နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နောင်ဝိုး၊ ကျိုင်းခမ်းနှင့် မိုင်းပျဉ်းတပ်နယ်များသို့ သွားရောက်ကြည့်ရှုစစ်ဆေး၊ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နောင်ဝိုး၊ ကျိုင်းခမ်းနှင့် မိုင်းပျဉ်းတပ်နယ်များသို့ သွားရောက်ကြည့်ရှုစစ်ဆေး၊ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား


Ministry of Information/ Naypyitaw / February 24, 2026
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၂၄

နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ဇနီး ဒေါ်သန်းသန်းနွယ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့တွင် နောင်ဝိုး၊ ကျိုင်းခမ်းနှင့် မိုင်းပျဉ်းတပ်နယ်တို့ရှိ နယ်မြေခံတပ်များသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး အရာရှိ၊ စစ်သည်၊ မိသားစုများအား သီးခြားစီ တွေ့ဆုံအမှာစကား ပြောကြားသည်။

ဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီချုပ်၊ ကာကွယ်ရေးဦးစီချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များအား နယ်မြေခံတပ်ရင်းရုံးများ၌ တာဝန်ရှိသူများက နယ်မြေလုံခြုံရေးဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ၊ တပ်တည်ဆောင်ရေးလုပ်ငန်းကြီး(၄)ရပ်ဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းတင်ပြကြရာ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌက သိရှိလိုသည်များမေးမြန်း၍ လိုအပ်ချက်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။

တွေ့ဆုံပွဲများတွင် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က အမှာစကားပြောကြားရာတွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများဆောင်ရွက်ပြီး နိုင်ငံတော်၏အာဏာကို အဓမ္မရယူရန် ဆောင်ရွက်ခဲ့ခြင်းကြောင့် တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ နိုင်ငံ့အရေးအတွက် နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့ရခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရ တာဝန်ထမ်းဆောင်ချိန်မှစတင်၍ ဦးတည်ချက်များချမှတ်ဆောင်ရွက်ခဲ့ပြီး ရွေးကောက်ပွဲဆိုင် ရာလုပ်ငန်းစဉ်များပြီးဆုံးချိန်တွင် ရွေးကောက်ပွဲကျင်းပပြီး အနိုင်ရရှိသည့် ပါတီအား နိုင်ငံတော်၏ တာဝန်ကို လွှဲပြောင်းပေးအပ်မည်ဟု ပါရှိပြီးဖြစ်ကြောင်း။

