နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ (၁/၂၀၂၅) အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ (၁/၂၀၂၅) အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား


Ministry of Hotel & Tourism/ နေပြည်တော် / January 09, 2025


နေပြည်တော် ဇန်နဝါရီ ၈

အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ (၁/၂၀၂၅) အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ကျင်းပရာ အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ ဗဟိုကော်မတီ အကြံပေး ပုဂ္ဂိုလ်၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်၊ ခရီးသွားလုပ်ငန်းဆိုင်ရာ တတ်သိပညာရှင် များ၊ ပုဂ္ဂလိကခရီးသွားလုပ်ငန်းအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူ များ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ဝန်ကြီးချုပ်များနှင့် စီးပွားရေးရာဝန်ကြီး များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

ဦးစွာ အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး က ယနေ့အစည်းအဝေးကို (၁/၂၀၂၄) ကြိမ်မြောက် ဗဟိုကော်မတီအစည်းအဝေးမှ ထွက်ပေါ်လာ သည့် ဆွေးနွေးတင်ပြချက်များ၊ ဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှု အခြေအနေများကို သိရှိသုံးသပ်နိုင်ရန်နှင့် ခရီးသွားရာသီကာလတွင် နိုင်ငံတကာခရီးသွားဧည့်သည် များ ပိုမိုရောက်ရှိရေး၊ ဝန်ကြီးဌာနနှင့်အတူ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရများမှ ဆောင်ရွက် ရမည့်လုပ်ငန်းစဉ်များကိုအရှိန်မြှင့်ဆောင်ရွက်နိုင်ရေးဆွေးနွေးအဖြေရှာရန် ကျင်းပခြင်းဖြစ်ကြောင်း။

ခရီးသွားပိုမိုလာရောက်ရေး အလေးထားဆောင်ရွက်

ကမ္ဘာ့ဒေသအသီးသီးတွင် ခရီးသွားဧည့်သည်များ ပိုမိုရောက်ရှိလာစေရန်အတွက် ခရီးသွား လုပ်ငန်းကဏ္ဍစီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံမှုများတိုးချဲ့မှု၊ visa ဖြေလျှော့မှု၊ လေကြောင်းလိုင်းများ တိုးချဲ့ပျံသန်းမှု၊ ဈေးကွက်မြှင့်တင်ရေး ပိုမိုလုပ်ဆောင်မှု၊ ခရီးစဉ်ဒေသများတွင် ခရီးသွားထုတ်ကုန် များဖော်ထုတ်မှု၊ events များ လက်ခံကျင်းပမှုစသည့် အစီအစဉ်များချမှတ်ဆောင်ရွက်လာကြသည် ကို တွေ့ရှိရကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်း နိုင်ငံ၏စီးပွားရေးကို အထောက်အကူပြုစေမည့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်တွင်းခရီးသွားများ လွယ်ကူချောမွေ့စွာ ခရီးသွားလာ နိုင်ရေးနှင့် ပြည်ပခရီးသည်များ ပိုမိုလာရောက်ရေးတို့ကို အခြားနိုင်ငံများနည်းတူ အလေးထား ဆောင်ရွက်ကြရန် လိုအပ်ကြောင်း။

ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်အောင် ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်ပြီး မိမိတို့၏ဒေသ ထွက်ကုန်ပစ္စည်းများ၊ စားသောက်ကုန်များ၊ အမှတ်တရလက်ဆောင် ပစ္စည်းများကို တွင်တွင် ကျယ်ကျယ် အသုံးပြုပြီး ထိုမှတစ်ဆင့် ကုန်ချောပစ္စည်းများ ပိုမိုထုတ်လုပ်နိုင်ရေး၊ လိုအပ်သည့် နည်းစနစ်များ၊ ဗဟုသုတများနှင့် သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲ၊ ပြပွဲပြိုင်ပွဲများအား သက်ဆိုင် ရာ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း။

