နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်
Ministry of Information/ Naypyitaw / July 20, 2025

၂၀၂၅ ခုနှစ် (၇၈)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ဇူလိုင် ၁၉ ရက် နံနက် ၈ နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမာန်၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဂါရဝပြုသည်။ အာဇာနည်နေ့အခမ်းအနားသို့ တက်ရောက်ဂါရဝပြုခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား နိုင်ငံပိုင်မီဒီယာများက အာဇာနည်နေ့အခမ်းအနားနှင့်စပ်လျဉ်း၍ တွေ့ဆုံမေးမြန်းခဲ့ရာ ၎င်းက အောက်ပါအတိုင်းပြန်လည်ဖြေကြားခဲ့ပါသည်-
“ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ပြီး မြန်မာနိုင်ငံ လွတ်လပ်ရေးရဖို့အတွက် ကြိုးစားသွားတယ်။ လွတ်လပ်ရေးရပြီးတဲ့အချိန်မှာလည်း မြန်မာနိုင်ငံကို ကမ္ဘာနဲ့ရင်ပေါင်တန်းနိုင်တဲ့ နိုင်ငံတစ်ခုအဖြစ်သွားနိုင်ဖို့ ဗိုလ်ချုပ်မျှော်မှန်းခဲ့တယ်ဆိုတာ ဗိုလ်ချုပ်ရဲ့ပြောကြားချက်တွေမှာ အများကြီးပါပါတယ်။ ဒါကို ကျွန်တော်တို့လက်ရှိရှိနေတဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေအားလုံး ဝိုင်းဝန်းကြိုးစားရမှာဖြစ်ပါတယ်။
“ဝိုင်းဝန်းကြိုးစားတဲ့အခါမှာလည်း အားလုံးညီညီ ညွတ်ညွတ်နဲ့ တိုင်းပြည်ကိုတကယ်ကောင်းအောင် လုပ်မယ်ဆိုတဲ့စိတ်နဲ့ လုပ်ကြတာကောင်းပါတယ်။ ဗိုလ်ချုပ် တို့က အသက်စွန့်ပြီးတော့၊ အသက်ပေးပြီးတော့ လုပ်သွားကြတာပါ။ ဒါ့အပြင် တိုင်းပြည်ရဲ့တန်ဖိုးကလွတ်လပ်ရေးပါ။ နောက်တစ်ခါ ဖွံ့ဖြိုးတိုးတက်ရေး၊ ဒါတွေရှိတယ်။ သို့သော်လည်း စည်းနဲ့ကမ်းနဲ့ဖြစ်တဲ့စနစ်မျိုးတော့ ဖြစ်ဖို့လိုပါတယ်။ ဒီလိုမဟုတ်ဘဲ စည်းမဲ့ကမ်းမဲ့လုပ်မယ်ဆိုရင် တိုင်းပြည်အတွက် အန္တရာယ်လည်းရှိပါတယ်။ ဒါကြောင့် ဗိုလ်ချုပ်မျှော်မှန်းခဲ့တဲ့လမ်းကြောင်းအတိုင်းပဲ တိုင်းသူပြည်သားအားလုံး၊ တိုင်းရင်းသားညီအစ်ကိုမောင်နှမအားလုံး စည်းစည်းလုံးလုံးညီညီညွတ်ညွတ်နဲ့ လုပ်ကိုင်သွားကြဖို့လိုပါတယ်” လို့ ကျွန်တော်ပြောချင်ပါတယ်။
သတင်းစဉ်
ဝဇီရာရုပ်ရှင်ရုံနှင့်ပတ်သက်သည့် မှတ်တမ်းဓာတ်ပုံများ လှူဒါန်းပေးပို့ပေးပါရန် မေတ္တာရပ်ခံခြင်း
Posted on Jul 20, 2025ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ဗိုလ်ချုပ်အောင်ဆန်းလမ်း အမှတ် ၃၂၇ တွင် တည်ရှိသည့် ဝဇီရာရုပ်ရှင်ရုံသည် ၁၉၂၃ ခုနှစ်ခန့်က တည်ဆောက်ခဲ့သည့် ရှေးဟောင်းရုပ်ရှင်ရုံဖြစ်ပြီး ၁၆ ရာစုမှ ၁၈ ရာစုအတွင်းရှိ ဗိသုကာအသွင်အပြင်များ ပေါင်းစပ်ထားသည့် Beaux Arts ဗိသုကာလက်ရာပုံစံများ၊ ရုပ်လုံးကြွများဖြင့် တန်ဆာဆင်တည်ဆောက်ထားသဖြင့် မြန်မာ့ရုပ်ရှင်သမိုင်းအတွက် ဂုဏ်ယူထိန်းသိမ်းထားရမည့် အဆောက်အအုံကြီးတစ်ခုဖြစ်ပါသည်။ ဝဇီရာရုပ်ရှင်ရုံကြီးသည် ရုပ်ရှင်၊ သဘင်၊ ဂီတ အနုပညာရှင်များက ရုပ်ရှင်ဇာတ်ကားများ၊ ပြဇာတ်များအား ပြည်သူများ အပန်းဖြေပျော်ရွှင်စေရန် တင်ဆက်ပြသခဲ့သည့် ရုပ်ရှင်ရုံကြီးဖြစ်သည့်အတွက် အနုပညာစိတ်ဝိညာဉ်များ ဆုံစည်းရာနေရာတစ်ခုလည်း ဖြစ်ပါသည်။
ကန့်ကွက်နိုင်ကြောင်း အများသိစေရန် ကြေညာခြင်း
Posted on Jul 19, 2025၁။ ကရင်ပြည်နယ်၊ ဘားအံမြို့၊ ရတနာဒီပရပ်ကွက်၊ ကြာအင်းတောင်ပေါ်လမ်း၊ အိမ်အမှတ် [၉/၃၄(A)] တွင် ပါတီရုံးချုပ်တည်ရှိသော ပအိုဝ်းအမျိုးသားညီညွတ်ရေးပါတီက နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၅ အရ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုရန် ၁၅-၇-၂၀၂၅ ရက်နေ့တွင် လျှောက်ထားလာပါသည်။ ယင်းသို့လျှောက်ထားရာတွင် ပါတီအမည်၊ အလံနှင့်တံဆိပ်တို့ကို ဖော်ပြပါအတိုင်း အသုံးပြုမည်ဖြစ်ကြောင်း တင်ပြလာပါသည်။
ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်
Posted on Jul 18, 2025ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်