နိုင်ငံတော်ကာကွယ်စောင့်ရှောက်ရေး စည်းကမ်းတကျအလေးထားဆင့်ခေါ်

နိုင်ငံတော်ကာကွယ်စောင့်ရှောက်ရေး စည်းကမ်းတကျအလေးထားဆင့်ခေါ်


Ministry of Information/ Naypyitaw / February 28, 2026
image_latest


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြဋ္ဌာန်းချက် ၃၈၄၊ ၃၈၅၊ ၃၈၆ တွင် နိုင်ငံသားတိုင်းသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို လိုက်နာစောင့်ထိန်းရန်တာဝန်ရှိသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်ရေးသည် နိုင်ငံသားတိုင်း၏တာဝန်ဖြစ်သည်။ နိုင်ငံသားတိုင်းသည် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းရန်တာဝန်ရှိသည်ဟု ပြဋ္ဌာန်းထားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းထားချက်များနှင့်အညီ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ လ ၄ ရက်နေ့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို အတည်ပြုပြဋ္ဌာန်းခဲ့ပြီးနောက် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် စတင်အာဏာတည်ခဲ့သည်။ ပြည်သူ့စစ်မှုထမ်း ဥပဒေအာဏာတည်ပြီးနောက် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁)ကို စတင်ဖွင့်လှစ်ခဲ့ရာ ယခုအခါ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁၉)အထိ သင်တန်းဆင်းခဲ့ပြီး ပြည်သူ့စစ်မှုထမ်းသင်တန်းအပတ်စဉ်သုံးခုကို ဖွင့်လှစ်တက်ရောက် သင်ကြားလေ့ကျင့်လျက်ရှိသည်။ ပြည်သူ့စစ်မှုထမ်းသင်တန်း ဖွင့်လှစ်ခဲ့သည်မှာ နှစ်နှစ်တာကာလရှိခဲ့ပြီး သင်တန်းဆင်းပြီး နိုင်ငံ့သားကောင်းရတနာများသည် နိုင်ငံတော်ကို တာဝန်ကျေပွန်စွာ ကာကွယ်စောင့်ရှောက်ပေးလျက်ရှိသည်။

ပြည်သူ့စစ်မှုထမ်းများက နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ကျေပွန်စွာထမ်းရွက်လျက်ရှိနေချိန်တွင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးနှင့် တာဝန်ထမ်းရေး တို့နှင့်ပတ်သက်၍ ပြည်သူများကြားတွင် အမျိုးမျိုးအဖုံဖုံပြော ဆိုဆောင်ရွက်မှုများကို ကြားသိနေရသည်။ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၆)ကို ဖေဖော်ဝါရီ ၂၆ ရက်တွင် ကာကွယ်ရေးဝန်ကြီးဌာန၌ကျင်းပရာ ပြည်သူ့ စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌက ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်မှုနှင့် ပတ်သက်၍ “စည်းကမ်းတကျဆင့်ခေါ်မှုကို အလေးထားရန် လမ်းညွှန်ထားရှိမှုအပေါ် အဆင့်ဆင့်သော ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များအနေဖြင့် အလေးထားလိုက်နာ ဆောင်ရွက်ကြရန် အခြေအနေမှန်ကို ပြည့်ပြည့်စုံစုံပြောကြားခဲ့သည်။

နိုင်ငံတော်ကာကွယ်ရေးအတွက် နိုင်ငံသားတိုင်းတွင်တာဝန်ရှိပြီး ဥပဒေအရ အသက်သတ်မှတ်ချက်နှင့် ကိုက်ညီအကျုံးဝင်သူများအနေဖြင့် သတ်မှတ်ကာလအလိုက် အဆင်ပြေချောမွေ့စွာ တာဝန်ထမ်းဆောင်နိုင်ရေး စီမံဆင့်ခေါ်ဆောင်ရွက်လျက်ရှိသည်။ ပြည်သူ့စစ်မှုထမ်းသင်တန်းဆင်းပြီးသူများအနက် သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်ရရှိသူ၊ သူရဲကောင်းလက်မှတ်ရရှိသူ၊ ဂုဏ်ထူးဆောင်လက်မှတ်နှင့် အကြီးအကဲများ၏ ချီးကျူးဂုဏ်ပြုလက်မှတ်ရရှိခဲ့သူ ၇၄ ဦးရှိပြီး ဆက်လက်၍ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးအတွက် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်နှင့် ရဲဝံ့စွန့်စား သတ္တိများနှင့် ကြိုးပမ်းထမ်းဆောင်လျက်ရှိသည်။

