နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော စက်မှုလုပ်ငန်းနှင့်စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား
နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော စက်မှုလုပ်ငန်းနှင့်စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား
Ministry of Information/ Naypyitaw / October 03, 2025

နေပြည်တော် အောက်တိုဘာ ၃
စက်မှုလုပ်ငန်းနှင့်စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီအစည်းအဝေး(၁/၂၀၂၅)ကို ယနေ့မွန်းလွဲပိုင်းတွင် စက်မှုဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ကျင်းပရာ စက်မှုလုပ်ငန်းနှင့်စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ စက်မှုလုပ်ငန်းနှင့်စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ဦးတည်ချက်(၄)ရပ်အနက် “နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်ရေး၌ အဓိကနှင့်အခြေခံအုတ်မြစ်ဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍစဉ်ဆက်မပြတ်တိုးတက်၍ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စက်မှုကဏ္ဍ(Agro-based Industries) ဖွံ့ဖြိုးတိုးတက်မှုမှသည် ပြည်သူတို့၏လူမှုစီးပွားဘဝကို စဉ်ဆက်မပြတ်မြှင့်တင်ရေး” ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် စက်မှုဇုန်များဖွံ့ဖြိုးတိုးတက်ရေးသည်လည်း အဓိကပါဝင်နေသည်ကို တွေ့ရှိရကြောင်း၊ မြန်မာနိုင်ငံတွင် သဘာဝသယံဇာတပေါကြွယ်ဝပြီး ငယ်ရွယ်နုပျိုသည့် လူသားအရင်းအမြစ်များရှိကြောင်း၊ ရေမြေသဘာဝကောင်းမွန်၍ ကျယ်ဝန်းသည့် စိုက်ပျိုးမြေများလည်းရှိသည့်အတွက် အစဉ်အဆက် စိုက်ပျိုးရေးလုပ်ငန်းများလုပ်ကိုင်ခဲ့ကြကာ နိုင်ငံ၏စားရေရိက္ခာကို ဖြည့်ဆည်းပေးနိုင်ခဲ့ကြောင်း၊ ယနေ့ကမ္ဘာကြီးတွင် စီးပွားရေးပုံစံများ လျင်မြန်စွာတိုးတက်ပြောင်းလဲနေသည့်အတွက် မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးရေးထွက်ကုန် ကုန်ကြမ်းထုတ်လုပ်သည့်အဆင့်မှ Value Added တန်ဖိုးမြှင့်ကုန်ပစ္စည်းထုတ်လုပ်သည့်အဆင့်သို့ တက်လှမ်းနိုင်ရန်လိုကြောင်း။
ကုန်ထုတ်လုပ်မှုသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၏ ကျောရိုးမဏ္ဍိုင်ဖြစ်ခြင်းကြောင့် နိုင်ငံတော်၏ကုန်ထုတ်စွမ်းအားကိုမြှင့်တင်ရန်နှင့် စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ခေတ်အဆက်ဆက်ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့်နည်းတူ ယနေ့ခေတ်တွင်လည်း “နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့” ဟူသည့် ဆောင်ပုဒ်နှင့်အညီ အားပေးမြှင့်တင်လျက်ရှိကြောင်း။
ကုန်ထုတ်လုပ်မှုတိုးမြှင့်စေရေးအတွက် ခေတ်မီနည်းပညာသုံးစွဲခြင်းကိုအားပေးကာ ပြည်တွင်းထုတ်ကုန်များ၏ စံချိန်စံညွှန်းနှင့်အရည်အသွေးကို နိုင်ငံတကာအဆင့်မီစေရန် သတ်မှတ်ပြဋ္ဌာန်းပြီး အရည်အသွေးထိန်းချုပ်ခြင်း၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှု ဖန်တီးနိုင်ရန်အတွက် အထောက်အပံ့များပေးရမည်ဖြစ်ကြောင်း၊ လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်အတွက်လည်း အသက်မွေးဝမ်းကျောင်းပညာရေးစနစ်များ တိုးမြှင့်ပေးခြင်း၊ လုပ်ငန်းခွင်စွမ်းရည်မြှင့်သင်တန်းများဖန်တီးပေးခြင်း၊ အလုပ်သမားများ၏ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် သင့်လျော်သည့်လုပ်ခလစာကို အာမခံပေးခြင်းဖြင့် ၎င်းတို့၏ စိတ်ဓာတ်နှင့်ကုန်ထုတ်စွမ်းအားကို မြှင့်တင်ပေးခြင်းများ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။
မိမိတို့နိုင်ငံတွင် စက်မှုဇုန်(၂၈)ခု၊ စက်မှုရပ်ကွက်(၅)ခုနှင့် တည်ထောင်ဆဲစက်မှုဇုန်စီမံကိန်း(၂)ခုရှိသည့်အတွက် စက်မှုဇုန်များကိုအဆင့်မြှင့်တင်ခြင်းဖြင့် နိုင်ငံတော်၏စက်မှုကဏ္ဍကို ဖွံ့ဖြိုးတိုးတက်လာအောင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်နှင့်သက်ဆိုင်ရာတာဝန်ရှိအဖွဲ့အစည်းများအနေဖြင့်လည်း ကုန်ထုတ်လုပ်မှုတိုးမြှင့်ခြင်းကို အထောက်အကူပြုမည့်မူဝါဒများ၊ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများနှင့် ဈေးကွက်ချိတ်ဆက်မှုများကို ဖန်တီးပေးရန် အားသွန်ခွန်စိုက်ကြိုးပမ်းကြစေလိုကြောင်း။
