နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံတာဝန်ထမ်းဆောင်ကြမည့် နိုင်ငံ့သားကောင်းများ၏ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁၀) သင်တန်းဆင်းပွဲများ ကျင်းပပြုလုပ်

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံတာဝန်ထမ်းဆောင်ကြမည့် နိုင်ငံ့သားကောင်းများ၏ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁၀) သင်တန်းဆင်းပွဲများ ကျင်းပပြုလုပ်


Ministry of Information/ Naypyitaw / May 06, 2025
image_latest


နေပြည်တော် မေ ၅

နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန်တာဝန်ရှိသဖြင့် ယင်းတာဝန်များကို ထမ်းဆောင်နိုင်ရန်အတွက် နိုင်ငံသားတိုင်း စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်တွင် စတင်အာဏာတည်ခဲ့ပြီး နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်ရန် စိတ်အားထက်သန်စွာ လာရောက်စာရင်းပေးသွင်းကြသည့် လူငယ်များကို ပြည်သူ့စစ်မှုထမ်း သင်တန်းများဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

ယခုအခါ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၁၀) သင်တန်းဆင်းပွဲအခမ်းအနားများကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်များအလိုက် နယ်မြေခံသင်တန်းကျောင်းအသီးသီး၌ ကျင်းပပြုလုပ်ကြသည်။ အဆိုပါသင်တန်းဆင်းပွဲများကို သင်တန်းဆင်းစစ်ရေးပြ အစီအစဉ်အတိုင်း ဆောင်ရွက်ကြပြီးသင်တန်းသားများက နိုင်ငံတော်အလံကိုကိုင်၍ ကတိသစ္စာခံယူကြသည်။

ထို့နောက် သင်တန်းကျောင်းများအလိုက် သင်တန်းဆင်း ထူးချွန်ဆုများဖြစ်သည့် စံပြတပ်သားဆု၊ စစ်ရေးပြထူးချွန်ဆု၊ လက်ဖြောင့်တပ်သားဆု၊ စစ်သည်တော်ကျင့်ဝတ်ဆု၊ မိုင်းကျွမ်းကျင်ဆု၊ တပ်စိတ်တိုက်နည်း ပထမဆု၊ ချေမှုန်းရေးပထမဆု၊ အိပ်ဆောင်အကောင်းဆုံးဆုရရှိသူများအား တာဝန်ရှိသူများကဆုများ အသီးသီးပေးအပ်ချီးမြှင့်ပြီး သင်တန်းဆင်း အမှာစကားများပြောကြားကြသည်။

သင်တန်းဆင်းပွဲ အခမ်းအနားများအပြီးတွင် သင်တန်းဆင်းပွဲသို့ တက်ရောက်ကြသော နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သင်တန်းကျောင်းခန်းမများ၌ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁၀) မှ သင်တန်းဆင်း နိုင်ငံ့သားကောင်းစစ်သည်များအား တွေ့ဆုံအမှာစကားပြောကြားကာ ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးကြသည်။

အဆိုပါ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁၀) မှ သင်တန်းသားများကို ကြံ့ခိုင်ရေးဘာသာရပ်၊ စစ်ရေးပြဘာသာရပ်၊ စစ်နည်းဗျူဟာဘာသာရပ်စသည့် ဘာသာရပ်များနှင့် အထွေထွေ ဘာသာရပ်များအား အဆင့်ဆင့်လေ့ကျင့်သင်ကြား ခဲ့ကြောင်းသိရသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)၊ ပုဒ်မ-၃၈၅ တွင် နိုင်ငံတော်၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ ခိုင်မြဲရေးအတွက်ကာကွယ် စောင့်ရှောက်ရေးသည် နိုင်ငံသားတိုင်းတွင် တာဝန်ရှိသည်ဟုပြဋ္ဌာန်းထားပြီး ပုဒ်မ-၃၈၆တွင် နိုင်ငံသားတိုင်းသည် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်ရန် တာဝန်ရှိသည်ဟု ပြဋ္ဌာန်းထားသည်။ နိုင်ငံတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံသားများ၏အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ပေးလျက်ရှိပြီး နိုင်ငံသားများအနေဖြင့်လည်း နိုင်ငံ့တာဝန်များကို ထမ်းဆောင်ကြရမည်ဖြစ်သည်။ ယင်းတာဝန်များကို ကျေပွန်စွာထမ်းဆောင် ရန်ဆန္ဒရှိကြသည့် နိုင်ငံ့သားကောင်းများသည် ပြည်သူ့စစ်မှုထမ်းသင်တန်းများ တက်ရောက်ကာ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်နေကြပြီဖြစ်သည်။

