နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ရာဇဌာနီလမ်းမကြီးပေါ်ရှိ လမ်းပျက်စီးနေရာများအား Regulating Course Mix Design ဖြင့် ပြန်လည်အဆင့်မြှင့်တင်ပြုပြင်နေမှု ကြည့်ရှုစစ်ဆေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ရာဇဌာနီလမ်းမကြီးပေါ်ရှိ လမ်းပျက်စီးနေရာများအား Regulating Course Mix Design ဖြင့် ပြန်လည်အဆင့်မြှင့်တင်ပြုပြင်နေမှု ကြည့်ရှုစစ်ဆေး


Ministry of Information/ Naypyitaw / July 05, 2025
image_latest


နေပြည်တော် ဇူလိုင် ၄

မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် နေပြည်တော်ရာဇဌာနီလမ်းမကြီးပေါ်ရှိ လမ်းပျက်စီးနေရာများအား နည်းပညာအသစ်ဖြစ်သည့် Regulating Course Mix Design ဖြင့် ပြန်လည်အဆင့်မြှင့်တင်ပြုပြင်နေမှုအခြေအနေများကို ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီးအောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများလိုက်ပါ ၍ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ဇော်နိုင်ဦးနှင့်တာဝန်ရှိသူများက ရာဇဌာနီလမ်းမကြီးပေါ်ရှိ ပန်းခင်းလမ်းမီးပွိုင့် လမ်းဆုံမှ ကုမုဒြာကြာပန်းအဝိုင်းအထိ ကွန်ကရစ်လမ်းပျက်စီးမှုအား စက်ယန္တရားများအသုံးပြု၍ ကျောက်ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ရေရှည်တည်တံ့ကောင်းမွန်ရေးဆောင်ရွက်

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ယခုလမ်းပိုင်းပြင်ဆင်ခြင်းလုပ်ငန်းအား နည်းပညာအသစ်ဖြစ်သည့် Regulating Course Mix Design ဖြင့် ဆောင်ရွက်ခြင်းဖြစ်သည့်အတွက် လမ်းရေရှည်တည်တံ့ကောင်းမွန်ရေး၊ သတ်မှတ်အချိုးအစားများပြည့်မီမှုရှိစေရေး စနစ်တကျဆောင်ရွက်သွားရန်၊ လမ်းကြိတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် လမ်းသားညီညာမှုရှိစေရေးနှင့် သိပ်သည်းမှုရှိစေရေး လမ်းကြိတ်စက်များအား သတ်မှတ်မောင်းနှင်ရမည့်နှုန်းထားအတိုင်း မောင်းနှင်ဆောင်ရွက်စေရန်၊ လမ်းမျက်နှာပြင်ညီညာမှုရှိစေရေး၊ လမ်းပေါ်၌ ရေတင်မှုမရှိစေရေးနှင့် ရေဆင်းမှန်ကန်မှုရှိစေရေး သတ်မှတ်နည်းစနစ်များအတိုင်း စနစ်တကျဆောင်ရွက်သွားရန်၊ လမ်းလယ်ကျွန်းရှိ လမ်းကွေ့နေရာများ၌လည်း ညီညာမှုရှိစေရေး၊ လမ်းခင်းခြင်းလုပ်ငန်းများ အမြန်ဆုံးပြီးစီးစေရေး အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် လမ်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