စတင်တာဝန်ယူခဲ့ရသည့်အချိန်တွင် ဆူပူဆန္ဒပြမှုများ၊ လက်နက်ကိုင်အကြမ်းဖက်ခြင်းများဖြစ်ပေါ်ခဲ့ပြီး ဆူပူဆန္ဒပြမှုများကို ထိန်းထိန်းသိမ်းသိမ်းဖြင့် ဖြေရှင်းနိုင်ခဲ့ကြောင်း၊ NCA လက်မှတ်ရေးထိုးထားသည့် EAO အဖွဲ့အချို့နှင့် လက်မှတ်ရေးထိုးထားခြင်းမရှိသည့် EAO အဖွဲ့များအနေဖြင့် နိုင်ငံရေးဖြစ်စဉ်များကြောင့် နယ်စပ်ဒေသများသို့ ထွက်ပြေးတိမ်းရှောင်လာကြသည့် လူငယ်များ၊ နိုင်ငံ့ဝန်ထမ်းအချို့တို့အား လူသားချင်းစာနာထောက်ထားမှု အကြောင်းအရာ ခေါင်းစဉ်အောက်၌ လက်ခံထိန်းသိမ်းပြီး ပြည်ပနိုင်ငံကြီးအချို့၏ ငွေကြေးထောက်ပံ့မှုများရယူကာ အကြမ်းဖက်သင်တန်းများ သင်ကြားပို့ချ၍ လက်နက်များတပ်ဆင်ပေးကာ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်စေရန် မြှောက်ပင့်ပေးမှု၊ တည်ငြိမ်အေးချမ်းရေးကို မလိုလားသည့် ပြည်တွင်း၊ ပြည်ပမှအဖွဲ့အစည်းများ၊ ပြည်ဖျက်မီဒီယာများ၏ သွေးထိုးလှုံ့ဆော်မှုများကြောင့် တရားမဝင်ဖွဲ့စည်းထားသည့် CRPH နှင့် NUG တို့၏ လက်ဝေခံ PDF အမည်ခံအကြမ်းဖက်အဖွဲ့အပါအဝင် အကြမ်းဖက်အဖွဲ့များအမျိုးမျိုး ပေါ်ပေါက်လာခဲ့ပြီး အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လာခဲ့သည့်အတွက် တပ်မတော်အနေဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ တည်ငြိမ်အေးချမ်းရေးကိုလိုလားသည့် ပြည်သူလူထုများနှင့် အတူတကွပူးပေါင်း၍ တရားဥပဒေနှင့်အညီ နှိမ်နင်းလျက်ရှိကြောင်း၊ အလားတူ ၂၀၂၃ ခုနှစ်အတွင်း ရခိုင်ပြည်နယ်၌ ထိခိုက်မှုဖြစ်ပေါ်ခဲ့သည့် မိုခါမုန်တိုင်း၊ ၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းတွင် ရေကြီးရေလျှံမှုဖြစ်ပေါ်ခြင်းနှင့် ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီး စသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်ခဲ့ခြင်းများနှင့် အခြားစိန်ခေါ်မှုများကိုလည်း အခက်အခဲများကြားမှ အောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့ကြောင်း။

နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများ၏ ဆန္ဒဖြစ်သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ၂၀၂၅ ခုနှစ် ၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပပြုလုပ်ခဲ့ပြီး အပိုင်း(၃)ပိုင်းခွဲ၍ မြို့နယ်ပေါင်း ၂၆၃ မြို့နယ်တွင်အောင်မြင်စွာကျင်းပ ပြုလုပ်နိုင်ခဲ့ကြောင်း၊ ရွေးကောက်ပွဲ၌ ပြည်သူများအနေဖြင့် ဆန္ဒမဲများပေးရာတွင် တက်ကြွစွာဖြင့် စည်းကမ်းတကျလာရောက်၍ မဲရုံများတွင် ဆန္ဒမဲပေးခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း။

ဆန္ဒမဲပေးရာတွင် မြန်မာအီလက်ထရောနစ်မဲပေးစနစ်(MEVM) စက်များဖြင့် စနစ်တကျမဲပေးခြင်းများကို နိုင်ငံတကာ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူများ၏ရှေ့မှောက်တွင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး တစ်နိုင်ငံလုံးအနေဖြင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂၄ သန်းကျော်အနက် ဆန္ဒမဲပေးသူ ၁၃ ဒသမ ၁၄ သန်းကျော်ရှိခဲ့သဖြင့် ဆန္ဒမဲပေးမှုရာခိုင်နှုန်းမှာ ၅၄ ဒဿမ ၂၂ ရာခိုင်နှုန်းရှိကြောင်း၊ ရွေးကောက်ပွဲသည် မဲမသမာမှုနှင့် မဲစာရင်းမှားယွင်းမှုမရှိဘဲ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ၊ သိက္ခာရှိသည့် ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ကြောင်း။

နိုင်ငံတော်အကြီးအကဲနေဖြင့် ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီများ ပါဝင်နိုင်ရေး ဆောင်ရွက်ပေးခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်ပေးရာတွင် ပါတီငယ်များနှင့် တိုင်းရင်းသားကိုယ်စားလှယ်များ လွှတ်တော်နိုင်ငံရေးစင်မြင့်တွင် ပါဝင်လာနိုင်စေရေး FPTP စနစ်၊ PR စနစ်တို့ကို ကျင့်သုံးဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ပေးခဲ့မှုကြောင့် ယခုရွေးကောက်ပွဲတွင် တိုင်းရင်းသားပါတီများမှ ကိုယ်စားလှယ်များနှင့် ပါတီငယ်များမှ ကိုယ်စားလှယ်များ ပိုမိုပါဝင်လာသည်ကို တွေ့ရမည်ဖြစ်ကြောင်း။