နိုင်ငံတစ်ဝန်း ဒေသအလိုက် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် နယ်ပယ်အမျိုးမျိုး၊ လူအမျိုးမျိုးရှိသည်ဖြစ်၍ အားသာချက်၊ အားနည်းချက်၊ လိုအပ်ချက်များလည်း ရှိမည်ဖြစ်သည်။ ပြည်သူနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံရသည့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ၊ မြို့နယ်အဖွဲ့များအနေဖြင့် လူမှုဆက်ဆံရေးကောင်းမွန်ရေး၊ မရိုးသားမှုများမပြုလုပ်ရေး၊ လုပ်ထုံးလုပ်နည်းနှင့်အညီ စနစ်တကျဆောင်ရွက်ရေးတို့အတွက် တာဝန်ရှိသူအဆင့်ဆင့်က စိစစ်ကြပ်မတ်ရန်လိုသည်။ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်နေသူများအား မမှန်သတင်းများ၊ တစ်ဆင့်ကြားသတင်းများဖြင့် တိုင်ကြားမှုများရှိသည်။ လုပ်ကြံပြောဆိုဝါဒဖြန့်မှုများ၊ မမှန်မကန်တိုင်ကြားမှုများကို ဖော်ထုတ်အရေးယူရန်လိုသည်။ သင်တန်းကျောင်းသို့မရောက်မီ စုရပ်များတွင်စိစစ်ရာ၌ အသက်မပြည့်သူ၊ အသက်ကျော်လွန်သူများကို ပြန်လည်စေလွှတ်မှုများရှိရာ အကျုံးဝင်သူကိုသာ သေချာစွာစိစစ်ခေါ်ယူရန်လိုသည်။

ဗဟိုအဖွဲ့အနေဖြင့် နေပြည်တော်ကောင်စီနှင့် ပြည်နယ်၊ တိုင်းဒေသကြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များက တင်ပြလာသည့် ကင်းလွတ်ခွင့်၊ လျှော့ပေါ့ခွင့်၊ ရွှေ့ဆိုင်းခွင့်များကို အလေးထားစိစစ်၍ ခွင့်ပြုပေးလျက်ရှိသည်။ ခွင့်ပြုခဲ့သူများမှ ရွှေ့ဆိုင်းခွင့်ပြုခဲ့သူများအား စနစ်တကျမှတ်တမ်းရေးသွင်းပြီး ပြန်လည်ဆင့်ခေါ်ရမည့်အချိန်တွင် ရာခိုင်နှုန်းပြည့် ပြန်လည်ဆင့်ခေါ်နိုင်ရေး စနစ်တကျ ကြပ်မတ်ဆောင်ရွက်ပေးရန်လိုသည်။ သတ်မှတ်အချိန်ကာလအတိုင်း ပြည်သူ့စစ်မှုထမ်းတာဝန် ကျေပွန်စွာထမ်းရွက်ခဲ့ပြီး တပ်မတော်မှနုတ်ထွက်ခဲ့သူများ ပြန်လည်နေရာချထားမှုခံယူလိုသူများအတွက် “စစ်မှုထမ်းတာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့သူများ အလုပ်အကိုင်ရရှိရေးစီမံခန့်ခွဲမှုကော်မတီကို ဖွဲ့စည်းဆောင်ရွက်ပေးလျက်ရှိသည်။

သို့ဖြစ်ရာ နိုင်ငံတော်ကာကွယ်ရေးအတွက် နိုင်ငံသားတိုင်းတွင် တာဝန်ရှိသဖြင့် ပြဋ္ဌာန်းထားသော ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်အညီ သက်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် တိတိကျကျ မှန်မှန်ကန်ကန် စနစ်တကျဆောင်ရွက်ကြရမည်ဖြစ်သလို သတ်မှတ်ချက်နှင့်အကျုံးဝင်သော နိုင်ငံသားများကလည်း ဥပဒေပြဋ္ဌာန်းထားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကို တာဝန်ကျေပွန်စွာပါဝင်ထမ်းဆောင်သည့် နိုင်ငံ့သားကောင်းများဖြစ်လာမည်ဖြစ်ပါကြောင်း။ ။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက် ၊ ဖေဖော်ဝါရီ ၂၈ ရက်၊ စ​နေနေ့။


Posted on Feb 28, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၂၇ ရက်၊ သောကြာနေ့။


Posted on Feb 27, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့။


Posted on Feb 26, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Feb 25, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။


Posted on Feb 24, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့။


Posted on Feb 23, 2026
AnnouncementsExplore more >

ကြော်ငြာစာအမှတ်(၁/၂၀၂၆)ပါ ရာထူးတွင် တာဝန်ထမ်းဆောင်ခြင်းနှင့်စပ်လျဉ်း၍ သီးခြားစည်းကမ်းချက်များရှိသည့် ဌာနများ၏ ဆက်သွယ်ရန် ဖုန်းနံပါတ်များ

Posted on Feb 27, 2026

ကြော်ငြာစာအမှတ်(၁/၂၀၂၆)ပါ ရာထူးတွင် တာဝန်ထမ်းဆောင်ခြင်းနှင့်စပ်လျဉ်း၍ သီးခြားစည်းကမ်းချက်များရှိသည့် ဌာနများ၏ ဆက်သွယ်ရန် ဖုန်းနံပါတ်များ

ကြော်ငြာစာအမှတ်(၁/၂၀၂၆)ဖြင့် ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း( ၂၄ )ခုမှ လစ်လပ်လျက်ရှိသော ရာထူးနေရာများအတွက် ကြော်ငြာခေါ်ယူခြင်း

Posted on Feb 27, 2026

ကြော်ငြာစာအမှတ်(၁/၂၀၂၆)ဖြင့် ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း( ၂၄ )ခုမှ လစ်လပ်လျက်ရှိသော ရာထူးနေရာများအတွက် ကြော်ငြာခေါ်ယူခြင်း

အခွန်အယူခံခုံအဖွဲ့ဥပဒေကို ပြင်ဆင်သည့် ဥပဒေ

Posted on Feb 26, 2026

အခွန်အယူခံခုံအဖွဲ့ဥပဒေကို ပြင်ဆင်သည့် ဥပဒေ