နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်အား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူးရုံးက “လမင်းစီမံချက်”ဖြင့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UIDထုတ်ပေးခြင်း အခမ်းအနား
နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်အား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူးရုံးက “လမင်းစီမံချက်”ဖြင့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UIDထုတ်ပေးခြင်း အခမ်းအနား
Ayeyarwaddy Region Government/ ပုသိမ် / June 02, 2026
ပုသိမ် ဇွန် ၁
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟင်္သာတမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ ပြည်ထောင်စုခန်းမတွင်ပြုလုပ်သည့် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်အား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူးရုံးက “လမင်းစီမံချက်”ဖြင့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UIDထုတ်ပေးခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “အခြေခံပညာအလယ်တန်းကျောင်းများနှင့် အခြေခံပညာအထက်တန်း ကျောင်းများမှကျောင်းသား/ကျောင်းသူများ၊ အသက် (၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသူများအား ကျောင်းစတင် ဖွင့်လှစ်သည့် (၁-၆-၂၀၂၆)ရက်နေ့မှစတင်၍ (၃၁-၇-၂၀၂၆)ရက်နေ့အထိ သက်ဆိုင်ရာကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများသို့ ရက်(၁၀၀)အတွင်း လမင်းစီမံချက်ဖြင့် ကွင်းဆင်း၍ နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID ကတ်များကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ကျောင်းများအထိ လာရောက်ကွင်းဆင်း ဆောင်ရွက်ပေးခြင်းအားဖြင့် ကျောင်းသား/ကျောင်းသူများအနေဖြင့် အချိန်တိုအတွင်း မိမိတို့၏ ပညာသင်ကြားမှုကို နှောင့်နှေးကြန့်ကြာမှုမရှိစေဘဲ နိုင်ငံသားစိစစ်ရေးကတ်ပြားများ လက်ဝယ်ကိုင်ဆောင်ခွင့် ရရှိကြပြီ ဖြစ်ပါကြောင်း" ပြောကြားပြီး ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် Football for School အစီအစဉ်အရ အခြေခံပညာကျောင်းများသို့ ခွဲဝေပေးသော ဘောလုံးများကို ပေးအပ်ခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆက်လက်ပေးအပ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများပြုလုပ်ပေးနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အဆိုပါ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုများနှင့် ကျောင်းစာကြည့်တိုက်တို့အား ကြည့်ရှုအားပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူလေးများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကာ ကျောင်းစာကြည့်တိုက်အတွက် အလှူငွေများပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။
Announcement on the Change of Official Website Address
Posted on Jun 2, 2026နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း
Posted on Jun 2, 2026နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း
နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အများသိစေရန် ကြေညာခြင်း
Posted on May 29, 2026နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အများသိစေရန် ကြေညာခြင်း
