နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များအပေါ် ထပ်ဆင့်ရှင်းလင်းခြင်းနှင့် အစိုးရ၏ ရက်(၁၀၀)ကာလအတွင်း ဦးစားပေးဆောင်ရွက်သွားမည့်လုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် ဝန်ထမ်းများနှင့် တွေ့ဆုံပွဲ ကျင်းပ

Ministry of Information/ Naypyitaw / April 24, 2026
image_latest

နေပြည်တော် ဧပြီ ၂၃

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ၏ ပြည်ထောင်စုလွှတ်တော်တွင် ကျင်းပခဲ့သော ကတိသစ္စာပြုပွဲအခမ်းအနား၊ နိုင်ငံတော်အဆင့် ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုအစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအစိုးရ၊ ပြည်နယ်အစိုးရများမှ ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများအားတွေ့ဆုံမှာကြားသည့် မိန့်ခွန်း၊ မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ နှစ်သစ်ကူး နှုတ်ခွန်းဆက်မင်္ဂလာစကားနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးတွင် အမှာစကားပြောကြားခဲ့မှုများ၊ အစိုးရ၏ ရက် (၁၀၀) ကာလအတွင်း ဦးစားပေးဆောင်ရွက်သွားမည့် လုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် ဝန်ထမ်းများသို့ ထပ်ဆင့်ရှင်းလင်းခြင်း အခမ်းအနားကို နေပြည်တော်ရှိ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနရုံးအမှတ် (၃၄) စုပေါင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။

တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ နေပြည်တော်နှင့် ရန်ကုန်မြို့ရှိ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးများနှင့် အရာထမ်းများက လူကိုယ်တိုင်ဖြင့် လည်းကောင်း၊ Virtual အစီအစဉ်ဖြင့်လည်းကောင်း တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ဧပြီ ၁၀ ရက်တွင် ပြည်ထောင်စုလွှတ်တော်၌ ကျင်းပခဲ့သော နိုင်ငံတော်သမ္မတ ကတိသစ္စာပြုပွဲ အခမ်းအနားတွင် နိုင်ငံတော်သမ္မတက တိုင်းပြည်တည်ငြိမ်အေးချမ်းမှုရှိရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုရရှိရေးကို အလေးထား၍ ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြည်သူများအား စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နေကြရန်၊ အလုပ်လုပ်ကြရန် ပြောကြားခဲ့ကြောင်း၊ အစိုးရသစ်၏ ရည်မှန်းချက်များဖြစ်သော စစ်မှန်ပြီး စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေး၊ ဒီမိုကရေစီဖက်ဒရယ် စနစ်အခြေခံသည့် ပြည်ထောင်စုစနစ်တည်ဆောက်ရေးလုပ်ငန်းစဉ်များကို ဆက်လက်အကောင်အထည်ဖော်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြည်ထောင်စု၏ လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေး ဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံတကာ ဆက်ဆံရေးဆိုင်ရာကိစ္စရပ်များ၊ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ၊ ဥပဒေပြဋ္ဌာန်းရေးဆိုင်ရာကိစ္စရပ်များကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

နိုင်ငံတော်တည်ဆောက်ရေးဆိုင်ရာ အဓိကမူဝါဒနှင့် လုပ်ငန်းစဉ်များအနေဖြင့် ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်စနစ်တည်ဆောက်ရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ပညာရေးနှင့် လူ့စွမ်းအားအရင်းအမြစ်၊ ပြည်သူ့လူမှုဘဝမြှင့်တင်ရေးနှင့် လျှပ်စစ်ကဏ္ဍ၊ နိုင်ငံတကာဆက်ဆံရေး၊ တရားမျှတမှုနှင့်ညီညွတ်ရေးတို့ကို လမ်းညွှန်မှာကြားခဲ့ကြောင်း။

ဆက်လက်၍ ဧပြီ ၂၀ ရက် တွင်ကျင်းပခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး၌ နိုင်ငံတော်သမ္မတက အစိုးရအဖွဲ့အနေဖြင့် ရက်ပေါင်း ၁၀၀ အတွင်း ဆောင်ရွက်မည့် နိုင်ငံ့စီးပွားတိုးမြှင့်ရေးနှင့် ဖွံ့ဖြိုးရေးအတွက် အဓိကအရေးပါသည့် ကဏ္ဍများဖြစ်ကြသည့် စီးပွားရေး၊ စိုက်ပျိုးမွေးမြူရေးနှင့် MSME ကဏ္ဍ၊ အခြေခံအဆောက်အအုံကဏ္ဍ၊ ဆက်သွယ်ရေးကဏ္ဍ (ဒစ်ဂျစ်တယ်ဖွံ့ဖြိုးရေး)၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ အားကစားကဏ္ဍစသည်တို့တွင် တိုးမြှင့်ဆောင်ရွက်သွားမည့် အခြေအနေများကိုပြောကြားခဲ့ကြောင်း။