ယခုအခါ ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့ပြီးဖြစ်သဖြင့် မကြာမီကာလအတွင်း လွှတ်တော်ခေါ်ယူ၍ အစည်းအဝေးကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ခြင်းများကို နိုင်ငံတော်အစိုးရနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး မတ်လ ၁၆ ရက်နေ့တွင် တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ကျင်းပရန်နှင့် မတ်လ ၁၈ ရက်နေ့တွင် တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေးများကျင်းပရန် ဆောင်ရွက်လျက်ရှိပြီး ဧပြီလဆန်းပိုင်းတွင် သမ္မတရွေးချယ်တင်မြောက်၍ အစိုးရသစ်တစ်ရပ်ဖွဲ့စည်းကာ နိုင်ငံတော်၏တာဝန်ကို ပြန်လည်လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း။

တပ်မတော်အနေဖြင့် နိုင်ငံရေးအစိုးရများမည်ကဲ့သို့ပင် ပြောင်းလဲသည်ဖြစ်စေ နိုင်ငံတော်လုံခြုံရေးနှင့်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ရမည်ဖြစ်ကြောင်း၊ တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နေခြင်းဖြစ်၍ စွမ်းရည်ရှိသည့် တပ်မတော်၊ စွမ်းအားရှိသည့်တပ်မတော်ဖြစ်အောင် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ စွမ်းရည်၊ စွမ်းအားရှိသည့် တပ်မတော်ဖြစ်စေရေး အကြီးအကဲများက ကြိုးပမ်းဆောင်ရွက်ကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထို့ကြောင့် စွမ်းရည်ရှိသည့် တပ်မတော်သားများဖြစ်စေရေး မိမိတို့တတ်မြောက်ထားသည့် စစ်အတတ်ပညာများကို ကျွမ်းကျင်တတ်မြောက်စွာအသုံးချနိုင်သည့်၊ ကျန်းမာကြံ့ခိုင်သည့် တပ်မတော်သားများဖြစ်အောင် “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ဆိုသည့် ဆောင်ပုဒ်အတိုင်း လိုက်နာဆောင်ရွက်သွားကြရန်လိုကြောင်း။

တစ်ဦးချင်း၏ တိုက်ပွဲဝင်စိတ်ဓာတ်ကို တုံးတိုက်တိုက်၊ ကျားကိုက်ကိုက် စိတ်ဓာတ်၊ လှေခွက်ချည်းကျန်အလံမလှဲသည့် စိတ်ဓာတ်တို့ဖြင့် သင်ယူထားသော စစ်ပညာများကို ကြံရည်ဖန်ရည်ဖြင့် အသုံးချနိုင်ရန်လိုအပ်ပြီး စစ်မြေပြင်တွင် တစ်ဦးချင်း၏ တိုက်ပွဲစွမ်းရည်ကို ဟန်ချက်ညီပေါင်းစပ်၍ အဖွဲ့အစည်း၏ တိုက်ပွဲစွမ်းရည်ကို မြှင့်တင်နိုင်ရန်လိုအပ်ကြောင်း၊ ပြောင်းလဲလာသည့် စစ်အတတ်ပညာနှင့် စစ်လက်နက်ပစ္စည်းများကို အမြဲလေ့လာနေရမည်ဖြစ်ပြီး စစ်မြေပြင်တွင် လက်တွေ့အသုံးချနိုင်ရန်လိုကြောင်းနှင့် ပြည်သူမှ ယုံကြည်အားကိုးရသည့် စွမ်းရည်ပြည့်ဝသော တပ်များဖြစ်အောင် အမြဲကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း။

