နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်၊ မန္တလေး) (၃၁) ကြိမ်မြောက် သာသနတက္ကသီလမဟာဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပမည်
နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်၊ မန္တလေး) (၃၁) ကြိမ်မြောက် သာသနတက္ကသီလမဟာဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပမည်
Ministry of Information/ Naypyitaw / November 21, 2025
ရန်ကုန် နိုဝင်ဘာ ၂၀
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်၊ မန္တလေး) တို့မှ ၁၃၈၄-၁၃၈၅ ပညာသင်နှစ်တွင် သာသနတက္ကသီလမဟာဓမ္မာစရိယဘွဲ့ M.A ၂၄ ပါးနှင့် သာသနတက္ကသီလဓမ္မာစရိယဘွဲ့ B.A ၁၁၉ ပါး စုစုပေါင်း သံဃာတော်အရှင်သူမြတ် ၁၄၃ ပါးတို့ကို ဘွဲ့ဆက်ကပ်မည့် (၃၁) ကြိမ်မြောက် သာသနတက္ကသီလမဟာဘွဲ့နှင်းသဘင် အခမ်းအနားကို ၁၃၈၇ ခုနှစ် နတ်တော်လပြည်နေ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၄ ရက် (ကြာသပတေးနေ့)မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) မဟာဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်မည်ဖြစ်ရာ ဘွဲ့ခံယူတော်မူမည့် သံဃာတော်အရှင်မြတ်များထံသို့ ပင့်လျှောက်လွှာများကို နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်၊ မန္တလေး) မော်ကွန်းထိန်းဌာနနှင့် ပြည်တွင်းသာသနာ ပြုဌာနခွဲတို့မှတစ်ဆင့် ပေးပို့ဆက်ကပ်ထားပြီးဖြစ်သည်။
ပင့်လျှောက်လွှာ လက်ခံရရှိခြင်းမရှိပါကလည်း ဘွဲ့နှင်းသဘင်ခန်းမသို့ ဒီဇင်ဘာ ၃ ရက် မွန်းလွဲ ၁ နာရီအရောက် အချိန်မီကြွရောက်တော်မူပါရန် ဘွဲ့ခံသံဃာတော်များအား သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနက နှိုးဆော်ပင့်လျှောက်ထားပါကြောင်းနှင့် မဟာဘွဲ့နှင်းသဘင်အခမ်းအနားတွင် မြတ်စွာဘုရားတစ်ဆူအပါအဝင် ပင့်သံဃာတော် ၁၀၄ ပါး၊ ဘွဲ့ခံသံဃာတော် ၁၄၃ ပါး စုစုပေါင်း ၂၄၈ ပါးတို့ကို ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပမည်ဖြစ်ပါ၍ ဆွမ်းဆန်စိမ်းလောင်းလှူလိုသော ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် တစ်ဦးချင်းပုဂ္ဂလိက အလှူရှင်များအနေဖြင့် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်)ဌာနခွဲ ဖုန်း ၀၉-၄၂၃၉၉၇၈၅၁၊ ၀၉-၂၅၉၆၂၈၁၆၄၊ ၀၉-၂၅၅၉၅၃၁၇၅ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
သတင်းစဉ်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း
Posted on Mar 24, 2026၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
Posted on Mar 27, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
Posted on Mar 25, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
