နိုင်ငံတော်နှင့် မိဘဆရာသမားများ၏ ဂုဏ်ကျေးဇူးကိုသိတတ်ပေးဆပ်

နိုင်ငံတော်နှင့် မိဘဆရာသမားများ၏ ဂုဏ်ကျေးဇူးကိုသိတတ်ပေးဆပ်


Ministry of Information/ Naypyitaw / December 12, 2025
image_latest


အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည် ဦးတည်ချက် ()ရပ်ကို ချမှတ်ထားသည့်အနက် တတိယအချက်ဖြစ်သည့်နိုင်ငံတော် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ခိုင်မာစေရေးအတွက် အမျိုးသားပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍတို့ကို အလေးထားမြှင့်တင်ရေးအချက်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ ကျန်းမာရေးကဏ္ဍကို မြှင့်တင်ဆောင်ရွက်နိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနက ကျောင်းသား ကျောင်းသူများအား ဆေးပညာသင်ကြား မွေးထုတ်ပေးလျက်ရှိသည်။

တစ်ဖက်တွင် တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့က တပ်မတော်ဆေးရုံ၊ တပ်ရင်း/တပ်ဖွဲ့များရှိ တပ်မတော်သားများနှင့် တပ်မတော်သားမိသားစုဝင်များအား ကျန်းမာရေးစောင့်ရှောက်ရေး၊ စစ်မြေပြင်လက်တွေ့ ဆေးအကာအကွယ်ပေးရေး လုပ်ငန်းများသာမက ခေတ်အဆက်ဆက်တွင် တိုင်းရင်းသားပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို တစ်ဖက်တစ်လမ်းက ကူညီဖြည့်ဆည်း ပေးလျက်ရှိသည်။ ၂၀၁၀ ပြည့်နှစ် နောက်ပိုင်းမှစတင်၍ တပ်မတော်ဆေးဝန်ထမ်း တပ်ဖွဲ့များသည် နယ်လှည့်ဆေးကုသမှုလုပ်ငန်းများကို လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် အရပ်ဒေသများသို့ သွားရောက်ကုသစောင့်ရှောက်မှုပေးလျက်ရှိသည်။

တပ်မတော်မှ မွေးထုတ်ပေးလိုက်သော တပ်မတော်သားဆေးပညာရှင်များသည် သမားကောင်းပီသစွာဖြင့် လူမျိုး၊ ဘာသာ၊ အဆင့်အတန်းမခွဲခြားဘဲ ကျန်းမာ ရေးစောင့်ရှောက်မှုပေးပြီး ဆေးပညာကျင့်ဝတ်များကို လိုက်နာကျင့်သုံးလျက်ရှိသည်။ ဆရာဝန်များ၏ အဓိဋ္ဌာန်ပြုကတိသစ္စာနှင့်အညီသမားကောင်းတစ်ဦး၏ ကိုယ်ကျင့်တရားနှင့် မွန်မြတ်သည့် ဂုဏ်သိက္ခာအစဉ်အလာကို ထိန်းသိမ်းရေး၊ ဆည်းပူးတတ်မြောက်ထားသော ဆေးပညာဖြင့် ဂိလာနပုဂ္ဂိုလ်များ၏ ကျန်းမာရေးကို စေတနာမေတ္တာရှေ့ထား၍ လူမျိုး၊ ဘာသာ၊ ဆင်းရဲ၊ ချမ်းသာမရွေး စွမ်းစွမ်းတမံ စောင့်ရှောက်ကုသရေးသစ္စာကို မြဲမြံစွာမှတ်သားပြီး သမားကောင်းတစ်ဦးအဖြစ် ကျင့်ကြံအားထုတ်ကြရမည်ဖြစ်သည်။

ဆေးပညာရှင်များ ဖြစ်လာစေရန်အတွက် မိမိတို့ကိုယ်တိုင် ဆေးပညာရပ်များကို အပတ်တကုတ်ဆည်းပူး အားထုတ်လေ့လာခဲ့ကြရသလို မိမိတို့၏ မိဘဆရာသမားများက ငွေကြေးနှင့်အချိန် အမြောက်အမြားရင်းနှီးပြီး ပြုစုပျိုးထောင်မြေတောင် မြှောက်မြှင့်တင်ပေးခဲ့ရသည်။ ဆေးတက္ကသိုလ်အသီးသီးတွင် တက်ရောက်ခွင့်ရသည့်အချိန်မှစ၍ နိုင်ငံတော်၊ တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနက ငွေကုန်ကြေးကျများစွာဖြင့် နိုင်ငံတကာအဆင့်မီ ဆေးပညာရပ်များကို အချိန်ယူသင်ကြား လေ့ကျင့်မွေးထုတ်ပေးလိုက်ရသည်။ ထို့ကြောင့် အဖိုးတန်လူသားအရင်းအမြစ်များဖြစ်သည့် ဆေးပညာရှင်များအနေဖြင့် တဒင်္ဂဆုံးဖြတ်ချက်အမှားကြောင့် မိမိတို့၏ ရည်မှန်းချက်၊ နိုင်ငံတော်၊ တပ်မတော်နှင့် မိဘဆရာသမား ဆွေမျိုးများ၏ မျှော်မှန်း ချက်များ မပျောက်ပျက်စေဘဲ စိတ်ဓာတ်၊ ခံယူချက်၊ ကိုယ်ကျင့်တရား၊ စည်းကမ်း၊ ဆေးပညာကျင့်ဝတ်များနှင့်အညီ လက်တွေ့နယ်ပယ်တွင် တာဝန်ကျေပွန်စွာ ထမ်းဆောင်ကြရမည်ဖြစ်သည်။

