နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ငလျင်ဒဏ်ထိခိုက်ခံစားခဲ့ရသည့် ဝန်ထမ်းမိသားစုများ ယာယီဘာရှာအဆောက်အအုံများသို့ အပြီးသတ်ပြောင်းရွှေ့နေရာချထားမှု ကြည့်ရှုစစ်ဆေး
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ငလျင်ဒဏ်ထိခိုက်ခံစားခဲ့ရသည့် ဝန်ထမ်းမိသားစုများ ယာယီဘာရှာအဆောက်အအုံများသို့ အပြီးသတ်ပြောင်းရွှေ့နေရာချထားမှု ကြည့်ရှုစစ်ဆေး
Ministry of Information/ Naypyitaw / June 04, 2025

နေပြည်တော် ဇွန် ၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်သည် ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ငလျင်ဒဏ်ထိခိုက်ခံစားခဲ့ရသည့် ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအား ရာနှုန်းပြည့် တည်ဆောက်ပြီးစီးခဲ့သည့် ယာယီဘာရှာအဆောက်အအုံများသို့ အပြီးသတ်ပြောင်းရွှေ့နေရာချထားမှုကို ကြည့်ရှုစစ်ဆေးသည်။
ဖွင့်လှစ်ပေး
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရေသန့်စက်နှင့် အရာထမ်းများ နေထိုင်မည့် ပတ္တမြားအိမ်ရာ ယာယီဘာရှာအဆောက်အအုံသစ်တို့ကို အမွှေးနံ့သာဖြင့် ပက်ဖျန်းဖွင့်လှစ်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ယာယီဘာရှာအဆောက်အအုံများ၌ ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုဝင်များ ပြောင်းရွှေ့ နေထိုင်မှုကို လှည့်လည်ကြည့်ရှုပြီး ဝန်ထမ်းများအနေဖြင့် ယာယီအဆောက်အအုံများအတွင်း ထုတ်ပြန်ထားရှိသည့် စည်းကမ်းချက်များနှင့်အညီ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် ရိုင်းပင်းကူညီနေထိုင်သွားကြရန်၊ ရေ၊ မီး၊ မိလ္လာများကို စနစ်တကျ သုံးစွဲကြရန်နှင့် ယာယီအဆောက်အအုံဧရိယာအတွင်း သန့်ရှင်းသာယာလှပရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန်တို့ကို မှာကြားကာ မိသားစုဝင်များကို ရင်းရင်းနှီးနှီးတွေ့ဆုံကာ လိုအပ်ချက်များကို မေးမြန်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ယာယီအဆောက်အအုံများအတွင်း ဝန်ထမ်းမိသားစုများ၏ ပြောင်းရွှေ့နေထိုင်စားသောက်မှု၊ လျှပ်စစ်မီးတပ်ဆင်ထားရှိမှု၊ ရေချိုးခန်း၊ အိမ်သာများ စနစ်တကျဆောင်ရွက်ထားရှိမှု၊ စွန့်ပစ်ပစ္စည်းများ စနစ်တကျ စွန့်ပစ်ပေးနိုင်ရေးအတွက် အမှိုက်ကန်များ ဆောင်ရွက်ထားရှိမှုနှင့် ယာယီအဆောက်အအုံပတ်လမ်းများကို အမာခံလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးသည်။
စားသုံးဆီများ ပေးအပ်
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ဇနီး၊ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် နယ်စပ်ရေးရာဝန်ကြီးဌာန ဧရာဝတီခန်းမ၌ ကျင်းပသည့် ငလျင်ဒဏ်ထိခိုက်ခံစားခဲ့ရသည့် ဝန်ထမ်းများအတွက် ဘုရားဆင်းတုတော်နှင့် မြန်မာနိုင်ငံဆီ ကုန်သည်ကြီးများအသင်းဥက္ကဋ္ဌက လှူဒါန်းသည့် စားသုံးဆီပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်ကြပြီး ငလျင်ဒဏ်ထိခိုက်ခံစားခဲ့ရသည့် အရာထမ်း၊ အမှုထမ်းများထံ ဘုရားဆင်းတုတော်နှင့် စားသုံးဆီများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
မြန်မာနိုင်ငံအပေါ် ချမှတ်ခဲ့သော အိုင်အယ်လ်အို (ILO) ဆုံးဖြတ်ချက်နှင့်စပ်လျဉ်း၍ အသိပေးချက်
Posted on Jun 6, 2025ILO ၏ (၁၁၃) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံကျင်းပ နေစဉ်ကာလအတွင်း ၅-၆-၂၀၂၅ ရက်တွင် မြန်မာနိုင်ငံနှင့် ပတ်သက်သော ဆုံးဖြတ်ချက်တစ်ရပ်ကို ချမှတ်ခဲ့ပါသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း
Posted on Jun 4, 2025အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း
ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၉/၂၀၂၅)
Posted on Jun 5, 2025ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၉/၂၀၂၅)