နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး နေပြည်တော် စည်ပင်သာယာရေးကော်မတီရုံး အနောက်ဘက်ရှိ ငလိုက်ရာဘာရေလွှဲဆည်၌ ကျင်းပသည့် ၂၀၂၅ ခုနှစ်၊ မိုးရာသီ ငါးမျိုးစိုက်ထည့်ပွဲ အခမ်းအနားတက်ရောက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး နေပြည်တော် စည်ပင်သာယာရေးကော်မတီရုံး အနောက်ဘက်ရှိ ငလိုက်ရာဘာရေလွှဲဆည်၌ ကျင်းပသည့် ၂၀၂၅ ခုနှစ်၊ မိုးရာသီ ငါးမျိုးစိုက်ထည့်ပွဲ အခမ်းအနားတက်ရောက်
Ministry of Transport and Communications/ Naypyitaw / July 21, 2025
နေပြည်တော် ၊ ဇူလိုင် ၂၀
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ ၂၀၂၅ ခုနှစ်၊ မိုးရာသီငါးမျိုးစိုက်ထည့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်စည်ပင်သာယာရေးကော်မတီရုံး အနောက်ဘက်ရှိ ငလိုက်ရာဘာရေလွှဲဆည်၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ဇနီး၊ ဒုတိယဝန်ကြီးများနှင့် ဇနီးများ၊ အမြဲတမ်းအတွင်းဝန်၊ ဌာနအကြီးအကဲများနှင့် ၎င်းတို့၏ ဇနီးများ၊ တာဝန်ရှိသူများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
ငါးမျိုးစိုက်ထည့်ပွဲတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဇနီးတို့နှင့်အတူ ဒုတိယဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများက ငါးမြစ်ချင်းနှင့် ငါးခုံးမ သားပေါက်များကို ငလိုက်ရာဘာရေလွှဲဆည်အတွင်း ငါးမျိုးစိတ်စိုက်ထည့်ပေးကြသည်။
ယင်းနောက် အမြဲတမ်းအတွင်းဝန်နှင့်ဇနီး၊ ဌာနအကြီးအကဲများနှင့် ဇနီးများ၊ ဝန်ထမ်းမိသားစုများက ငါးမြစ်ချင်းနှင့် ငါးခုံးမ သားပေါက်ကောင်ရေ (၁၁၀၀၀) ကို စားနပ်ရိက္ခာပေါကြွယ်ဝရေး၊ ရေသယံဇာတများထိန်းသိမ်းရေး၊ ငါးမျိုးမပြုန်းတီးရေးစသည့် ကောင်းမြတ်သော ရည်ရွယ်ချက်များဖြင့် ငလိုက်ရာဘာရေလွှဲဆည်အတွင်း ငါးမျိုးစိတ်စိုက်ထည့်ပေးခဲ့ကြောင်း သတင်းရရှိသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ ပြောင်းရွှေ့ခန့်ထားခြင်းနှင့် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ ခန့်ထားခြင်း
Posted on Jul 22, 2025ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ ပြောင်းရွှေ့ခန့်ထားခြင်းနှင့် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ ခန့်ထားခြင်း