နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား


Ministry of Information/ Naypyitaw / September 27, 2025
image_latest


နေပြည်တော် စက်တင်ဘာ ၂၇

၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော တက်ရောက်အမှာစကားပြောကြားသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီအဖွဲ့ဝင် ခရီးသွားလုပ်ငန်းတတ်သိပညာရှင်များနှင့် ပုဂ္ဂလိကခရီးသွားအဖွဲ့အစည်းကိုယ်စားလှယ်များ၊ ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အထိမ်းအမှတ် ပြိုင်ပွဲများတွင် ဆုရရှိကြသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက အမှာစကားပြောကြားရာတွင် ကုလသမဂ္ဂခရီးသွားလုပ်ငန်းအဖွဲ့ ဖွဲ့စည်းတည်ထောင်မှုဆိုင်ရာပဋိညာဉ် စတင်အတည်ပြုခဲ့သည့် ၁၉၇၀ ပြည့်နှစ်၊ စက်တင်ဘာ ၂၇ ရက်နေ့ကို ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အဖြစ် သတ်မှတ်ခဲ့ကာ ၁၉၈၀ ပြည့်နှစ်မှစတင်၍ အထိမ်းအမှတ်အခမ်းအနားများ ကျင်းပပြုလုပ်ခဲ့သည့်အတွက် ယခုနှစ်သည် ၄၅ နှစ်တိုင်ခဲ့ပြီဖြစ်ကြောင်း၊ ယခု ၂၀၂၅ ခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ဆောင်ပုဒ်မှာ “ခရီးသွားကဏ္ဍ ရေရှည်ဖွံ့ဖြိုးဖို့ စဉ်ဆက်မပြတ်ဖော်ဆောင်စို့”၊ “Tourism and Sustainable Transformation" ဖြစ်ကြောင်း။

ခရီးသွားလုပ်ငန်းသည် ကမ္ဘာ့နိုင်ငံများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေပြီး ပိုမိုကောင်းမွန်သည့် အနာဂတ်ကမ္ဘာကြီးကို တည်ဆောက်ရန် တိုးတက်ပြောင်းလဲခြင်းများကို ဖော်ဆောင်ပေးနိုင်သည့် ကဏ္ဍတစ်ရပ်ဖြစ်ကြောင်း၊ ထို့ကြောင့် ကောင်းမွန်သည့် စီမံအုပ်ချုပ်မှုများ၊ မဟာဗျူဟာမြောက် အစီအစဉ်များ၊ စေ့စပ်သေချာသည့် စောင့်ကြည့်ထိန်းကွပ်မှုများနှင့် တိကျရှင်းလင်းသည့် ဦးစားပေးအစီအစဉ်များကို ချမှတ်ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ခရီးသွားလုပ်ငန်းသည် စီးပွားရေးကဏ္ဍတစ်ခုမျှသာမကဘဲ ပညာရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ အလုပ်အကိုင်နှင့် အခွင့်အလမ်းသစ်များကိုပါ ဖန်တီးပေးလျက်ရှိရာ အနာဂတ်မျိုးဆက်များအတွက် ကောင်းမွန်သည့် အကျိုးဆက်များရရှိအောင် ဆက်လက်ထိန်းသိမ်းပေးနိုင်ရန်လိုအပ်ကြောင်းနှင့် နိုင်ငံတကာ အဆင့်အတန်းမီသည့် ဝန်ဆောင်မှုကောင်းများပေးစွမ်းနိုင်ရန် စဉ်ဆက်မပြတ် လေ့လာသင်ယူနေကြရန်လည်းလိုအပ်ကြောင်း။

ခရီးသွားလုပ်ငန်း စဉ်ဆက်မပြတ်ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန် နည်းပညာဆိုင်ရာကျွမ်းကျင်မှုများ၊ တီထွင်ဆန်းသစ်မှုများနှင့် စွန့်ဦးတီထွင်လုပ်ငန်းရှင်များ ပေါ်ထွက်လာစေရန်အတွက်လည်း အခွင့်အလမ်းများစွာ ဖန်တီးပေးရမည်ဖြစ်ကြောင်း၊ ထို့ပြင် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများသည် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသည့်အစိတ်အပိုင်းများဖြစ်သည့်အတွက် ခရီးသွားများစိတ်ဝင်စားသည့် ထုတ်ကုန်များကို ချဲ့ထွင်၍ရင်းနှီးမြှုပ်နှံကြရန်လိုကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း မြန်မာနိုင်ငံသို့ နိုင်ငံတကာခရီးသွားဧည့်သည်များ လာရောက်လည်ပတ်ရာတွင် အဆင်ပြေချောမွေ့စေရန်အတွက် ပြည်ဝင်ခွင့်ဗီဇာဆိုင်ရာကိစ္စရပ်များတွင် ဖြေလျော့မှုများ ပြုလုပ်ပေးလျက်ရှိကြောင်း၊ ထို့ပြင် နိုင်ငံတကာတွင် ကျင်းပသည့် ခရီးသွားပြပွဲများတွင် မြန်မာနိုင်ငံကိုယ်စားပြုခရီးသွားပြခန်းများ ပါဝင်ပြသခြင်း၊ ရင်းနှီးကျွမ်းဝင်မှုခရီးစဉ်ဆောင်ရွက်ခြင်းများအပြင် ဒီဂျစ်တယ်နည်းပညာသုံး ခရီးသွားမြှင့်တင်ရေးလုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း။