ယင်းတို့အနက် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနအနေဖြင့် တောင်သူလယ်သမားများကို ချေးငွေနှုန်းထားတိုးမြှင့်ရေးစီမံချက်အနေဖြင့် ချေးငွေများတိုးမြှင့်ထုတ် ပေးသွားမည်ဖြစ်ကြောင်း၊ ဥပမာအားဖြင့် စပါး၊ ဂျုံ၊ ချည်မျှင်ရှည်ဝါ တို့နှင့်စပ်လျဉ်း၍ ကျပ်သုံးသိန်း အထိလည်းကောင်း၊ အခြားသီးနှံ ၁၈ မျိုးကို ကျပ်နှစ်သိန်းခွဲအထိ လည်းကောင်း၊ ပန်းနှမ်း၊ ဆီမုန်ညင်း၊ ဂုန်လျှော်တို့နှင့်စပ်လျဉ်း၍ ကျပ်တစ်သိန်းခွဲအထိလည်းကောင်း စိုက်ပျိုးစရိတ်ချေးငွေများ တိုးမြှင့်ချေးပေးသွားမည်ဖြစ်ကြောင်း၊ အလားတူ လယ်ယာသုံးစက်ကိရိယာ ချေးငွေနှင့်စပ်လျဉ်း ၍ ကျပ်သိန်း ၃၀၀၀ အထိ တစ်ကဏ္ဍပေးမည်ဖြစ်ပြီး ကျပ်သိန်း ၃၀၀၀ အထက်ဖြစ်ပါက တစ်ကဏ္ဍ ပေးမည်ဖြစ်ကြောင်း၊ ထို့ပြင်ပညာရေးကဏ္ဍမြင့်မားလာ စေရေးအတွက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော်ဘဏ္ဍာ၏ ၉ ဒသမ ၂၂ ရာခိုင်နှုန်း သုံးစွဲသွားမည်ဖြစ်ပြီး လာမည့်ငါးနှစ်အတွင်း ၂၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲသွားရန်ရှိကြောင်း ပြောကြားခဲ့ကြောင်း။

လုပ်ငန်းများဆောင်ရွက်ရာတွင် မှန်မှန်ကန်ကန်ဆောင်ရွက်သွားကြရန်နှင့် နိုင်ငံတော်ဘဏ္ဍာငွေများကို အလေအလွင့်မရှိစေဘဲ ထိထိရောက်ရောက် အကျိုးရှိအောင် စနစ်တကျ သုံးစွဲသွားကြရန် မှာကြားခဲ့ကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများဆောင်ရွက်ကြရာတွင် အလုပ်အပေါ် ဂုဏ်ယူတတ်စေရန်နှင့် စေတနာထားကာ တာဝန်သိသိသစ္စာရှိရှိဖြင့် စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက် ၊ ဧပြီ ၂၄ ရက်၊ သောကြာနေ့။

Posted on Apr 24, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက် ၊ ဧပြီ ၂၃ ရက်၊ ကြာသပတေးနေ့။

Posted on Apr 23, 2026

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက် ၊ ဧပြီ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။

Posted on Apr 22, 2026

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက် ၊ ဧပြီ ၂၁ ရက်၊ အင်္ဂါနေ့။

Posted on Apr 21, 2026

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက် ၊ ဧပြီ ၂၀ ရက်၊ တနင်္လာနေ့။

Posted on Apr 20, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက် ၊ ဧပြီ ၁၄ ရက်၊ အင်္ဂါနေ့။

Posted on Apr 14, 2026
AnnouncementsExplore more >

သတင်းအေဂျင်စီလုပ်ငန်း ပိတ်သိမ်းကြောင်း အသိပေးကြေညာချက်

Posted on Apr 24, 2026

​​​​​​​ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ(ခ)အရ ပြန်ကြားရေးဝန်ကြီးဌာနသည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ ပုဒ်မ ၈ ပါ စည်းကမ်းချက်တစ်ရပ်ရပ်နှင့် ငြိစွန်းသည်ဟု သံသယရှိသော ထုတ်ဝေစာကို ပုံနှိပ်၊ ထုတ်ဝေခဲ့ကြောင်း ခိုင်လုံသောအထောက်အထားဖြင့် သတင်းပေးပို့ခြင်းကို လက်ခံရရှိလျှင် သော်လည်းကောင်း၊ ကိုယ်တိုင်သိရှိလျှင်သော်လည်းကောင်း သတ်မှတ်ချက်နှင့်အညီ စစ်ဆေးပြီး ငြိစွန်းကြောင်းတွေ့ရှိပါက လုပ်ငန်းအသိအမှတ်ပြုလက်မှတ်ကို ပြန်လည်ရုပ်သိမ်းခြင်း သို့မဟုတ် ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်း ပြုနိုင်ပါသည်။ သတင်းအေဂျင်စီလုပ်ငန်း အသိအမှတ်ပြုလက်မှတ် ရယူထားသူဆလိုင်းရန်လင်းမာန်၏ Chin World သတင်းအေဂျင်စီ၊ ဦးဂျေမှိန်း ထန်းစန်းငါ၏ KHONUMTHUNG MEDIA GROUP သတင်းအေဂျင်စီနှင့် ဦးမင်းထက်အောင်၏ မျက်မှောက်ခေတ်(Nowadays News) သတင်းအေဂျင်စီတို့သည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်း လုပ်ငန်းဥပဒေ ပုဒ်မ ၈၊ ပုဒ်မခွဲ(ခ)ပါ စည်းကမ်းချက်ကိုလိုက်နာခြင်းမရှိဘဲ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ အများပြည်သူအေးချမ်းသာယာရေးတို့ကို ထိခိုက်စေသည့် အကြောင်းအရာများကိုရေးသားလွှင့်တင် ဖော်ပြခဲ့သည့်အတွက် ၎င်းတို့အား ထုတ်ပေးထားသည့် သတင်းအေဂျင်စီလုပ်ငန်းများကို ၂၀၂၆ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့မှစ၍ ပိတ်သိမ်း လိုက်ကြောင်းနှင့် ၎င်းသတင်းအေဂျင်စီများအနေဖြင့် မီဒီယာအမျိုးအစားတစ်ခုခုကို အသုံးပြု၍ဖြစ်စေ၊ နည်းပညာတစ်ရပ်ရပ်ကို အသုံးပြု၍ဖြစ်စေ ရေးသားထုတ်လွှင့်ဖော်ပြခြင်းမပြုရန် ကြေညာအပ်ပါသည်။

စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၃ / ၂၀၂၆

Posted on Apr 23, 2026

စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၃ / ၂၀၂၆