နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘယ်လာရုစ်သမ္မတနိုင်ငံ၊ မင့်စ်မြို့ရှိ Minsk Tractor Works ထွန်စက်စက်ရုံနှင့် Slutsk Cheese Factory နို့မှုန့်စက်ရုံတို့သို့ သွားရောက်လေ့လာ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘယ်လာရုစ်သမ္မတနိုင်ငံ၊ မင့်စ်မြို့ရှိ Minsk Tractor Works ထွန်စက်စက်ရုံနှင့် Slutsk Cheese Factory နို့မှုန့်စက်ရုံတို့သို့ သွားရောက်လေ့လာ
Ministry of Information/ Naypyitaw / June 27, 2025

နေပြည်တော် ဇွန် ၂၇
ဘယ်လာရုစ်သမ္မတနိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် မင့်စ်မြို့ရှိ Minsk Tractor Works ထွန်စက်စက်ရုံနှင့် Slutsk Cheese Factory နို့မှုန့်စက်ရုံတို့သို့ သွားရောက်လေ့လာကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် Minsk Tractor Works ထွန်စက်စက်ရုံသို့ ရောက်ရှိကြရာ ဘယ်လာရုစ်သမ္မတနိုင်ငံ၊ စက်မှုဝန်ကြီးဌာနဝန်ကြီး Mr. Efimov A.V. နှင့် စက်ရုံညွှန်ကြားရေးမှူးချုပ် Mr. Avramenko S.A. တို့က ကြိုဆိုနှုတ်ဆက်ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဘယ်လာရုစ်နိုင်ငံမှ ထုတ်လုပ်သည့် စိုက်ပျိုးရေးလုပ်ငန်းသုံး လယ်ယာမြေပြုပြင်ထွန်ယက်ရာတွင် အသုံးပြုသည့်ယာဉ်များ၊ စိုက်ပျိုးရာတွင် အသုံးပြုသည့်ယာဉ်များ၊ ပြုစုပျိုးထောင်ခြင်းနှင့် သွင်းအားစုများ ထည့်သွင်းရာတွင် အသုံးပြုသည့်ယာဉ်များ၊ မမျှော်မှန်းနိုင်သည့် သဘာဝဘေးကျရောက်မှုနှင့် မီးငြှိမ်းသတ်မှုတို့တွင် အသုံးပြုသည့်ယာဉ်များ၊ စိုက်ပျိုးရေးထွက်ကုန်များအား ဈေးကွက်အတွင်းသို့ ပို့ဆောင်ဖြန့်ချိရာတွင် အသုံးပြုသည့်ယာဉ်များနှင့် ယန္တရားများကို စိတ်ပါဝင်စားစွာ လိုက်လံကြည့်ရှုလေ့လာခဲ့ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် Minsk Tractor Works ထွန်စက်စက်ရုံအတွင်း ထွန်စက်များ တပ်ဆင်ထုတ်လုပ်နေမှုအဆင့်ဆင့်ကို လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ၊ ဘယ်လာရုစ်သမ္မတနိုင်ငံ၊ စက်မှုဝန်ကြီးဌာနဝန်ကြီးနှင့် အဖွဲ့ဝင်များသည် စက်ရုံအစည်းအဝေးခန်းမအတွင်း တွေ့ဆုံ၍ ဘယ်လာရုစ်နိုင်ငံ၊ စက်မှုဝန်ကြီးဌာနအောက်ရှိ အကြီးစားစက်မှုပစ္စည်းထုတ်စက်ရုံ၊ အလုပ်ရုံများမှ စိုက်ပျိုးရေးလုပ်ငန်းသုံးစက်ကိရိယာများ၊ ယာဉ်ယန္တရားများ ထုတ်လုပ်လျက်ရှိမှုနှင့် ပြည်တွင်း၊ ပြည်ပသို့ တင်ပို့ရောင်းချရလျက်ရှိမှု အခြေအနေများ၊ မြန်မာနိုင်ငံ၏ စက်မှုလယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးရေးလုပ်ငန်းသုံးစက်ကိရိယာများ၊ ယာဉ်ယန္တရားများ ထုတ်လုပ်ရေးတွင် နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးမှုအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် Minsk Tractor Works ထွန်စက်စက်ရုံ ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် စက်ရုံပြခန်းအတွင်း လှည့်လည်ကြည့်ရှုခဲ့ပြီး ဘယ်လာရုစ်သမ္မတနိုင်ငံ၊ စက်မှုဝန်ကြီးဌာန ဝန်ကြီး၊ စက်ရုံညွှန်ကြားရေးမှူးချုပ်တို့နှင့်အတူ အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့သည်။