နည်းပညာအသစ်ဖြင့်ဆောင်ရွက်

အဆိုပါ ရာဇဌာနီလမ်းမကြီးပေါ်ရှိ ပန်းခင်းလမ်းမီးပွိုင့်လမ်းဆုံမှ ကုမုဒြာကြာပန်းအဝိုင်းအထိ လမ်းပိုင်းနေရာသည် မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ဆိုးရွားစွာပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် ငလျင်လှုပ်ခတ်ပြီးမကြာမီအချိန်ပိုင်းအတွင်း ထိခိုက်ပျက်စီးမှုများအား သွားရောက်စစ်ဆေးခဲ့သည့်နေရာဖြစ်ကာ ထိုသို့သွားရောက်စစ်ဆေးမှုများဆောင်ရွက်ခဲ့ပြီး အင်ဂျင်နီယာများနှင့် ဆွေးနွေးတိုင်ပင်မှုများအရ လမ်းပိုင်းပြုပြင်မှုများ ဆောင်ရွက်ရာတွင် နည်းပညာအသစ်ဖြစ်သည့် Regulating Course Mix Design ဖြင့် ဆောင်ရွက်သွားရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လမ်းညွှန်မှာကြားခဲ့သည်။ ထိုသို့လမ်းညွှန်မှာကြားချက်အရ လမ်းပြုပြင်ခြင်းလုပ်ငန်းများကို Regulating Course Mix Design ဖြင့် ဆောင်ရွက်နိုင်ရန် မူလနိုင်လွန်ကတ္တရာ Mix Design မှ ကတ္တရာပါဝင်မှုနှုန်းနှင့် ဘိလပ်မြေပါဝင်မှုတို့ကိုလျှော့ချ၍ Design စမ်းသပ်ပြုလုပ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ Design ပြုလုပ်ထားသည့်အချိုးအတိုင်း ဆောက်လုပ်ရေးဝန်ကြီးဌာန နိုင်လွန်ကတ္တရာ Lab ခန်းတွင် နမူနာ Mould ၂ တုံးပြုလုပ်၍ Marshall Testing Machine စက်ဖြင့် Stability နှင့် Flow အား စမ်းသပ်ခဲ့ရာ သတ်မှတ်စံနှုန်းများအတွင်း ရရှိစမ်းသပ်မှုအောင်မြင်ခဲ့ကြောင်း၊ ထိုကဲ့သို့ အဆင့်ဆင့် စမ်းသပ်ခဲ့ပြီးနောက် ယခုလမ်းပိုင်းအား Regulating Course Mix Design ဖြင့် ပြင်ဆင်ဆောင်ရွက်နေခြင်းဖြစ်ပြီး Regulating Course Mix Design ဖြင့် လမ်းလွှာခင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်မည် ဆိုပါက ၂ လက်မဒု၊ ၁၂ ပေ အကျယ်၊ ပေ ၅၂၈၀(၁မိုင်) လျှင် ဘိလပ်မြေ ၁၈ ဒသမ ၄၄ တန်(၃၆၈) အိတ်နှင့် ကတ္တရာ ၆ ဒသမ ၁၅ တန် (၃၃ ပီပါ) သက်သာမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၂ ရက် ၊ ဇူလိုင် ၆ ရက်၊ တနင်္ဂနွေနေ့။


Posted on Jul 06, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၁ ရက် ၊ ဇူလိုင် ၅ ရက်၊ စနေနေ့။


Posted on Jul 05, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၀ ရက် ၊ ဇူလိုင် ၄ ရက်၊ သောကြာနေ့။


Posted on Jul 03, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၉ ရက် ၊ ဇူလိုင် ၃ ရက်၊ ကြာသပတေးနေ့။


Posted on Jul 03, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၈ ရက် ၊ ဇူလိုင် ၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jul 01, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၇ ရက် ၊ ဇူလိုင် ၁ ရက်၊ အင်္ဂါနေ့။


Posted on Jun 30, 2025
AnnouncementsExplore more >

အမည်မည်းစာရင်းကြေညာခြင်း

Posted on Jul 4, 2025

အမည်မည်းစာရင်းကြေညာခြင်း

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ အတည်ပြုခန့်ထားခြင်း

Posted on Jul 4, 2025

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ အတည်ပြုခန့်ထားခြင်း

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၂၃/၂၀၂၅)

Posted on Jul 3, 2025

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၂၃/၂၀၂၅)