ယနေ့တွင် သင်တန်းဆင်းခဲ့ကြသည့် ပြည်သူ့စစ်မှုထမ်း နိုင်ငံ့သားကောင်းစစ်သည်များသည်လည်း အဖွဲ့အစည်းဖြင့် စည်းစနစ်ကျစွာ လုပ်ကိုင်ဆောင်ရွက်တတ်သည့် အလေ့အကျင့်များ (TeamWork) ရရှိခဲ့ပြီး နိုင်ငံချစ်စိတ် (Nationalism)၊ မျိုးချစ်စိတ် (Patriotism)၊ အဖွဲ့အစည်းစိတ် (Team Sprit)၊ ရဲဘော်ရဲဘက်စိတ် (esprit de corps) အပြည့်ဖြင့်တာဝန်ကျရာတပ်ရင်း၊ တပ်ဖွဲ့အသီးသီးသို့သွားရောက်၍ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ဂုဏ်ယူစွာထမ်းဆောင်ကြတော့မည်ဖြစ်သည်။

ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၁၀) တွင် တက်ရောက်ခဲ့ရသည့် အတွေ့အကြုံများ၊ သင်တန်းမှရရှိခဲ့သည့် အလေ့အကျင့်ကောင်းများ၊ ယုံကြည်ချက်၊ ခံယူချက်များနှင့် သင်တန်း ဆင်းပြီးနောက် မိမိတို့တာဝန်ကျရာ တပ်ရင်း၊ တပ်ဖွဲ့များ၌ ဆက်လက်တာဝန်ထမ်းဆောင်သွားမည့် အခြေအနေများနှင့် ပတ်သက်၍သင်တန်းဆင်း နိုင်ငံ့သားကောင်းစစ်သည်များ၏ စကားသံများကိုလည်း ယခုလိုပဲကြားသိရပါသည် -

၁။ ဒီမှာသင်တန်းတက်ရတာ နိုင်ငံ့တာဝန်ကို စတင်ထမ်းဆောင်ရတာဖြစ်လို့ ဂုဏ်ယူပါတယ်။ သင်တန်းမှာ အတူတူတက်ခဲ့တဲ့ ညီအစ်ကိုတွေကိုလည်း အချင်းချင်းကူညီစောင့်ရှောက်ပေးတာတွေရယ်၊ စည်းကမ်းပိုင်းနဲ့ပတ်သက်ပြီးတော့လည်း နည်းပြတွေက ပြောဆိုဆုံးမကြပါတယ်။ နည်းပြအားလုံးလည်း တော်ကြပါတယ်။ ကျွန်တော်တို့ကို သားသမီးသဖွယ်စောင့်ရှောက်ပြီး စစ်ပညာပိုင်းဆိုင်ရာကိုလည်း အားလုံးကိုတတ်မြောက်ကျွမ်းကျင်အောင် သင်ပေးကြပါတယ်။ သင်တန်းသားတွေကလည်း ဘယ်နေရာပဲဖြစ်ဖြစ် အကုန်လုံးအဆင်ပြေပြေလုပ်နိုင်ကြပါတယ်။ သင်ခန်းစာတွေကတော့ စစ်ရေးကျွမ်းကျင်မှုနဲ့ပတ်သက်ပြီး အကုန်လုံးသင်ကြားရပါတယ်။ အကုန်လုံးလည်း တတ်မြောက်ကျွမ်းကျင်ကြပါတယ်။ ဘယ်နေရာပဲရောက်ရောက် ကျွန်တော်တို့က အကောင်းဆုံးလုပ်မယ်ဆိုတာကိုပဲ တွေးထားပါတယ်။

