နိုင်ငံတော်နှင့် နိုင်ငံသားအကျိုးစီးပွား အလေးထားဆုံးဖြတ်သုံးသပ်ဆောင်ရွက်

နိုင်ငံတော်နှင့် နိုင်ငံသားအကျိုးစီးပွား အလေးထားဆုံးဖြတ်သုံးသပ်ဆောင်ရွက်


Ministry of Information/ Naypyitaw / November 27, 2025
image_latest


နိုင်ငံတော်အနေဖြင့် အမျိုးသားအကျိုးစီးပွားကို အလေးထား၍ စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်နိုင်မည့် နိုင်ငံရေးအင်အားစုများ၊ ပြည်သူ့ကိုယ်စားလှယ်များ ဖြစ်ပေါ်လာစေရန် အကောင်အထည်ဖော်လျက်ရှိသည်။ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲလုပ်ငန်းစဉ်များ အောင်မြင်ပြီး ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင်စွာလျှောက်လှမ်းနိုင်ရန် ပြည်သူလူထု၏ ပူးပေါင်း ပါဝင်မှုဖြင့် အကောင်အထည်ဖော်လျက်ရှိသည်။

နိုင်ငံရေးဆိုသည်မှာ နိုင်ငံတော်၏ အရေးကိစ္စများကို အများပြည်သူအကျိုးငှာ ဆောင်ရွက်ကြခြင်းဖြစ်သည်။ နိုင်ငံရေးသည် နိုင်ငံသားအားလုံးနှင့် သက်ဆိုင်သောကိစ္စ၊ နိုင်ငံတော်နှင့် နိုင်ငံသားအားလုံးတို့၏ အကျိုးစီးပွားဖြစ်ထွန်းရေးကိစ္စဖြစ်၍ ပြည်သူလူထုအနေဖြင့် ပါဝင်ဆောင်ရွက်သင့်သည်။ ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရာတွင် ပြည်သူများအနေဖြင့် အနာဂတ်နိုင်ငံတော်ကို ဦးဆောင်မည့်သူများ၏ အရည်အချင်းနှင့် အမြော်အမြင်ရှိမှု၊ စွမ်းဆောင်ရည်ရှိမှုနှင့် ကိုယ်ကျင့်တရားကောင်းမွန်မှုတို့ကို အကဲဖြတ်ရွေးချယ်ပေးလေ့ရှိသည်။ အကဲဖြတ်နိုင်စွမ်းရှိရန်အတွက် ပြည်သူများအနေဖြင့် အမှား၊ အမှန်ခွဲခြားသိမြင်နိုင်စွမ်းရှိသည့် ပညာရည် ရှိနေရန် လိုအပ်သည်။

ပညာအရည်အသွေးမြင့်မားသည့် ပြည်သူများဖြစ်လာစေရန် ပညာရေးစနစ် ကောင်းမွန်ရန်လိုအပ်သည်။ နိုင်ငံသားများအနေဖြင့် အသိပညာ၊ အတတ်ပညာများ ပိုမိုတတ်မြောက်လာသည်နှင့်အမျှ မိမိတို့ပညာရပ်နှင့် လျော်ညီသည့် အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး ဝင်ငွေမြင့်မားလာမည်။ အသိပညာ၊ အတတ်ပညာများ တတ်ကျွမ်းမှုမြင့်မားလာခြင်း၊ အခြေအနေအရပ်ရပ်ကို အမှား၊ အမှန် ခွဲခြားနိုင်စွမ်းရှိခြင်း၊ မြို့ပြလူနေမှုအသွင်ပြောင်းလာခြင်း စသည့်အကျိုးဆက်များ ဖြစ်ထွန်းလာမည်။ အရည်အသွေးပြည့်ဝသော ပတ်ဝန်းကျင်ကိုဖန်တီးနိုင်မည့် လူလတ်တန်းစားများလာခြင်းသည် ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် အပေါင်းလက္ခဏာ ဖြစ်သည်။

စစ်မှန်စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးသည် ပြည်သူအားလုံး၏ဆန္ဒဖြစ်သည်။ ဒီမိုကရေစီပြည်ထောင်စုကြီးကို လက်တွေ့အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် ပြည်သူလူထုတစ်ရပ်လုံး၏ ပူးပေါင်းပါဝင်မှုသည် အရေးကြီးသည်။ နိုင်ငံတစ်နိုင်ငံ တည်ငြိမ်အေးချမ်းရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူတစ်ဦးချင်းစီ၏ အသိပညာ၊ အတတ်ပညာ၊ အတွေးအခေါ်၊ ဗဟုသုတပြည့်ဝစေရန် အမျိုးသားပညာရေးကို မြှင့်တင်ပေးရမည်ဖြစ်၍ ဘက်စုံပညာရေးကို အကောင်အထည်ဖော်လျက်ရှိသည်။

