းလာစေရေးအတွက် ဆောင်ရွက်ပေးနေခြင်းဖြစ်သည်မှာ ထင်ရှားပေသည်။

မျက်မှောက်ကာလတွင် မသမာသူများနှင့် နိုင်ငံရေးအစွန်းရောက်သူများက လူငယ်လူရွယ်များအား အသိမှား၊ အမြင်မှား၊ အတွေးမှားများဖြစ်ပေါ်လာအောင် ဆောင်ရွက်နေသည်ကို မြင်တွေ့ရမည်ဖြစ်သည်။ မြန်မာနိုင်ငံ၌ နိုင်ငံရေးအပြောင်း အလဲဖြစ်ပေါ်လာသည်ကို အကြောင်းပြု၍ လူငယ်လူရွယ်များအား လမ်းမှားပေါ်သို့ တွန်းပို့ပေးခဲ့ကြသည်ကို မြင်တွေ့ရမည်ဖြစ်သည်။ လူငယ်လူရွယ်များမှာ ဖယောင်းကဲ့သို့ ပျော့ပျောင်းလွယ်သဖြင့် အတွေးမှား၊ အသိမှားများ ဖုံးလွှမ်းပါက ဖျောက်ဖျက်ရန် ခက်ခဲလှသည်။ ထို့ကြောင့် လမ်းမှားပေါ်တွင် ဘဝအဆုံးသတ် မလှသည့်အခြေအနေများနှင့် ကြုံတွေ့နေရသည့် လူငယ်လူရွယ်များအတွက် စိတ်မကောင်းခြင်းကြီးစွာဖြစ်မိသည်။ လမ်းမှန်ပေါ်တွင်ရောက်ရှိပြီး တိုင်းပြည်ကောင်းရာကောင်းကျိုး ဆောင်ကြဉ်းနေသော လူငယ်လူရွယ်များအတွက် ဝမ်းမြောက်ပီတိဖြစ်မိသည်။

ထို့ကြောင့် လူငယ်လူရွယ်များကို အတွေးမှား၊ အမြင်မှားမဖြစ်ရအောင် ဆောင်ရွက်ပေးကြရမည်ဖြစ်သည်။ အတွေးမှန်၊ အမြင်မှန်၊ အသိမှန်၊ အလုပ်မှန်အောင် ဖန်တီးဆောင်ကြဉ်းပေးကြရမည်ဖြစ်သည်။ လူငယ်လူရွယ်များဟူသည် စူးစမ်းလိုစိတ်၊ စွန့််လွှတ်စွန့်စားလိုစိတ်များဖြင့် တက်ကြွဖျတ်လတ်လှုပ်ရှား နိုင်သောအရွယ်များဖြစ်သည်။ လူငယ်လူရွယ်များသည် မိဘအသိုင်းအဝိုင်းထက် ပတ်ဝန်းကျင်အသိုင်းအဝိုင်းကို ပိုမိုခင်တွယ်ကြသူများဖြစ်သည်။ သို့ဖြစ်၍ အန္တရာယ်ဖြစ်စေနိုင်သော ပတ်ဝန်းကျင်များကို ရှောင်ရှားပြီး ပိုမိုကောင်းမွန်သောပတ်ဝန်းကျင်ကောင်းများတွင် ကျင်လည်နိုင်စေရန် အသွင်သဏ္ဌာန်အမျိုးမျိုးဖြင့် ဖန်တီးပေးကြရမည်ဖြစ်သည်။ ပညာသင်ကြားရမည့်အချိန်အခါတွင် ပညာကို ကောင်းစွာသင်ကြား နိုင်ရေး၊ ယခုကဲ့သို့ကျောင်းပိတ်ရက်ကာလများတွင် အချည်းအနှီးမဖြစ်စေဘဲ အကျိုးရှိသောပတ်ဝန်းကျင်ကောင်းများသို့ ပို့ဆောင်ပေးခြင်းကို ပြုလုပ်ပေးလျက်ရှိသည်။

သို့ဖြစ်ရာ ကျောင်းသား ကျောင်းသူ၊ လူငယ်လူရွယ်များသည် အနာဂတ်ကို ပခုံးပြောင်းတာဝန်ယူကြမည့် မျိုးဆက်သစ်များဖြစ်၍ ပညာသင်ကြားချိန်တွင် ပညာကို အပြည့်အဝသင်ကြားနိုင်ရေး အားပေးဆောင်ရွက်ကြပြီး လူငယ်ကဏ္ဍမြင့်မားတိုးတက်လာရေးအတွက်လည်း နိုင်ငံတော်၏ ဆောင်ရွက်ပေးမှုများနှင့်အတူ မိဘ၊ ဆရာ အုပ်ထိန်းသူများက ဝိုင်းဝန်းအလေးထား ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။          ။

Newspapers Explore more >

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက်၊ မေ ၅ ရက်၊ တနင်္ဂနွေနေ့။


Posted on May 05, 2024

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက်၊ မေ ၄ ရက်၊ စနေနေ့။


Posted on May 04, 2024

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက်၊ မေ ၃ ရက်၊ သောကြာနေ့။


Posted on May 02, 2024

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက်၊ မေ ၂ ရက်၊ ကြာသပတေးနေ့။


Posted on May 02, 2024

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက်၊ မေ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on May 01, 2024

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက်၊ ဧပြီ ၂၉ ရက်၊ တနင်္လာနေ့။


Posted on Apr 29, 2024
AnnouncementsExplore more >

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) တွင် လစ်လပ်သည့် နည်းပြရာထူး (လစာနှုန်းကျပ် ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) (၁၆)နေရာအတွက် လျှောက်ထားနိုင်ကြောင်း ကြေငြာခြင်း

Posted on May 3, 2024

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) တွင် လစ်လပ်သည့် နည်းပြရာထူး (လစာနှုန်းကျပ် ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) (၁၆)နေရာအတွက် ပူးတွဲပါဖိုင်တွင် ဖော်ပြထားသည့် သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီသူများ လျှောက်ထားနိုင်ပါသည်။

HOT NEWS
January 4,