နိုင်ငံတော်အနေဖြင့် “နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင်ထိန်းကြစို့” ဆိုသည့် ဆောင်ပုဒ်အတိုင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရန်အတွက် အဘက်ဘက်မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ စက်မှုဇုန်များတည်ထောင်ရာတွင် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးနှင့် စွန့်ပစ်ပစ္စည်းများ ပြန်လည်သန့်စင်ရေးတို့ကိုလည်း အလေးပေးဆောင်ရွက်သွားရမည်ဖြစ်သည့်အတွက် စက်မှုဇုန်များနှင့် စက်မှုလုပ်ငန်းရှင်များအနေဖြင့် ပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေးအတွက် ဥပဒေများ၊ နည်းဥပဒေများ၊ အမိန့်ညွှန်ကြားချက်များကို ပိုမိုတိကျစွာ လိုက်နာဆောင်ရွက်သွားကြစေလိုကြောင်း။
နိုင်ငံတော်၏ထုတ်ကုန်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးသည် စက်မှုဇုန်များဖွံ့ဖြိုးတိုးတက်မှုအပေါ် များစွာမူတည်သောကြောင့် အသစ်ဖော်ဆောင်မည့် စက်မှုဇုန်များစနစ်တကျဖော်ဆောင်နိုင်ရေးအပြင် တည်ထောင်ပြီးစက်မှုဇုန်များကိုလည်း စနစ်တကျ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရန်လည်း အရေးကြီးသည့်လုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်း၊ တည်ဆောက်ပြီးစက်မှုဇုန်များအား နည်းဥပဒေများနှင့်အညီ စက်မှုဇုန်အဆင့်အတန်းများစစ်ဆေးရာတွင် အမှတ်ပေးစည်းမျဉ်းသတ်မှတ်ချက်များဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့စစ်ဆေးရာ၌ အဆင့်အတန်းသတ်မှတ်ချက်များအရ အားနည်းသည့်စက်မှုဇုန်များအား သက်ဆိုင်ရာတိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူများက အဆင့်မြင့် စက်မှုဇုန်များဖြစ်ပေါ်လာစေရေး တွန်းအားပေးကြပ်မတ်ဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် စက်မှုလုပ်ငန်းနှင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီအဖွဲ့ဝင် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီးက အမှာစာများအား ဖတ်ကြားတင်ပြသည်။
ယင်းနောက် စက်မှုလုပ်ငန်းနှင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံစက်မှုဇုန်များသမိုင်းကြောင်း၊ ကော်မတီများဖွဲ့စည်းဆောင်ရွက်ထားရှိမှု၊ စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ထားရှိမှုကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများနှင့်ဒုတိယဝန်ကြီးများက စက်မှုဇုန်ဥပဒေနှင့်နည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ လုပ်ငန်းများအောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြသည်။
ထို့နောက် စက်မှုလုပ်ငန်းနှင့်စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော က ဆွေးနွေးတင်ပြမှုများအပေါ် လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကိုရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၁ ရက် ၊ အောက်တိုဘာ ၂ ရက်၊ ကြာသပတေးနေ့။
Posted on Oct 02, 2025
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၀ ရက် ၊ အောက်တိုဘာ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။
Posted on Sep 30, 2025
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းအတွက် ပစ္စည်းများ ဝယ်ယူရန်နှင့် လုပ်ငန်းဆောင်ရွက်ရန် တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏...
Posted on Oct 3, 2025လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းအတွက် ပစ္စည်းများ ဝယ်ယူရန်နှင့် လုပ်ငန်းဆောင်ရွက်ရန် တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
Posted on Oct 3, 2025လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
သန့်ရှင်းရေးအကူရာထူး (၂) နေရာတို့အတွက် အတည်ပြုခန့်ထားသူစာရင်း ထုတ်ပြန်ကြေညာခြင်း
Posted on Oct 3, 2025သန့်ရှင်းရေးအကူရာထူး (၂) နေရာတို့အတွက် အတည်ပြုခန့်ထားသူစာရင်း ထုတ်ပြန်ကြေညာခြင်း