နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ် သိလ္လာဂါတ်စုကျေးရွာရှိ ရော်ဘာခြံနှင့် ကော်ဖီသီးညှပ်စိုက်ပျိုးထားမှုကြည့်ရှုစစ်ဆေးပြီး မြောင်းမြခရိုင်နှင့် ဖျာပုံခရိုင်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ် သိလ္လာဂါတ်စုကျေးရွာရှိ ရော်ဘာခြံနှင့် ကော်ဖီသီးညှပ်စိုက်ပျိုးထားမှုကြည့်ရှုစစ်ဆေးပြီး မြောင်းမြခရိုင်နှင့် ဖျာပုံခရိုင်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်


Ministry of Information/ Naypyitaw / May 17, 2025
image_latest


ပုသိမ် မေ ၁၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ညနေပိုင်းက မြောင်းမြမြို့နယ် သိလ္လာဂါတ်စုကျေးရွာရှိ တောင်သူဦးသန့် ဇင်၏ရော်ဘာခြံနှင့် ကော်ဖီသီးညှပ်စိုက်ပျိုးထားရှိမှုများကို သွားရောက်ကြည့်ရှုအားပေးသည်။

ကြည့်ရှုစစ်ဆေးစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်က ကုန်ကြမ်းများမှ ကုန်ချောထုတ်လုပ်နိုင်သည်အထိ ဆောင်ရွက်စေရေး၊ တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးမှာကြားပြီး ရော်ဘာစေးများကို ခဲကန်အတွင်း ထည့်သွင်းခြင်း၊ ခဲကန်အတွင်းရှိ ရော်ဘာအပြားများကို ကြိတ်ခြင်း၊ ရေစစ်ခြင်း၊ နေလှမ်းခြင်း၊ မှိုင်းခံခြင်း စသည့်ကုန်ကြမ်းထုတ်လုပ်မှု များကို လည်းကောင်း၊ ရော်ဘာစိုက်ဧက ၄၈ ဧကနှင့် ရိုဘတ်စတာ (TR-4) ကော်ဖီ သီးညှပ်စိုက်ဧက ငါးဧက စိုက်ပျိုးထားရှိမှုအခြေအနေများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးကြသည်။

ထို့နောက် ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က အမှာစကားပြောကြားပြီး ဒေသခံပြည်သူများ၏ တင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ယင်းနောက် ၂၀၂၅ ခုနှစ် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံအသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီးဘော်လီဘော ပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနား သို့ တက်ရောက်ပြီး အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် ပုသိမ်ခရိုင်အသင်းနှင့် ကျုံပျော်ခရိုင်အသင်း ယှဉ်ပြိုင်မှုကိုလည်းကောင်း၊ အမျိုးသားဘော်လီ ဘောပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် ပုသိမ်ခရိုင်အသင်းနှင့် မြောင်းမြခရိုင် အသင်းယှဉ်ပြိုင် မှုကိုလည်းကောင်း ကြည့်ရှုအားပေးကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က အမျိုးသားပြိုင်ပွဲတွင် ပထမဆုရရှိသည့် ပုသိမ်ခရိုင်အသင်းမှ အားကစားသမားများအား ဆုဆွဲပြား၊ ငွေသားဆုနှင့်ဆုဖလားကို ချီးမြှင့်ပြီးဆုရရှိသော အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် မြောင်းမြမြို့နယ် မြကန်သာရပ်ကွက် အပြင်ပတ်လမ်း(စိုက်သိပ္ပံလမ်း) ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးပြီး ကွန်ကရစ်လမ်းသစ်ကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ ဘင်ခရာအဖွဲ့၊ ကရင်ဒုံးယိမ်းအဖွဲ့နှင့် အိုးစည်ဒိုးပတ်အဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။

ထို့နောက် ‌မြောင်းမြမြို့နယ် ကျုံဝါးစိုက်ပျိုးရေးပညာပေးစခန်းတွင်ပြုလုပ်သည့် တောင်သူများအား စပါးမျိုးများ၊ ပိုက်ဆံလျှော်မျိုးစေ့နှင့်မျိုးစေ့ချကိရိယာ (Drum Seeder)များ ပေးအပ်ပွဲသို့ တက်ရောက်၍ တောင်သူများအား ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီအတွက် အောင်နိုင်တိုး၊ ရေဆင်းပေါ်ဆန်း၂ စပါးမျိုးများ၊ ပိုက်ဆံလျှော်မျိုးစေ့နှင့် စပါးမျိုးစေ့ချကိရိယာ (Drum Seeder)များပေးအပ်သည်။

အလားတူ ဝါးခယ်မမြို့နယ် ကံကွင်းကျေးရွာ အုပ်စုသို့သွားရောက်၍ မိုးစပါးစိုက်တောင်သူများနှင့် တွေ့ဆုံအမှာစကားပြောကြားပြီး တောင်သူများအား ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီအတွက် အောင်နိုင်တိုးစပါးမျိုးများ ပေးအပ်သည်။

ဆက်လက်၍ ဖျာပုံမြို့နယ် ဖျာပုံတမံကျေးရွာရှိ စိန်ရတနာဖြိုး ဥစားဘဲမွေးမြူ ရေးခြံသို့သွားရောက်၍ ဥစားဘဲမွေးမြူရေးခြံတွင် ဘဲကောင်ရေ ၂၀၀၀ မွေးမြူထားရှိမှုကို ကြည့်ရှုအားပေးပြီး မွေးမြူရေးခြံဖျန်း ပိုးသတ်ဆေးများ ပေးအပ်သည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၃ ရက် ၊ ဇွန် ၂၇ ရက်၊ သောကြာနေ့။


Posted on Jun 27, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၂ ရက် ၊ ဇွန် ၂၆ ရက်၊ ကြာသပတေးနေ့။


Posted on Jun 26, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁ ရက် ၊ ဇွန် ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jun 25, 2025

၁၃၈၇ ခုနှစ်၊ နယုန်လကွယ်နေ့ ၊ ဇွန် ၂၄ ရက်၊ အင်္ဂါနေ့။


Posted on Jun 24, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၃ ရက်၊ ဇွန် ၂၃ ရက်၊ တနင်္လာနေ့။


Posted on Jun 22, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၂ ရက်၊ ဇွန် ၂၂ ရက်၊ တနင်္ဂနွေနေ့။


Posted on Jun 22, 2025
AnnouncementsExplore more >

အများပြည်သူသို့ အသိပေးကြေညာချက်

Posted on Jun 25, 2025

၁။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် အစိုးရရုံး/ဌာနများတွင် ဝန်ဆောင်မှုရယူကြသည့် ပြည်သူများ၏ တယ်လီဖုန်းနံပါတ်များသို့ Short Code နံပါတ် "1111” အသုံးပြု၍ SMS မှတစ်ဆင့် ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့်မေးခွန်းများမေးမြန်းခြင်းဖြင့် တုံ့ပြန်မှုများရယူနိုင်ရန် အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ် (Public Feedback Programme - PFP) " ကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း

Posted on Jun 25, 2025

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း