အထူးသဖြင့် ဒီမိုကရေစီစနစ်သို့ ကူးပြောင်းနေသည့် ယနေ့ကာလတွင် တိုင်းရင်းသားပြည်သူများအနေဖြင့် အရာရာကို စဉ်းစားတွေးခေါ်၍ နိုင်ငံနှင့် လူမျိုးအကျိုးကို ဆောင်ရွက်ကြရမည်ဖြစ်သည်။ ပညာမှရလာသည့် စဉ်းစားဆင်ခြင် သုံးသပ်နိုင်စွမ်းနှင့် ပြဿနာကို ဖြေရှင်းနိုင်စွမ်းသည် နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ စီးပွားရေး၊ လူမှုရေးစသည့် နယ်ပယ်အသီးသီးကို အထောက်အကူပြု သည်။ အသိပညာ၊ အတတ်ပညာနှင့်ပြည့်စုံသော ပညာတတ်များအား ပြုစုပျိုးထောင်ရင်း လွတ်လပ်ပြီးတရားမျှတသည့် အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်အောင် ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်သည်။

ရွေးကောက်ပွဲကျင်းပပြုလုပ်ချိန်တွင် ဆန္ဒမဲပေးခွင့်ရှိသူအားလုံး ပါဝင်ဆန္ဒမဲပေးခြင်းဖြင့် နိုင်ငံနှင့် ပြည်သူအကျိုးကို အမှန်တကယ်သယ်ပိုးနိုင်မည့် ကိုယ်စားလှယ်များကို ရွေးချယ်ပေးရမည်ဖြစ်သည်။ နိုင်ငံတော်အနေဖြင့် ဒီမိုကရေစီအခွင့်အလမ်းများကို ဖော်ဆောင်ပေးနေပြီဖြစ်၍ ပြည်သူများကလည်း သုံးသပ်ဆုံးဖြတ်ဆောင်ရွက်ကြရမည်ဖြစ်သည်။ နိုင်ငံတော်အနေဖြင့် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေရေး အဘက်ဘက်၌ ပြင်ဆင်ဆောင်ရွက်ပေးထားပြီးဖြစ်သည်။ ရွေးကောက်ခံကိုယ်စားလှယ်များကိုလည်း ဥပဒေနှင့်အညီဖြစ်စေရေး စိစစ်ဆောင်ရွက်ထားသည်။ ရွေးကောက်ပွဲတွင်မဲမသမာမှု၊ မမှန်ကန်မှုမဖြစ်စေရေး တိကျမှန်ကန်သော အီလက်ထရောနစ်မဲပေးစက်ဖြင့် ဆောင်ရွက်ပေးထားသည်။

မြန်မာနိုင်ငံအနေဖြင့် မျက်မှောက်ကာလ ပကတိအခြေအနေအရ နိုင်ငံတော်တွင် အနှောင့်အယှက်အဖုံဖုံ ကြုံတွေ့နေသည်။ မည်သို့ပင်ရှိသည်ဖြစ်စေ ပြည်သူများ၏ဆန္ဒဖြစ်သည့် ဒီမိုကရေစီစနစ်ကို မဖြစ်မနေအကောင်အထည်ဖော်လျက်ရှိသည်။ ဒီမိုကရေစီလမ်းကြောင်းကို ကောင်းမွန်မှန်ကန် တည့်မတ်ဖြောင့်တန်းစွာ လျှောက်လှမ်းနိုင်ရန် ပြည်သူများကလည်း ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ စစ်မှန်စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်နိုင်မည့် နိုင်ငံရေးအင်အားစုများ၊ ပြည်သူ့ကိုယ်စားလှယ်များ ပေါ်ထွက်လာစေရန် ရွေးကောက်ပွဲတွင် ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်သည်။ အဓိကအားဖြင့် မြန်မာနိုင်ငံ၏ ပထဝီအနေအထားနှင့် ပကတိအခြေအနေများအရ တိုင်းပြည်နှင့် ဒေသအကျိုးကို စေတနာထား၍ ဆောင်ရွက်နိုင်သူ၊ ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်းစောင့်ရှောက်နိုင်သူ၊ နိုင်ငံရေး၊ စီးပွားရေးနှင့် ကာကွယ်ရေးအမြင်ရှိသူတို့သည် အရေးကြီးသည်ဟု ရှုမြင်သင့်ပါကြောင်း။ ။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Posted on Mar 28, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။