နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ နှစ် (၈၀) ပြည့် အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်

နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ နှစ် (၈၀) ပြည့် အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်


Ministry of Information/ Naypyitaw / February 15, 2026
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၁၅

မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ နှစ် (၈၀) ပြည့် အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားရုံးချုပ်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောနှင့်ဇနီး တက်ရောက်သည်။

အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဝန်ထမ်းများနှင့် တာဝန်ထမ်းဆောင်ခဲ့ကြသည့် အငြိမ်းစားဝန်ထမ်းများ၊ အနုပညာရှင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များတက်ရောက်ကြပြီး မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (ရန်ကုန်ရုံး) နှင့် ထပ်ဆင့်လွှင့်စက်ရုံများမှ ဝန်ထမ်းများက Online မှတစ်ဆင့် တက်ရောက်ကြသည်။

ဦးစွာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ နှစ် (၈၀) ပြည့် အထိမ်းအမှတ်အခမ်းအနားကို ပင်မအဆောက်အဦရှိ Auditorium ခန်းမ၌ LED Animation ပြသ၍ စတင်ဖွင့်လှစ်ပြီး မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှဝန်ထမ်းများက “ထာဝရမြန်မာ့အသံ” တေးသီချင်းဖြင့် ကပြဖျော်ဖြေတင်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်က MRTV DVB-T2 နှင့် MRTV DTH စနစ်တို့တွင် ပုဂ္ဂလိကရုပ်သံလိုင်း Channel အသစ် (၃) ခုဖြစ်သည့် Uni TV HD Channel SNDSY Entertainment HD Channel & Channel 24 စတင်တိုးချဲ့ထုတ်လွှင့်မှုနှင့် ပုဂ္ဂလိက DTH ရုပ်သံဝန်ဆောင်မှုလုပ်ငန်းအသစ်ဖြစ်သည့် Softtech - DTH စနစ် စတင်ထုတ်လွှင့်မှုတို့အား စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးသည်။

ယင်းနောက် “နိုင်ငံတော်နှင့် ပြည်သူ့အကျိုးအတွက် စဉ်ဆက်မပြတ်ကြိုးပမ်း ဆောင်ရွက်နေသည့် နိုင်ငံတော်မီဒီယာ” Video Clip ကို ပြသသည်။

ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသည် မြန်မာနိုင်ငံတွင် သက်တမ်းမြင့်မားသည့် နိုင်ငံတော်မီဒီယာဌာန တစ်ခုဖြစ်ကြောင်း၊ ခေတ်အဆက်ဆက်တွင် နိုင်ငံတော်နှင့်ပြည်သူအတွက် တာဝန်ကျေပွန်ခဲ့ပြီး ခေတ်နှင့်အညီပြောင်းလဲတိုးတက်နေသည့် နည်းပညာ၊ အတတ်ပညာများနှင့် လိုက်လျောညီထွေ ပြုပြင်ပြောင်းလဲ လိုက်ပါဆောင်ရွက်နိုင်သည့်ဌာန တစ်ခုအဖြစ်နှစ် (၈၀) ပြည့်တိုင် သမိုင်းမော်ကွန်းမှတ်တိုင်ကို ဝံ့ကြွားစွာစိုက်ထူနိုင်ခဲ့ပြီဖြစ်ကြောင်း၊ ယခုအခါတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားအနေဖြင့် နုပျိုသစ်လွင်၍ သွက်လက်ထက်မြက်ပြီး ဆန်းသစ်ခေတ်မီသည့် နိုင်ငံတော်မီဒီယာပုံစံအသစ်ဖြင့် ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်နေသည့်အတွက် မူလရည်မှန်းချက် (၃) ရပ်ဖြစ်သည့် သတင်းအချက်အလက်များ ပြန်ကြားပေးရန်၊ အသိပညာမျှဝေပေးရန်နှင့် ဖျော်ဖြေပေးရန် တာဝန်များကို စဉ်ဆက်မပြတ် ထုတ်လွှင့်တင်ဆက်ပေးနိုင်ခဲ့ကြောင်း။