နေ့စဉ်ဆောင်ရွက်နေသည့် လုပ်ငန်းတာဝန်များ လစ်ဟင်းမှုမရှိစေရန်မှာ အရေးကြီးပြီး ကျန်းမာကြံ့ခိုင်မှ အလုပ်လုပ်နိုင်မည်ဖြစ်သဖြင့် နေ့စဉ်ကိုယ်လက်လှုပ်ရှားမှုများကိုလည်း အမြဲမပြတ် လုပ်ဆောင်သွားကြရန်လိုကြောင်း၊ သို့မှသာ ကိုယ်ကျန်းမာစိတ်ချမ်းသာဖြင့် လုပ်ငန်းတာဝန်များနှင့် စိန်ခေါ်မှုအမျိုးမျိုးကို ကိုယ်ခန္ဓာကြံ့ခိုင်မှု၊ စိတ်ဓာတ်ကြံ့ခိုင်မှုတို့ဖြင့် အောင်မြင်စွာ ဖြေရှင်းဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ တပ်မတော်သားများသည် နိုင်ငံတော်ကို ကာကွယ်ရန်တာဝန်ရှိသည့်အတွက် တရားသဖြင့် ပေးအပ်လာသည့် အမိန့်နှင့်တာဝန်များကိုလည်း ကျေပွန်စွာထမ်းဆောင်သွားကြရန်လိုကြောင်း၊ ထိုသို့ တာဝန်ထမ်းဆောင်ရာတွင် စစ်ရေးစွမ်းရည်၊ အုပ်ချုပ်ရေးစွမ်းရည်၊ စည်းရုံးရေးစွမ်းရည်ဆိုသည့် စွမ်းရည်သုံးရပ်ပြည့်ဝနေရန် လိုအပ်ပြီး တပ်မတော်၏ အစဉ်အလာ ၁၂ ရပ်ကိုလည်း ထိန်းသိမ်းကာကွယ်သွားကြရန်လိုကြောင်း။

စစ်ဆင်ရေးနှင့် လုံခြုံရေးတာဝန်များ ထမ်းဆောင်နိုင်ရန် ဦး၊ ရေး၊ ထောက် ပင်နီယံကို ဟန်ချက်ညီလည်ပတ်နိုင်အောင် ဆောင်ရွက်ရန်အရေးကြီးကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်ရေးအတွက် စွမ်းရည်ရှိသော တပ်ကိုတည်ဆောက်နိုင်ရန် တပ်တည်ဆောက်ရေးလုပ်ငန်းကြီး(၄)ရပ်ကို အပြည့်အဝအကောင်အထည်ဖော်နိုင်ရန် လိုအပ်ကြောင်း။

တပ်မတော်သားများ၏ လုပ်ငန်းသဘောသဘာဝအရ ခက်ခဲကြမ်းတမ်း၍ ပင်ပန်းဆင်းရဲသော ရည်မှန်းချက်တာဝန်များ ထမ်းဆောင်နေရသူများဖြစ်၍ ကိုယ်စိတ်နှစ်ပါး အမြဲကျန်းမာကြံ့ခိုင်နေရန်လိုကြောင်း၊ သစ္စာ ၄ ချက်ကို နေ့စဉ်ရွတ်ဆိုနေကြသူများဖြစ်သည့်အတွက် သစ္စာ ၄ ချက်အပေါ်တွင် သစ္စာစောင့်သိ၊ သစ္စာရှိရန်၊ မိမိနိုင်ငံအပေါ်၊ မိမိနိုင်ငံသားများအပေါ်၊ မိမိတပ်မတော်သားများအပေါ်တွင် သစ္စာစောင့်သိသွားကြရန်လိုကြောင်းနှင့် ၂၀၂၆ ခုနှစ်၊ မတ်လတွင်ကျင်းပတော့မည့် Grade-12 စာမေးပွဲဝင်ရောက်ဖြေဆိုကြမည့် တပ်နယ်များမှ ကျောင်းသား ကျောင်းသူများ ထူးချွန်စွာအောင်မြင်စေရေး တာဝန်ရှိသူများနှင့် မိဘများအနေဖြင့် လိုအပ်သည်များကို ပံ့ပိုးဖြည့်ဆည်းဆောင်ရွက်ပေးကြရန်လိုကြောင်းဖြင့် ပြောကြားပြီး တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ ရဲမေတစ်ဦးချင်းစီ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