အဆိုပါ Minsk Tractor Works ထွန်စက် စက်ရုံကို ၁၉၄၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး စိုက်ပျိုးရေးလုပ်ငန်းသုံးထွန်စက်များထုတ်လုပ်သည့် စက်ရုံတစ်ခုဖြစ်ကြောင်း၊ ဝန်ထမ်းပေါင်း ၁၅,၃၇၇ ဦးခန့်ရှိသည့် စက်ရုံတစ်ခုဖြစ်ကာ ဘယ်လာရုစ်နိုင်ငံရှိ စိုက်ပျိုးရေးလုပ်ငန်းသုံးထွန်စက်များ ထုတ်လုပ်သည့် စက်ရုံများအနက် အဓိကအရေးပါသော စက်ရုံတစ်ခုဖြစ်ပြီး စက်ရုံမှထုတ်လုပ်သည့် ထွန်စက်များကို အနောက်ဥရောပနိုင်ငံများအပါအဝင် အာဆီယံနိုင်ငံများသို့ တင်ပို့လျက်ရှိကြောင်း သိရှိရသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် Slutsk Cheese Factory နို့မှုန့်စက်ရုံသို့ ရောက်ရှိကြရာ ထုတ်လုပ်မှုဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Vitaly Gennadyevich Zlobin ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူးချုပ် Mrs. Ekaterina Sergeyevna Lapteva နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် စက်ရုံအတွင်း လှည့်လည်ကြည့်ရှုလေ့လာခဲ့ပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးသည်။
ထို့နောက် စက်ရုံအစည်းအဝေးခန်းမတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား ထုတ်လုပ်မှုဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူးချုပ်က စက်ရုံဆိုင်ရာအချက်အလက်များနှင့် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး စက်ရုံဆိုင်ရာ Video Clip ကိုပြသရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က စက်ရုံထုတ် နို့နှင့်နို့ထွက်ပစ္စည်းများ၏ ဈေးကွက်ရရှိမှုအခြေအနေများ၊ အရည်အသွေးထိန်းသိမ်းခြင်းဆိုင်ရာများနှင့်ပတ်သက်၍ သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ထုတ်လုပ်မှုဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူးချုပ်တို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြသည်။
အဆိုပါ Slutsk ချိစ်နှင့် နို့ချက်စက်ရုံသည် နှစ်ပေါင်း ၄၀ ကျော်ကြာ ရပ်တည်နိုင်ခဲ့ပြီး Minsk မြို့သာမက ဘယ်လာရုစ်နိုင်ငံ၏ အကြီးမားဆုံးသော နို့ချက်စက်ရုံတစ်ခုဖြစ်ကြောင်း၊ ပင်မကုမ္ပဏီကြီး ၁ ခု၊ ရုံးခွဲ ၅ ခု၊ ထုတ်လုပ်မှုစက်ရုံ ၅ ရုံနှင့် စိုက်ပျိုးရေး မွေးမြူရေးခြံ ၃ ခုတို့ဖြင့် လည်ပတ်ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါစက်ရုံမှ တစ်ရက်လျှင် နွားနို့တန်ချိန် ၂၅၀ တန်၊ နို့မှုန့် ၁၅၀ တန်၊ နို့ထွက်ပစ္စည်း တန်ချိန် ၃,၀၀၀ ၊ ထောပတ် ၁၀၀ တန်နှင့် ချိစ် ၁၀၀ တန်တို့ထွက်ရှိပြီး နိုင်ငံပေါင်း ၂၄ နိုင်ငံသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သတင်းရရှိသည်။
တင်ဒါအောင်မြင်ကြောင်း ကြေညာခြင်း
Posted on Jun 28, 2025မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ စက်ပစ္စည်းများဝယ်ယူရေးအတွက် ( ၁၉ - ၆ - ၂၀၂၅) ရက်နေ့တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်တွင်း/ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့် ထုခွဲရောင်းချရေးကော်မတီမှ ဈေးနှုန်းစိစစ်ခဲ့ရာ ဖော်ပြပါကုမ္ပဏီများမှ ဈေးနှုန်းအနည်းဆုံးဖြင့် မှတ်တမ်းတင်ထားရှိပါသည် -
ဆေးပညာဘွဲ့ရဆရာဝန်(အမျိုးသမီး)နှင့် သွားဘက်ဆိုင်ရာ ဆေးပညာဘွဲ့ရဆရာဝန်(အမျိုးသမီး) ဗိုလ်လောင်း ခေါ်ယူခြင်း
Posted on Jun 26, 2025အများပြည်သူသို့ အသိပေးကြေညာချက်
Posted on Jun 25, 2025၁။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် အစိုးရရုံး/ဌာနများတွင် ဝန်ဆောင်မှုရယူကြသည့် ပြည်သူများ၏ တယ်လီဖုန်းနံပါတ်များသို့ Short Code နံပါတ် "1111” အသုံးပြု၍ SMS မှတစ်ဆင့် ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့်မေးခွန်းများမေးမြန်းခြင်းဖြင့် တုံ့ပြန်မှုများရယူနိုင်ရန် အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ် (Public Feedback Programme - PFP) " ကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။