မိမိတို့နိုင်ငံသည် ခရီးသွားအရင်းအမြစ်ကြွယ်ဝသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည့်အတွက် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန် အလားအလာကောင်းများစွာရှိသည့်အပြင် ရှိရင်းစွဲခရီးသွားအရင်းအမြစ်များကို စနစ်တကျရေရှည်တည်တံ့အောင် ထိန်းသိမ်းဆောင်ရွက်သွားကြရန်နှင့် ခရီးစဉ်အသစ်များ ဖော်ထုတ်နိုင်ရန်လည်း အရေးကြီးကြောင်း၊ မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံအနေဖြင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် ရေရှည်တည်တံ့သည့် ခရီးသွားလုပ်ငန်းကို မြှင့်တင်ဆောင်ရွက်လျက်ရှိရာတွင် အာဆီယံခရီးသွားလုပ်ငန်းစံနှုန်းများကိုလည်း လိုက်ပါဆောင်ရွက်ကြရမည်ဖြစ်သကဲ့သို့ ခရီးသွားလုပ်ငန်းများတွင် Green Energy အသုံးပြုမှုကိုလည်း အားပေးမြှင့်တင်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

ခရီးသွားလုပ်ငန်းသည် ကမ္ဘာတစ်ဝန်းနှင့် ဒေသတွင်းငြိမ်းချမ်းရေးကိုဖော်ဆောင်နိုင်သကဲ့သို့ ပိုမိုကောင်းမွန်သည့်အနာဂတ်ကို ဖော်ဆောင်နိုင်ခြင်းကြောင့် ရှင်းလင်းတိကျသည့် ဦးစားပေးအစီအစဉ်များ ချမှတ်ပြီး နိုင်ငံတော်နှင့်ပြည်သူများ စဉ်ဆက်မပြတ် ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကြံ့ကြံ့ခံနိုင်သည့် အနာဂတ်ကိုတည်ဆောက်နိုင်ရန် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်အောင် တက်ညီလက်ညီပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် UN Tourism အထွေထွေအတွင်းရေးမှူးချုပ် Mr. Zurab Pololikashvili ၏ သတင်းစကားရုပ်သံ video clip နှင့် မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသော ခရီးသွားလုပ်ငန်း အမျိုးအစားများအကြောင်း Video Clip ကို ပြသသည်။ ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက ဝန်ဆောင်မှုစွမ်းဆောင်ရည်အကောင်းဆုံးဆုရရှိသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဟိုတယ်များနှင့် ဖက်စပ်ဟိုတယ်များ၊ ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အထိမ်းအမှတ် စာတမ်းဖတ်ပြိုင်ပွဲနှင့် ရောင်စုံ ဓာတ်ပုံပြိုင်ပွဲများတွင် ဆုရရှိကြသူများအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၁)၊ ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းက ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အထိမ်းအမှတ် ဆောင်းပါးပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲများတွင် ဆုရရှိကြသူများအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။

ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်သည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး ခန်းမဆောင်အတွင်း ခင်းကျင်းပြသထားသည့် မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသည့် ခရီးသွားလုပ်ငန်းအမျိုးအစားများအလိုက် မှတ်တမ်းဓာတ်ပုံများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၈ ရက် ၊ စက်တင်ဘာ ၂၉ ရက်၊ တနင်္လာနေ့။


Posted on Sep 29, 2025

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၇ ရက် ၊ စက်တင်ဘာ ၂၈ ရက်၊ တနင်္ဂနွေနေ့။


Posted on Sep 28, 2025

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၇ ရက် ၊ စက်တင်ဘာ ၂၈ ရက်၊ တနင်္ဂနွေနေ့။


Posted on Sep 28, 2025

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၇ ရက် ၊ စက်တင်ဘာ ၂၈ ရက်၊ တနင်္ဂနွေနေ့။


Posted on Sep 28, 2025

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၆ ရက် ၊ စက်တင်ဘာ ၂၇ ရက်၊ စနေနေ့။


Posted on Sep 27, 2025

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၅ ရက် ၊ စက်တင်ဘာ ၂၆ ရက်၊ သောကြာနေ့။


Posted on Sep 26, 2025
AnnouncementsExplore more >

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း

Posted on Sep 26, 2025

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း

Posted on Sep 24, 2025

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း

နိုင်ငံရေးပါတီများ ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခွင့်ကြေညာ

Posted on Sep 26, 2025

နိုင်ငံရေးပါတီများ ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခွင့်ကြေညာ

HOT NEWS
January 4,