တွေ့ဆုံပွဲများအပြီးတွင် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက တပ်နယ်အသီးသီးမှ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ ပေးအပ်လိုက်သည့် စားသောက်ဖွယ်ရာပစ္စည်းများ၊ တိုင်းစစ်ဌာနချုပ်မှ ပေးအပ်သည့် ကြက်ဥများနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ အတူတကွ ချက်ပြုတ်စားသုံးနိုင်ရေးအတွက် ချီးမြှင့်ငွေများကို ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူသည်။ အလားတူ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ၏ဇနီး ဒေါ်သန်းသန်းနွယ်က ဒေသထွက်စားသောက် ဖွယ်ရာများနှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းအတွက် ထောက်ပံ့ငွေများကို ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူသည်။

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် တပ်နယ်အသီးသီးမှ အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Feb 25, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။


Posted on Feb 24, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့။


Posted on Feb 23, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၂၂ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Feb 22, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက် ၊ ဖေဖော်ဝါရီ ၂၁ ရက်၊ စ​နေနေ့။


Posted on Feb 21, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၅ ရက် ၊ ဖေဖော်ဝါရီ ၂၀ ရက်၊ သောကြာနေ့။


Posted on Feb 20, 2026
AnnouncementsExplore more >

“ထက်” ကိုယ်ပိုင်အထက်တန်းကျောင်းမှ Grade-5 နှင့် Grade-9 ကျောင်းသား ကျောင်းသူများ စာမေးပွဲဖြေဆိုခွင့်နှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက်

Posted on Feb 24, 2026

ဖေဖော်ဝါရီ ၂၃ ရက်က စတင်ကျင်းပသော နှစ်ဆုံးတတ်မြောက်မှုစစ်ဆေးခြင်း Grade-5 နှင့် Grade-9 စာမေးပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ နန်းတော်ရာရပ်ရှိ “ထက်” ကိုယ်ပိုင်အထက်တန်းကျောင်းတွင် တက်ရောက်လျက်ရှိသည့် Grade-5 ကျောင်းသား ကျောင်းသူ (၇၂)ဦးနှင့် Grade-9 ကျောင်းသား၊ ကျောင်းသူ(၈၉)ဦး စုစုပေါင်း(၁၆၁)ဦးတို့သည် ဖြေဆိုခွင့်ကတ်ပြားများ လက်ဝယ်ရှိသော်လည်း စာစစ်ဌာနသို့ သွားရောက်ဖြေဆိုရာတွင် ဖြေဆိုခွင့်မရရှိခဲ့သော ဖြစ်စဉ်ဖြစ်ပွားခဲ့ပါသည်။

အခွန်အယူခံခုံအဖွဲ့၌ ကြားနာရန်ချိန်းဆိုထားသည့် (၁၀-၂-၂၀၂၆)ရက်နေ့မှ (၅-၃-၂၀၂၆)ရက်နေ့သို့ ပြောင်းရွှေ့ချိန်းဆိုသည့် အမှုစာရင်း

Posted on Feb 24, 2026

အခွန်အယူခံခုံအဖွဲ့၌ ကြားနာရန်ချိန်းဆိုထားသည့် (၁၀-၂-၂၀၂၆)ရက်နေ့မှ (၅-၃-၂၀၂၆)ရက်နေ့သို့ ပြောင်းရွှေ့ချိန်းဆိုသည့် အမှုစာရင်း

မြန်မာ့လက်ဖက်ခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Feb 24, 2026

မြန်မာ့လက်ဖက်ခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။