ထို့ပြင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရန် မီဒီယာကဏ္ဍမှပါဝင်ဆောင်ရွက်ခြင်း၊ နိုင်ငံတော်၏ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ရဲဝံ့စွန့်စားစွာထမ်းဆောင်နေကြသည့် တပ်မတော်သားများအား တပ်စခန်းနေရာများအထိ သွားရောက်ဖျော်ဖြေ၍ စိတ်ဓာတ်ခွန်အားမြှင့်တင်ပေးခြင်း၊ သဘာဝဘေးဒဏ်ကျရောက်ခဲ့သည့်ဒေသများနှင့် ယာယီနေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ကြရသည့် ပြည်သူများ အပန်းဖြေစိတ်ခွန်အားသစ်များရရှိစေရန် ဖျော်ဖြေပေးခြင်းအပါအဝင် နိုင်ငံတော်ကချမှတ်ထားသည့် ဦးတည်ချက်များ၊ ရည်မှန်းချက်များ တိုးတက်အောင်မြင်စေရန် တက်ကြွစွာပါဝင်ဆောင်ရွက်နေသည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိကြောင်း။

အလားတူ တိုင်းရင်းသားလူမျိုးပေါင်းစုံ အေးအတူပူအမျှ ကာလရှည်ကြာစွာလက်တွဲနေထိုင်ခဲ့ကြသည့် မိမိတို့နိုင်ငံအပေါ် ပြည်တွင်းပြည်ပမှ ဆန့်ကျင်ဘက်မီဒီယာများက နည်းမျိုးစုံအသုံးပြု လုပ်ကြံဝါဒဖြန့်ကာ နိုင်ငံတော်ပြိုကွဲအောင် ဆောင်ရွက်နေကြကြောင်း၊ ထို့ကြောင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအနေဖြင့် အချင်းချင်းယုံကြည်လေးစားမှု၊ နားလည်မှုများအခြေခံသည့် ပြည်ထောင်စုစိတ်ဓာတ်ကို တည်ဆောက်ကြရမည်ဖြစ်ပြီး မီဒီယာကဏ္ဍမှလည်း လုပ်ကြံဝါဒဖြန့်မှု၊ သတင်းတုသတင်းမှားများကို မီဒီယာစွမ်းအားဖြင့်ချေဖျက်ပြီး သတင်းမှန်ပြန်ကြားပေးနိုင်အောင် အလေးထား ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း။

ခေတ်အဆက်ဆက် MRTV ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မီဒီယာကဏ္ဍမှ တာဝန်ကျေပွန်ခဲ့ကြသကဲ့သို့ မျိုးဆက်သစ်ဝန်ထမ်းများ အနေဖြင့်လည်း သမိုင်းပေးတာဝန်များကို ကျေပွန်စွာ ဆက်လက်ထမ်းရွက်သွားကြရန်လိုအပ်ကြောင်း၊ နိုင်ငံတော်နှင့် ပြည်သူများအားထားရသည့် တိုင်းကျိုးပြည်ပြု ဝန်ဆောင်မှုပေးနေသော စတုတ္ထမဏ္ဍိုင်တစ်ခုဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်းနှင့် နှစ် (၈၀) ပြည့်မှသည် ရှေ့ရာစုနှစ်ပေါင်းများစွာတိုင် အောင်မြင်မှုများစွာဖြင့် ရှင်သန်ရပ်တည်နိုင်ပါစေဟု ဆုမွန်ကောင်းတောင်းအပ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်ဝန်ကြီးချုပ်ထံ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ နှစ် (၈၀) ပြည့် အထိမ်းအမှတ်တံဆိပ်ကို ဂါရဝပြုပေးအပ်သည်။

ဆက်လက်၍ နိုင်ငံတော်ဝန်ကြီးချုပ်က ပြည်တွင်း/ပြည်ပပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိခဲ့ကြသူများနှင့် နယ်မြေအခြေအနေအရ ခေတ္တရပ်နားခဲ့ရသော ဒေသများရှိ ရုပ်သံလွှင့်စက်ရုံများ အမြန်ဆုံးပြန်လည် ထုတ်လွှင့်နိုင်ရန် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်းများအား ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်သည်။

ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ နိုင်ငံတော်သံစုံတီးဝိုင်း၊ နိုင်ငံတော်ဆိုင်းဝိုင်းကြီးနှင့် ခေတ်ပေါ်တေးဂီတအဖွဲ့တို့ဖြင့် တွဲဖက်၍ အနုပညာရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးကြသည်။

ယင်းနောက် နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ ရုပ်သံထုတ်လွှင့်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုခဲ့ပြီး မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ နှစ် (၈၀) ပြည့် အထိမ်းအမှတ်အဖြစ် တည်ခင်းဧည့်ခံသည့် နေ့လယ်စာကို သုံးဆောင်ခဲ့ကြကြောင်း သတင်းရရှိသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၃ ရက် ၊ ဧပြီ ၄ ရက်၊ စ​နေနေ့။


Posted on Apr 04, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။


Posted on Apr 03, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း