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဒီဇင်ဘာလ ၁၀ ရက် က တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၆)သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားတွင်ငယ်စဉ်ကလေးဘဝမှ တက္ကသိုလ်ရောက်သည်အထိ ကျွေးမွေးစောင့်ရှောက်သွန်သင်ပေးခဲ့သည့် ကြီးမားလှသော မိဘဆရာတို့၏ ဂုဏ်ကျေးဇူးကို သိတတ်နားလည် ကျေးဇူးဆပ်ရမည်ဖြစ်သကဲ့သို့ တန်ဖိုးရှိသည့် အသိပညာများနှင့်အတတ်ပညာများကို သင်ကြားလေ့ကျင့်မွေးထုတ်ပေးလိုက်သည့် တပ်မတော်နှင့် နိုင်ငံတော်၏ ဂုဏ်ကျေးဇူးကိုလည်း အရာရှိကောင်းတစ်ဦး၊ ဆရာဝန်ကောင်းတစ်ဦးပီသစွာ နေထိုင်ကျင့်ကြံခြင်း၊ မိမိကိုယ်ကိုတန်ဖိုးထား၍ စောင့်ထိန်းနေထိုင်ကာ ဆက်လက်တိုးတက်အောင်နေထိုင်ခြင်း၊ သစ္စာရှိရှိဖြင့် ပေးအပ်လာသည့်တာဝန်များကို ကျေပွန်အောင်ထမ်းဆောင်ခြင်းတို့ဖြင့်ကျေးဇူးဆပ်ရမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

တပ်မတော်ဆေးတက္ကသိုလ်တွင် ဆေးပညာသင်ကြားခဲ့ရသည့် ကာလရှည်တစ်လျှောက် မျှော်မှန်းချက်၊ ရည်မှန်းချက်ရှိစွာဖြင့် မလျှော့သော ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့် အစဉ်တစိုက် ကြိုးစားအားထုတ်ခဲ့ကြပြီး မိမိကိုယ်ကို ထိန်းထိန်းသိမ်းသိမ်းဖြင့် နေထိုင်ဆောင်ရွက်ခဲ့မှုအကျိုးရလဒ်ကို ခံစားရပြီဖြစ်သည်။ အခြေခံပညာအထက်တန်းပညာကို မြင့်မားသောရမှတ်များဖြင့် အောင်မြင်ခဲ့သည့် ကြိုးစားအားထုတ်မှုအခြေခံကောင်းများကို တက္ကသိုလ်ပညာရပ်များ ဆည်းပူးရာတွင်လည်း ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပြီး ကြိုးစားအားထုတ်မှု ရလဒ်ကောင်းများရရှိခဲ့သည်။ ကမ္ဘာကြီးသည် စဉ်ဆက်မပြတ် ပြောင်းလဲတိုးတက်နေသည်ဖြစ်သည့်အတွက် ခေတ်နှင့်အမီလိုက်နိုင်ရေး စာပေဖတ်ရှုလေ့လာခြင်း၊ လက်တွေ့အသုံးချခြင်း၊ မျှဝေခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်သွားကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ ပေါ်ထွန်းလာသော အရပ်ဘက်ဆရာဝန်၊ စစ်ဘက်ဆရာဝန်များသည် နိုင်ငံတော်၊ တပ်မတော်နှင့် မိဘဆရာသမားများ၏ကျေးဇူးကြောင့် ဂုဏ်ယူဖွယ်ရာ ဆေးပညာရှင်များ ဖြစ်လာခြင်းဖြစ်ရာ နိုင်ငံတော်နှင့် မိဘဆရာသမားများ၏ ဂုဏ်ကျေးဇူးကိုမမေ့လျော့ဘဲ တိုင်းရင်းသားပြည်သူများအား ဆေးပညာဖြင့် အလုပ်အကျွေးပြုစု စောင့်ရှောက်ကြရမည်ဖြစ်ပါကြောင်း။  

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Posted on Mar 28, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။