သက်ဆိုင်ရာ တိုင်းဒေသကြီး၊ပြည်နယ်အလိုက် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီများ အနေဖြင့် ခရီးသွားလုပ်ငန်းကော်မတီ၏ လမ်းညွှန်မှုနှင့်ခရီးစဉ်ဒေသများရေရှည်ဖွံ့ဖြိုးရေး၊ သန့်ရှင်း သာယာလှပရေး၊ ဒေသထွက်အစားအသောက်များ၊ တိုင်းရင်းသားရိုးရာ အစားအစာများ၊ ကျန်းမာ ရေးနှင့်ညီညွတ်မှုရှိပြီး အဆင့်မီစွာဖြင့် ဝန်ဆောင်မှုပေးနိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများ က ဒေသခံများနှင့် လက်တွဲပြီး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ မြန်မာနိုင်ငံ၏ ခရီးစဉ်များသည် လုံခြုံစိတ်ချဘေးအန္တရာယ်ကင်းစွာ သွားလာလည်ပတ်နိုင်သည့် ပကတိအခြေ အနေမှန်ကို ခရီးသွားများအချိန်တိုတိုအတွင်း ထိထိရောက်ရောက်သိရှိအောင် အဓိကထား ဆောင်ရွက်ကြရန်မှာကြားလိုကြောင်း၊ မိမိတို့နိုင်ငံ၏ ထူးခြားသည့်ခရီးသွားထုတ်ကုန်နှင့် ဝန်ဆောင် မှုများကိုလည်း Digital Platform များမှတစ်ဆင့် ကမ္ဘာ့ခရီးသွားအသိုက်အဝန်းက သိရှိနိုင်ရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

ထို့နောက် အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ယခင်ကျင်းပခဲ့သည့် ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီအစည်းအဝေးများမှ ဆုံးဖြတ်ချက်များ အပေါ် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်လျက်ရှိသည့်အခြေအနေ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းကဏ္ဍ၏ လက်ရှိအခြေအနေများနှင့် အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင် ရွက်သင့်သည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြသည်။

ယင်းနောက် ဗဟိုကော်မတီ အတွင်းရေးမှူး ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဖြိုးဇော်စိုးက ဗဟိုကော်မတီ (၁/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်များ အပေါ် ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်လျက်ရှိသည့်အခြေအနေနှင့် ဗဟိုကော်မတီသို့ တင်သွင်း လာသည့် အမှာစာများကို ဖတ်ကြားတင်ပြပြီး အတည်ပြုချက်ရယူသည်။

ကဏ္ဍများအလိုက် ရှင်းလင်းဆွေးနွေး

ဆက်လက်၍ ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများ၊ ဗဟိုကော်မတီအကြံပေးပုဂ္ဂိုလ်၊ နေပြည်တော်ကောင်စီဝင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှ စီးပွားရေးရာဝန်ကြီးများ ပုဂ္ဂလိကခရီးသွားအဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ၊ ခရီးသွားလုပ်ငန်းတတ်သိပညာရှင်များနှင့် တာဝန်ရှိသူများက ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်း ဆွေးနွေးတင်ပြကြရာ ဗဟိုကော်မတီဥက္ကဋ္ဌက ဖြည့်စွက်ဆွေးနွေးပြီး လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး က နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

Source From: MyanmarAlin

Newspapers Explore more >

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၂ ရက်၊ ဇန်နဝါရီ ၁၀ ရက်၊ သောကြာနေ့။


Posted on Jan 10, 2025

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၁ ရက်၊ ဇန်နဝါရီ ၉ ရက်၊ ကြာသပတေးနေ့။


Posted on Jan 09, 2025

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၀ ရက်၊ ဇန်နဝါရီ ၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jan 07, 2025

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၉ ရက်၊ ဇန်နဝါရီ ၇ ရက်၊ အင်္ဂါနေ့။


Posted on Jan 07, 2025

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၈ ရက်၊ ဇန်နဝါရီ ၆ ရက်၊ တနင်္လာနေ့။


Posted on Jan 06, 2025

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၇ ရက်၊ ဇန်နဝါရီ ၅ ရက်၊ တနင်္ဂနွေနေ့။


Posted on Jan 05, 2025
AnnouncementsExplore more >

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း

Posted on Jan 9, 2025

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း

တာဝန်မှ အနားယူခွင့်ပြုခြင်း

Posted on Jan 8, 2025

တာဝန်မှ အနားယူခွင့်ပြုခြင်း

HOT NEWS
January 4,