နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ သုတေသနစာတမ်းဖတ်ကြားခြင်း အခမ်းအနားကျင်းပ
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ သုတေသနစာတမ်းဖတ်ကြားခြင်း အခမ်းအနားကျင်းပ
Constitutional Tribunal of the Union of Myanmar/ နေပြည်တော် / March 04, 2026
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ယာယီရုံး၊ အစည်းအဝေးခန်းမ၌ ၂၇-၂-၂၀၂၆ ရက်နေ့၊ ၁၀:၀၀ နာရီတွင် သုတေသနစာတမ်းဖတ်ကြားခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ဦးအောင်စည်သူ၊ ဒုတိယညွှန်ကြားရေးမှူးနှင့် ဒေါ်အေးအိအိခိုင်၊ ဒုတိယဦးစီးမှူး တို့က “ ဘူရွန်ဒီနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးအကြောင်း လေ့လာတင်ပြခြင်း” သုတေသနစာတမ်းကို ဖတ်ကြားရှင်းလင်းတင်ပြခဲ့ပြီး မေးခွန်းများမေးမြန်းခြင်း၊ ပြန်လည်ဖြေကြားဆွေးနွေးခြင်းနှင့် စာတမ်း ကြီးကြပ်သူ ခုံရုံးအဖွဲ့ဝင် ဒေါက်တာခင်မောင်ဦးက သုံးသပ်ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌက နိဂုံးချုပ် အမှာစကားပြောကြားကာ သုတေသနစာတမ်းဖတ်ပွဲ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
အဆိုပါသုတေသနစာတမ်းဖတ်ပွဲအခမ်းအနားသို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း၊ အမှုူထမ်းများ တက်ရောက်ခဲ့ပါသည်။
စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည်သူသို့ အသိပေးကြေညာချက်
Posted on Mar 3, 2026စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည်သူသို့ အသိပေးကြေညာချက်
၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းအတွက် ပစ္စည်းများဝယ်ယူရန် တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
Posted on Mar 3, 2026၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းအတွက် ပစ္စည်းများဝယ်ယူရန် တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
Myanmar National Human Rights Commission Statement No. ( 2 / 2026)
Posted on Mar 2, 2026The Acting President of the Republic of the Union of Myanmar, in commemoration of the Full Moon Day of Tabaung in the year 1387 ME and Peasants’ Day falling on 2 March 2026,
