နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းများအားတွေ့ဆုံ

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းများအားတွေ့ဆုံ


Ministry of Information/ Naypyitaw / February 09, 2026
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၈

နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်သည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့်အတူ ယနေ့နံနက်ပိုင်းက တောင်ကြီးမြို့ရှိ ပြည်နယ်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ညွှန်ကြားရေးမှူးရုံး၌ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များဖြစ်ကြသည့် ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်း၊ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့၊ ဓနုတိုင်းရင်း သားရေးရာအဖွဲ့၊ တောင်ရိုးစာပေနှင့် ယဉ်ကျေးမှုအသင်း၊ အင်းသားစာပေယဉ်ကျေးမှုနှင့် ဒေသဖွံ့ဖြိုးရေးအသင်း၊ ကိုးကန့်စာပေနှင့် ယဉ်ကျေးမှုအသင်း၊ ကချင်စာပေနှင့် ယဉ်ကျေးမှုအသင်း၊ ထနော့ စာပေနှင့်ယဉ်ကျေးမှုအသင်း၊ လီဆူစာပေနှင့် ယဉ်ကျေးမှုအသင်း၊ ယင်းကြားစာပေနှင့် ယဉ်ကျေးမှုအသင်း၊ ယင်းနက် စာပေနှင့်ယဉ်ကျေးမှုအသင်းတို့မှ တာဝန်ရှိသူများအား တွေ့ဆုံသည်။

တွေ့ဆုံစဉ် တာဝန်ရှိသူများက တိုင်းရင်းသားရေးရာယဉ်ကျေးမှုနှင့် စာပေဆောင်ရွက်နေမှုအခြေအနေ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းလိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးကလိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ပြည်ထောင်စုတွင် တိုင်းရင်းသားပေါင်းစုံရောယှက်လျက် ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးတွင် နေထိုင်လျက်ရှိရာ ရှမ်းပြည်နယ်တွင် တိုင်းရင်းသားပေါင်းစုံ စည်းလုံးညီညွတ်စွာပေါင်းစည်း၍ အတူယှဉ်တွဲနေထိုင်လျက်ရှိပါကြောင်း၊ တိုင်းရင်းသားတစ်မျိုးစီ၏ စာပေနှင့်ယဉ်ကျေးမှုသည် အခြားတိုင်းရင်းသားများ ၏ ယဉ်ကျေးမှုဓလေ့စရိုက်များ ထိခိုက်မှုမရှိစေရေး ဂရုစိုက်ရမည်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များသည် အခြေခံကျသောအဖွဲ့များဖြစ်၍ စာပေယဉ်ကျေးမှုဘာသာစကားတို့ကို အပြန်အလှန်လေးစားကြရမည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် ပါတီနိုင်ငံရေးကင်းရှင်းစွာဖြင့် ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများအတိုင်း နိုင်ငံတော်ကိုဗဟိုပြု၍ဆောင်ရွက်ရမည်ဖြစ်ကြောင်း မှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များအား ချီးမြှင့်ငွေများပေးအပ်ပြီး ဝန်ထမ်းများအတွက် ထောက်ပံ့ငွေပေးအပ်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးသို့ ရောက်ရှိရာ ပြည်နယ်ဦးစီးမှူး၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများနှင့် သင်တန်းကျောင်းများဖွင့်လှစ်ထားရှိမှုတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ချီးမြှင့်ငွေများပေးအပ်ကာ ရုံးဝင်းအတွင်းရှိ ဝန်ထမ်းအိမ်ရာ အဆောက်အအုံများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။    

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၈ ရက် ၊ ဖေဖော်ဝါရီ ၉ ရက်၊ တနင်္လာနေ့။


Posted on Feb 09, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၇ ရက် ၊ ဖေဖော်ဝါရီ ၈ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Feb 08, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၆ ရက် ၊ ဖေဖော်ဝါရီ ၇ ရက်၊ စ​နေနေ့။


Posted on Feb 07, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၅ ရက် ၊ ဖေဖော်ဝါရီ ၆ ရက်၊ သောကြာနေ့။


Posted on Feb 06, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၄ ရက် ၊ ဖေဖော်ဝါရီ ၅ ရက်၊ ကြာသပတေးနေ့။


Posted on Feb 04, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၃ ရက် ၊ ဖေဖော်ဝါရီ ၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Feb 04, 2026
AnnouncementsExplore more >

တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းကြေညာခြင်း

Posted on Feb 8, 2026

တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းကြေညာခြင်း

တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းထုတ်ပြန်ကြေညာ

Posted on Feb 8, 2026

တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းထုတ်ပြန်ကြေညာ

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနမှ ကြော်ငြာခြင်း

Posted on Feb 5, 2026

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနမှ ကြော်ငြာခြင်း