နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ (မိတ္ထီလာ) သို့ သွားရောက်ကြည့်ရှုစစ်ဆေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ (မိတ္ထီလာ) သို့ သွားရောက်ကြည့်ရှုစစ်ဆေး


Ministry of Information/ Naypyitaw / June 17, 2024
image_latest


နေပြည်တော် ဇွန် ၁၇

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ရှိ တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ (မိတ္ထီလာ) သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား စက်ရုံအစည်းအဝေးခန်းမ၌ စက်ရုံမှူး ဦးနိုင်လင်းက ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလအတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် စက်ရုံသို့ လာရောက်စစ်ဆေးစဉ် လမ်းညွှန်ချက်များအား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှု၊ စက်ရုံသမိုင်းအကျဉ်း၊ စက်ရုံမှ ချည်အမျိုးမျိုး ထုတ်လုပ်နိုင်မှုအခြေအနေများ၊ ဝန်ထမ်းများသက်သာချောင်ချိရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဖြင့် ဆောင်ရွက်ပေးနေမှု၊ ၂/၈၀ ချည်များအား ပြည်တွင်း၌ ထွက်ရှိသည့် ဝါများဖြင့် ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြည်ပသို့ ဝါများကို ရောင်းချမည့်အစား ပြည်တွင်း၌ လိုအပ်လျက်ရှိသည့် အဆင့်မီချည်များကို ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ခြင်ထောင်၊ စောင်၊ အိပ်ယာခင်းအပါအဝင် အခြေခံချည်ထည်အမျိုးမျိုးကို ပြည်တွင်း၌ ထုတ်လုပ်နိုင်ပြီးဖြစ်သောကြောင့် ပြည်တွင်းလိုအပ်ချက်ကို ပြည့်မီအောင်ထုတ်လုပ်ပြီး ပြည်ပသွင်းကုန်လျော့ကျစေရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်တွင်းမှထွက်ရှိသည့် ဝါများဖြင့်အရည်အသွေးမြင့် ချည်ထည်နှင့် ပိတ်များ ထုတ်လုပ်နိုင်ရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပြည်တွင်းရှိ အထည်အလိပ်နှင့် ပတ်သက်သည့် အငယ်စား၊ အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းများ၌ လိုအပ်လျက်ရှိသော ချည်မျှင်နှင့် အထည်အလိပ်များကို လိုအပ်ချက်ပြည့်မီအောင် ထုတ်လုပ်၍ ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည်ဆိုပါက ပြည်ပမှ တင်သွင်းနေရမှုများကို လျှော့ချနိုင်မည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ခင်းကျင်းပြထားသော စက်ရုံမှထုတ်လုပ်ထားသည့် ယူနီဖောင်းပိတ်စများနှင့် ချည်ထည်များ၏ အရည်အသွေးများအား ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ချည်ထည်များ၏ အရည်အသွေးအား ဆက်လက်ထိန်းသိမ်းသွားရန်၊ ဈေးကွက်လိုအပ်ချက်အပေါ်မူတည်၍ တိုးမြှင့်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များကို မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အရည်အသွေးမြင့်ချည်များ ထုတ်လုပ်နိုင်မည့် ချည်ငင်စက်ရုံနှင့် ဆေးဆိုးစက်ရုံ တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိကြပြီး စက်ရုံများ တည်ဆောက်ပြီးစီးမှုနှင့် စက်ကိရိယာများ တပ်ဆင်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကာ စက်ရုံမှူးနှင့် စက်ရုံတည်ဆောက်ရေးတွင် ပါဝင်သည့် နိုင်ငံခြားသားပညာရှင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ချည်ငင်စက်ရုံနှင့် ဆေးဆိုးစက်ရုံတည်ဆောက်ရေးတွင် ပါဝင်သည့် နိုင်ငံခြားသားပညာရှင်များအား ဒေသထွက်လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၀ ရက် ၊ ဒီဇင်ဘာ ၂၈ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Dec 28, 2025

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၉ ရက် ၊ ဒီဇင်ဘာ ၂၇ ရက်၊ စ​နေနေ့။


Posted on Dec 27, 2025

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၈ ရက် ၊ ဒီဇင်ဘာ ၂၆ ရက်၊ သောကြာနေ့။


Posted on Dec 26, 2025

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၇ ရက် ၊ ဒီဇင်ဘာ ၂၅ ရက်၊ ကြာသပတေးနေ့။


Posted on Dec 25, 2025

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၆ ရက် ၊ ဒီဇင်ဘာ ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Dec 24, 2025

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၅ ရက် ၊ ဒီဇင်ဘာ ၂၃ ရက်၊ အင်္ဂါနေ့။


Posted on Dec 23, 2025
AnnouncementsExplore more >

ဧရာဝတီတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲများကျင်းပခြင်းမပြုမည့် နယ်မြေများစာရင်း ထုတ်ပြန်ကြေညာ

Posted on Dec 28, 2025

ဧရာဝတီတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲများကျင်းပခြင်းမပြုမည့် နယ်မြေများစာရင်း ထုတ်ပြန်ကြေညာ

ဧရာဝတီတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲများကျင်းပခြင်းမပြုမည့် နယ်မြေများစာရင်း ထုတ်ပြန်ကြေညာ

Posted on Dec 28, 2025

ဧရာဝတီတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲများကျင်းပခြင်းမပြုမည့် နယ်မြေများစာရင်း ထုတ်ပြန်ကြေညာ

ရှမ်းပြည်နယ်အတွင်း ရွေးကောက်ပွဲများကျင်းပခြင်းမပြုမည့် နယ်မြေများစာရင်း ထုတ်ပြန်ကြေညာ

Posted on Dec 28, 2025

ရှမ်းပြည်နယ်အတွင်း ရွေးကောက်ပွဲများကျင်းပခြင်းမပြုမည့် နယ်မြေများစာရင်း ထုတ်ပြန်ကြေညာ

HOT NEWS
January 4,