၂။ ပြည်သူ့စစ်မှုထမ်းသင်တန်း အပတ်စဉ် (၁၀) မှာ ကျွန်တော်ရရှိတဲ့ဆုကတော့ စံပြတပ်သားဆုဖြစ်ပါတယ်။ ဆုရရှိအောင် ကြိုးစားခဲ့တာကတော့ သင်တန်းဖွင့်လှစ်သင်ကြားပေးခဲ့တဲ့ ကြံ့ခိုင်ရေး၊ စစ်ရေးပြ၊ လက်နက်ငယ်၊ စစ်ရေးဗျူဟာဘာသာရပ်နဲ့ အခြားအထွေထွေဗဟုသုတတွေကို သင်ကြားပေးတဲ့အတိုင်း လိုက်နာဆောင်ရွက်တဲ့အတွက် အခုလိုဆုရရှိတယ်လို့ ထင်မိပါတယ်။ ပြည်သူတစ်ယောက်အနေနဲ့ နိုင်ငံတော်တာဝန်ကို အခုလိုတစ်ထောင့် တစ်နေရာကနေ တာဝန်ထမ်းဆောင်ရမှာဖြစ်တဲ့ အတွက်ဂုဏ်ယူမိပါတယ်။ တာဝန်ကျရာတပ်တွေကို ရောက်တဲ့အခါမှာ ကျောင်းတော်ကြီးက သင်ကြားလေ့ကျင့်ပေးလိုက်တဲ့ ပညာရပ်တွေနဲ့ အလေ့အကျင့်ကောင်းတွေကို လေ့ကျင့်အသုံးချ ပြီးပေးအပ်တဲ့တာဝန်ကိုအကောင်း ဆုံးကျေပွန်စွာထမ်းဆောင်သွားပါမယ်လို့ ခံယူထားပါတယ်။ နိုင်ငံတော်ကာကွယ်ရေးတာဝန်ဆိုတာ နိုင်ငံသားတိုင်းထမ်းဆောင်ရမယ့် အမျိုးသားရေးတာဝန်ဖြစ်တာကြောင့် နောက်ထပ်ဖွင့်လှစ်မယ့် ပြည်သူ့စစ်မှုထမ်းသင်တန်းတွေမှာ ညီငယ်တွေအနေနဲ့ နိုင်ငံသားတာဝန်၊ အမျိုးသားတာဝန်ကျေပွန်အောင် တက်ရောက်ကြဖို့ တိုက်တွန်း ပြောကြားလိုပါတယ်။

၃။ ကျွန်တော် ပြည်သူ့စစ်မှုထမ်းသင်တန်းကို နိုင်ငံသားတစ်ယောက်အနေနဲ့ နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်ရမှာဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်လာရောက် တက်ခဲ့တာဖြစ်ပါတယ်။ သင်တန်းကာလမှာ ကြုံတွေ့ခဲ့ရတဲ့အခက်အခဲတွေကို သင်ကြားပေးတဲ့ ဆရာတွေ၊ သူငယ်ချင်းတွေရဲ့ အားပေးမှုတွေနဲ့ ကျော်လွှားခဲ့ပါတယ်။ သင်တန်းတက်ခါစတုန်းကတော့ ပင်ပန်းတယ်လို့ထင်မိပါတယ်။ နောက်ပိုင်းကျတော့ နေသားကျသွားတဲ့အတွက် ပင်ပန်းမှုဒဏ်ကို မခံစားရတော့ပါဘူး။ ဒီသင်တန်းကိုတက်ရောက်ပြီးသွားတဲ့အခါမှာ ကျွန်တော်စည်းစနစ်တကျ နေထိုင်တတ်သွားတယ်လို့ ခံစားမိပါတယ်။ နိုင်ငံတော်ကာကွယ်ရေးတာဝန်ဆိုတာ အမျိုးသားတိုင်းထမ်းဆောင်ရမယ့် တာဝန်ဖြစ်လို့ နောက်ထပ် လာရောက်တက်ကြမယ့် ညီငယ်လေးတွေကို လာရောက်တက်ကြပါလို့ ဖိတ်ခေါ်ချင်ပါတယ်။

ထို့နောက် ညပိုင်းတွင် သင်တန်းကျောင်းအသီးသီး၌ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၁၀) မှ နိုင်ငံ့သားကောင်းစစ်သည်များကို သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲများ ပြုလုပ်ခဲ့ကြကြောင်းသတင်းရရှိသည်။         

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက်၊ မေ ၆ ရက်၊ အင်္ဂါနေ့။


Posted on May 06, 2025

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက်၊ မေ ၅ ရက်၊ တနင်္လာနေ့။


Posted on May 05, 2025

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက်၊ မေ ၄ ရက်၊ တနင်္ဂနွေနေ့။


Posted on May 04, 2025

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက်၊ မေ ၃ ရက်၊ စနေနေ့။


Posted on May 03, 2025

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက်၊ မေ ၂ ရက်၊ သောကြာနေ့။


Posted on May 02, 2025

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက်၊ မေ ၁ ရက်၊ ကြာသပတေးနေ့။


Posted on Apr 30, 2025
AnnouncementsExplore more >

မြန်မာ့ရိုးရာပန်းပညာ(၁၀)မျိုး အထိမ်းအမှတ် Block stamp အထူးထုတ် (၂၀၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ် (၁) မျိုးအား‌ရောင်းချပေးမည်။

Posted on May 3, 2025

မြန်မာ့ရိုးရာပန်းပညာ(၁၀)မျိုး အထိမ်းအမှတ် Block stamp အထူးထုတ် (၂၀၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ် (၁) မျိုးအား‌ရောင်းချပေးမည်။

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၃/၂၀၂၅)

Posted on May 2, 2025

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၄/၂၀၂၅)

HOT NEWS
January 4,